ရှမ်းနနွင်းကတော့ ဈေးကွက်ကို အသစ်မဝင်လာသေးပါဘူး။ဟိုပုံးနနွင်း ရော၊ အောင်ပန်းနနွင်းပါ ဖေဖော်ဝါရီ လမှာ အသစ်တွေဝင်လာနိုင်တယ်လို့သိရပါတယ်၊ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ဟိုပုံးနနွင်းတွေကို တရုတ်နိုင်ငံပို့ဖို့ အတွက် မူဆယ်ဝယ်လက်တွေကဝယ်ယူမှုရှိနေပြီး၊ ပိဿာချိန်ပေါင်းတစ်သိန်း ကျော်ခန့် ဝယ်ယူသွားတယ်လို့ သိရပါ တယ်။အဟောင်းလက်ကျန်တွေလည်းနည်းသွားပါပြီ။ ဒီနှစ်မှာ နနွင်းက ချင်း လိုပဲ ခပ်မှန်မှန်သာ အရောင်း အဝယ်ဖြစ် နေပါတယ်။တစ်နှစ်ပတ်လုံးဝယ်လက် တွေရှိနေပေမယ့် ပြည်ပဝယ်လက်တွေ ကတော့ ဝယ်လိုက်/နားလိုက်ကြောင့် ပုံမှန်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်နနွင်းကိုတော့ အစို အတိုင်းဝယ်ယူ
အောင်ပန်းဈေးကွက်မှာ ရှမ်း^ချင်းအဝင်များပေမယ့် အရောင်းအဝယ်က တော့ အေးနေပါတယ်၊ အောင်ပန်းချင်းကို ပြည်တွင်းသုံးအတွက် ရန်ကုန်၊တပ်ကုန်း၊ ပြည်၊မုံရွာ စတဲ့မြို့တွေကသာ ချင်းထိုးဖို့အတွက်အဝယ်ရှိ သလို ၊ ဒေသတွင်း သုံးဖို့ အတွက်လည်း ဝယ်ယူတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေ မှာတော့ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာဝယ်ယူပြီး ချင်းသေးကိုပိုပြီး အသုံးများကြပါတယ်။ အတက်ကြီး/လှတွေ ထက် ချင်းသေးကပိုပြီး အနံ့မွှေးလို့ အသုံးများတယ်လို့သိရပါတယ်။ ရှမ်းချင်းကိုတော့ပုံမှန်အဝယ်ရှိနေတာကြောင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ပိဿာချိန်ပေါင်း ၉ ဒသမ ၂ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။
အောင်ပန်းဈေးကွက်မှာ ရှမ်း/ချင်းအဝင်များပေမယ့် အရောင်းအဝယ်က တော့ အေးနေပါတယ်၊ အောင်ပန်းချင်းကို ပြည်တွင်းသုံးအတွက် ရန်ကုန်၊တပ်ကုန်း၊ ပြည်၊မုံရွာ စတဲ့မြို့တွေကသာ ချင်းထိုးဖို့အတွက် အဝယ်ရှိသလို၊ ဒေသ တွင်းသုံးဖို့ အတွက်လည်း ဝယ်ယူတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့တွေ မှာတော့ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာဝယ်ယူပြီး ချင်းသေးကိုပိုပြီး အသုံးများကြပါတယ်။ အတက်ကြီး/ လှတွေထက် ချင်းသေးကပိုပြီး အနံ့မွှေးလို့ အသုံးများတယ်လို့သိရပါတယ်။ ရှမ်းချင်းကိုတော့ပုံမှန်အဝယ်ရှိနေတာကြောင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ပိဿာချိန်ပေါင်း ၉ ဒသမ ၂ သိန်းခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဟိုပုံးချင်း ကတော့ အောင်
ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှအမေရိကန်ဒေါ်လာ ၈ ဒသမ ၇၀၆ သန်းဖိုးရှိ ရော်ဘာ တန် ၆၃၃၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန် မာ -တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ RSS-3 ၂၇၃၉ တန်ကျော်၊ RSS-5 ၄၇၇ တန်ကျော်၊ MSR 20 တန် ၃၅၀၊ MSR 50 ၂၇၅ တန်ကျော်နဲ့ ရော်ဘာဖြတ်စ ၄၈ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ RSS 1 ၁၈ တန်ခန့်၊ RSS 3 တန် ၁၂၈၁ တန်၊ RSS 5 ၆၅၄ တန် ၊MSR 20 ၉၇ တန် ကျော်နဲ့ MSR 50 ၁၂၂ တန်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစိမ်း ၂၆၈ တန် တင်ပို့ခဲ့ပ
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ဒသမ ၅၂၃ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၁၈၇၁ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က အမေရိကန်ဒေါ်လာ ၂ဒသမ ၇၇၄ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၉၈၃ တန်ကျော်တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ အမေရိကန် ဒေါ်လာသုညဒသမ ၂၅၁ သန်း၊ တန်ချိန် အားဖြင့် ၁၁၂ တန်ကျော် လျော့နည်း တင်ပို့ခဲ့ ပါတယ်။ ယခုတစ်ပတ်မှာ ငါးလေးခြောက်၊ ကဏန်း၊ ငါးပူတင်းအရေခွံခြောက်၊ ငါးလိပ်ကျောက် အရေခွံခြောက်၊ ငါးမြစ်ချင်း စီဖောင်းနဲ့ ပုစွန်ခြောက် (အသေး) ပိုမို တင်ပို့နိုင်ခဲ့သော်လည်း ငါး
