ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အောက်တိုဘာလအတွင်း အနီးစပ်ဆုံးလထက် ဆန်နဲ့ဆန်ကွဲပိုမိုတင်ပို့ပြီး ကော့စတာရီကာနိုင်ငံမှ ဈေးကွက်သစ်ရရှိ

        အောက်တိုဘာ ၂၂ ရက်မှ ၂၈ ရက် အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်း များမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀၇ သန်းတန်ဖိုးရှိ ဆန် ၇၇၀၅ တန် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှငစိန်ဆန်၅၉၅ တန်နဲ့ ဧည့်မထ ဆန် ၂၅၈၉ တန်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် ၇၃၆ တန်ေ ကျာ်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၃၇၈၅ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၀၁၃ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၆၉၂ တန် ပိုမို တင် ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလတစ်လလုံးမှာ အဆိုပါ ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၉၅၄ သန်းဖိုးရှိ ဆန် ၂၉၃၈၁ တန် တင်ပို့ခဲ့ပြီး အနီးစပ် ဆုံး စက်တင်ဘာလထက် ၆၄၇၅ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ အောက် တိုဘာလအတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၀၄ သန်း တန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၈၄၁၇ တန်တင် ပို့ခဲ့ပြီးအနီးစပ် ဆုံး စက်တင်ဘာလတင်ပို့မှုထက် တန် ၆၇၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ပင်လယ်ရေကြောင်းကုန်သွယ်မှု မှ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၂၈ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၃၆၄၆ တန်ကျော် တင်ပို့ခဲ့ရာ  တရုတ်နိုင်ငံသို့ ဧည့်မထ ဆန် တန် ၁၀၅၀ နဲ့ ငစိန်ဆန် တန် ၁၀ဝ အီးယူနိုင်ငံသို့ ဧည့်မထဆန် တန်၁၀၅၀ နဲ့ ငစိန်ဆန်တန် ၁၀ဝ၊ အီးယူနိုင်ငံများ သို့ ဧည့်မထဆန် ၄၇၁ တန်နဲ့ ပေါင်းဆန် တန် ၃၅၀၊ စင်္ကာပူနိုင်ငံသို့ ဧည့်မထဆန် ၁၂၅ တန်၊ဆွစ်ဇာလန်နိုင်ငံသို့ ဧည့်မထ ဆန်တန်  ၁၅၀ဝ၊  အမေရိကတိုက် အလယ်ပိုင်းနိုင် ငံဖြစ်သော ကော့စတာ ရီကာနိုင်ငံသို့ ငစိန် ဆန်တန် ၅၀ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုထက်  ၁၂၀၈ တန် လျော့နည်းတင်ပို့ခဲ့ သော်လည်း ဈေးကွက်သစ်ဖြစ် တဲ့ ေ ကာ့စတာရီကာနိုင်ငံသို့ တင်ပို့ခြင်း ဖြင့် ဈေးကွက်ချဲ့ထွင် နိုင်ခဲ့တာကို တွေ့ ရပါတယ်။
         ပင်လယ်ရေကြောင်းကုန် သွယ်မှု မှ အောက်တိုဘာလတစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၃ သန်း တန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၁၀၂၅၀ တန် ကျော် တင်ပို့ခဲ့ တဲ့အတွက် အနီးစပ် ဆုံး လနဲ့နှိုင်းယှဉ်ပါက ၇၃၈၇ တန် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အောက်တိုဘာ ၂၃ ရက်မှ ၂၉ ရက်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၅ သန်းတန်ဖိုးရှိ ဆန်ကွဲ ၇၂၇၅ တန်ကို အီးယူနိုင်ငံများသို့တင်ပို့ ခဲ့တယ်။ ယခင်တစ်ပတ်က ၆၉၇၅ တန် သာတင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာတန် ၃၀ဝ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၀၄ သန်းတန်ဖိုးရှိ ဆန်ကွဲတန် ၁၆၁၀ဝ တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး လ ထက် ၁၃၀၁၃ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ကာလ အတွင်း အမေရိကန်ဒေါ်လာ ၁၉၈ ဒသမ ၉၆၃ သန်းတန်ဖိုးရှိ ဆန်နဲ့ဆန် ကွဲ နှစ်ရပ်ပေါင်း ၅၇၈၂၁၄ တန် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။ ယင်းနှစ်ရပ်ပေါင်း အနက် ဆန်ကိုတန်ချိန် ၄၂၅၉၂၄ တန် တင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် ၁၅၂၂၉၀ တင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ်ကာလတူ ကဆန်နဲ့ဆန်ကွဲနှစ်ရပ်ပေါင်း ၇၈၀ဝ၁၇ တန် တင်ပို့ခဲ့တဲ့အတွက် ယခုနှစ်မှာ ၂၀၁၈၀၃ တန် လျော့နည်းနေကြောင်း သိရှိရပါတယ်။

 

ယဉ်ယဉ်အေး