admin_ygn

         မြန်မာ-အိန္ဒိယရှိ တမူးကုန်သွယ်ရေးစခန်းနဲ့  ရိဒ်ကုန်သွယ်ရေးစခန်းများမှ အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်တွင် အမေရိကန် ဒေါ်လာ သုည ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ကွမ်းသီး ၅၄၄ တန်ခန့် ကို  တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ရိဒ်နယ်စပ်တစ်ခုတည်းမှသာ ၅၉၁ တန် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ၄၇ တန် လျော့နည်းပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး အပြင် စီးကရက်၊ မုန့်မျိုးစုံ၊ ဆေး ကြေမှုန့်၊ ဆေးရိုး၊ စောင်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို အမေရိကန်ဒေါ်လာ သုည ဒသမ ၁၅၆ သန်းခန့် တင်ပို့ခဲ့ပြ

admin_ygn

          မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တာချီလိတ် ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၈၄၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၅၆ တန်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့ ခဲ့တာကတော့ မြဝတီမှ ၁၇၆ တန်နဲ့ တာချီလိတ်မှ တန် ၈၀ ဖြစ်ပါတယ်။ ယခင် တစ်ပတ်က မြဝတီမှ ၂၇၉ တန်နဲ့ တာချီလိတ်မှ ၂၄၂ တန် စုစုပေါင်း ၅၂၁ တန် တင်ပို့နိုင်တဲ့အတွက် ယခုတစ်ပတ်ထိုင်းနယ်စပ်သို့ ကြက်သွန်နီ ၂၆၅ တန် လျော့ နည်းတင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကတော့ ယခုတစ်ပတ် မှာ ကြက်သွန်နီ အပို့မရှိဘဲ ယခင်တစ်ပတ်က ၁၇ တန်ခန့် တင်ပို့ခဲ့တယ

admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ နိုဝင်ဘာ  ၁၂ ရက်မှ  ၁၈ ရက်အထိ သီတင်းပတ် အတွင်း  အမေရိကန်ဒေါ်လာ ၁၉၅၆၀ တန်ဖိုးရှိ နှမ်းဖြူ ၁၄ တန်ခွဲနဲ့ နှမ်းညိုလေးတန်နီးပါး၊ စုစုပေါင်း  ၁၉ တန်နီးပါး တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က နှမ်းနက် ၁၆ တန်သာတင်ပို့ခဲ့လို့ ယခုတစ်ပတ်မူဆယ်မှ နှမ်းနှစ်တန်ခွဲပိုမိုတင်ပို့ခဲ့ပါတယ်။

admin_ygn

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆၈သန်း တန်ဖိုးရှိ ဖရဲသီး ၈၄၂၉ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် တစ်ပတ်က တန် ၈၄၀၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် ၂၉တန် ပိုမို တင်ပို့ခဲ့တာ တွေ့ရပါတယ်။''ဖရဲသီးဈေးတွေ ကျနေရတဲ့ အကြောင်းရင်းမှာ ရောင်းလိုအားက ဝယ်လိုအားထက် ပိုများနေတာရယ်၊ အရည်အသွေး ပိုင်း လိုအပ်ချက်ရှိနေတာရယ်၊ တရုတ်ပြည်ဘက်မှာ ဖရဲတွေ လှိုင်လှိုင်ပေါ်နေတာရယ်ကြောင့် ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဖရဲသီးစိုက်ဒေသတွေထဲက ငါးဆူတောင်၊ သာယာ ကုန်း၊ ချောင်းဦး၊ မုံရွာ၊ ကျောက်ဆည်ဘက်က အသီးတွေ ဝင်နေသလို ရှမ်းပြည်နယ်မှာစိုက်တဲ့ အသီးတွ