ဒီဇင်ဘာ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းတစ်ပတ် အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၈ဒသမ ၆၉၈ သန်း တန်ဖိုးရှိ ဆန် တန်၂၅၃၀၀ တင်ပို့ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွ ယ်ရေးဇုန်မှ ငစိန်ဆန် ၂၀၅၀ တန်နဲ့ ဧည့်မထဆန် ၁၅၆၇၄ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၃ တန် ကျော်နဲ့ဧည့်မထဆန် ၆၁၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ငစိန်ဆန် ၆၈၇၄ တန် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ဆန် ၂၅၂၈၂တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၈တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု တစ်ပတ်မှာ အမေရိ ကန်ဒေါ်လာသုညဒသမ ၆၇၅သန်း တန်ဖိုးရှိ ဆန်ကွဲ၂၃၂၈ တန်ကို
ထိုင်းနိုင်ငံမှ ဘိလပ်မြေများအား မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်သည်များအနေဖြင့် ကော့သောင်း နယ်စပ် စခန်းမှတစ်ဆင့် တင်သွင်းပါက ပိုမို အကျိုးအမြတ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ တင် သွင်းလျက် ရှိသည့် ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊ အင်စီး(စိန်)၊ တီပီအိုင်၊ တိုက်ဂါး၊ အီးဂဲလ်၊ အက်စ်စီဂျီ စသည်တို့ ဖြစ်ကြသည်။ ကော့သောင်းနယ်စပ် စခန်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဘိလပ် မြေများ တင်သွင်းရာ တွင် သင်္ဘော တင်ခအနေဖြင့် ၅၀ ကီလို တစ်အိတ် လျှင် ကော့သောင်းမှ ထားဝယ်အထိ ကျပ် ၆၀၀၊ ကော့သောင်းမှ ရန်ကုန် အထိ ကျပ် ၇၀၀၊ ရခိုင်ပြည်နယ်အထိ ကျ
မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၃ရက်မှ ၉ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၈ဒသမ ၄၂၆ သန်း တန်ဖိုးရှိ ဆန် ၂၅၂၈၂ တန် ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၄၆၁ တန်နဲ့ ဧည့် မထဆန် ၁၃၃၀၄ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၆၃တန်ကျော်နဲ့ ဧည့်မထဆန် ၁၆၄ တန် ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၀၁၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၂၂၅၆၃ တန် သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၂၇၁၉ တန် ပိုမို တင်ပို့နိုင်ကြောင်းသိရပါတယ်။
နယ်စပ်ဒေသများရှိ ကုန်သွယ် ရေးစခန်းများတွင် လိုင်စင်ခွင့်ပြု ပေး နိုင်မည့် ပို့ကုန်သွင်းကုန်အမယ်များ တိုးမြှင့်ခွင့်ပြုနိုင်ရန်၊ လက်ရှိခွင့်ပြု အမယ်များအပြင် ထပ်မံတိုးမြှင့်ခွင့် ပြု ပေးနိုင်ရန်နှင့် ကုန်သွယ်ရေး စခန်းများ အနြေ ဖင့် နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်မှုပမာဏ မြင့်မားတိုးတက်အောင် ဆောင်ရွက်ရန်တို့အပြင် ကုန်သွယ်မှုမှာပါဝင်နေသော ဆက်စပ်ဌာနများအနေဖြင့် တက်ညီလက်ညီ ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ် မှု လျင်မြန်ချောမွေ့စေရန်အတွက် လက်ရှိခွင့်ပြုပေးနေသည့် ပစ္စည်းများ အပြင် သတ်မှတ် လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီသော ပို့ကုန် သွင်းကု
နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ် အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၆ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၄၂၃ တန် ခန့် တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေး ဇုန် မှ RSS5 တန်၂၀၀ နဲ့ MSR 20 ၅၇ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ RSS 3၂တန်နဲ့ RSS 5၁၇၄တန်ကျော် တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး တန် ၅၄၀ နဲ့ MSR ၁၀တန်၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၁၀၅ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ၁၀ ဒသမ ၂၇၃ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၇၆၈၆ တန်ကျော် တင်ပို့ထားပြ