admin_ygn

     ပြီးခဲ့တဲ့အောက်တိုဘာနောက်ဆုံးပတ်မှာ ကြက်သွန်ဖြူအိတ်တွေ ပုံမှန်အဝင်ရှိပြီး ဈေးအနည်းငယ်ကျလာခဲ့ပေမယ့် ယခုနိုဝင်ဘာပထမပတ်ထဲမှာတော့ ကြက်သွန်ဖြူဈေးမြင့် တက်ကာ  အရောင်းအဝယ်ပြန်အေးသွားတာတွေ့ရပါ တယ်။ ယခုနှစ်အတွင်း စားဖိုဆောင်သီးနှံတွေ ဈေးနှုန်းတည်ငြိမ်မှုမရှိသလို ဈေးကစားတာ တွေလည်းဖြစ်ပေါ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စုံတို့မှ ဝယ်လိုအား အလျော့၊အတင်းပေါ်မူတည်ပြီးမှ ဝင်ရောက်မှုရှိတာကြောင့် ဈေးကွက်မငြိမ်တာ ဖြစ်ပါတယ်။ ယခုတစ်ပတ်မှာလည်း တရုတ်ငွေေ ကြးဈေး မကိုက်မှုနှင့် ကျိုင်းတုံ၊ တာချီလိတ်၊ ထိုင်းနိုင်ငံတို့ဘက်မှ အဆွဲများနေတယ်လို့ သိရပါတယ်။ ကြက်သွန်ဖြူ (ပြည်ပွဲရုံဈေး)

admin_ygn

     အောက်တိုဘာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကြက်သွန်နီတန် ၁၈၀ဝ ကျော်၊  မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ  တန် ၈၀ဝ ခန့်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန် ၄၂၀ နီးပါးနဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။

admin_ygn

        အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၇ သန်းတန်ဖိုးရှိ ဆန် ၇၇၀၅ တန် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှငစိန်ဆန်၅၉၅ တန်နဲ့ ဧည့်မထ ဆန် ၂၅၈၉ တန်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် ၇၃၆ တန်ေ ကျာ်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၃၇၈၅ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၀၁၃ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၆၉၂ တန် ပိုမို တင် ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလတစ်လလုံးမှာ အဆိုပါ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၉၅၄ သန်းဖိုးရှိ ဆန် ၂၉၃

admin_ygn

         ကန်ပိုက်တီးကုန်သွယ်ရေး စခန်း သည် ကချင်ပြည်နယ်တွင် တည်ရှိပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသော စခန်းတစ်ခု ဖြစ်ပါတယ်။ ထို့ပြင် ကမ္ဘာ တွင် ကျော်ကြားသော ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်ဒေသနှင့် နီးစပ် သည့် ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၂၄ ရက်တွင် ကန်ပိုက် တီးကုန်သွယ်ရေးစခန်း (OSS) ပူး ပေါင်းအဖွဲ့မှ ယာဉ်မောင်း ဖိုးသားနှင့် ယာဉ်နောက်လိုက် မောင်ဇင် မောင်းနှင် သည့် (၉ခ/××××) Nissan (UD) (၁၀ ဘီး) ကုန်မဲ့ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းအရွယ်စုံ ၁၇၀ ထုပ်၊ အလေး ချိန် ၄၆၇၈ Kg ၊ ခန့်မှန်းတန်ဖိုး ၃၂၇၄၆၀၀ ကျပ်နှင့် (၁၀) ဘီး ယာဉ် ခန

admin_ygn

      အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၂၈၁ တန်ခန့် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်တင်ပို့မှုထက် ၁၂၂ တန် ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ RSS 1 ၄ တန်၊RSS 3 ၉၀၅ တန်နီးပါး MSR 20၃၆၆ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၆ တန် တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည် ဒိုင်ရဲ့ ရော်ဘာဈေးမှာ RSS 3 တစ်တန်ကို ကျပ် ၁၆ ဒသမ ၁၈၂ သိန်းဖြစ်ပြီး ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ပါက တစ်တန် ကို ကျပ် ၃၄၈၀ဝ ကျဆင်းခဲ့ကြောင်းသိရှိရပါ တယ်။ မော်လမြိ

admin_ygn

        အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၈၃၁၁၂ တန်ဖိုးရှိ သကြား ၅၁၄ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ သကြား ၂၂၃ တန်နဲ့ နှိုင်းယှဉ်ရင် တန် သုံးရာနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၅ သန်း တန်ဖိုးရှိ သကြား ၁၉၈၄၁ တန် တင်ပို့ခဲ့ ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၃၇၃၃၀ နဲ့ နှိုင်းယှဉ်ရင် တန် ၁၇၀ဝ ကျော်ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ လွယ်ဂျယ် ကုန် သွယ်ရေးစခန်းကလည်း ၂၅၃၂၇၅ တန်ဖိုးရှိ သကြားတန် ၄၆၀ ကျော် တင်ပို့ ခဲ့ပါတယ်။