admin_ygn

         အောက်တိုဘာလ ပထမပတ် အတွင်း တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၈၅ သန်းတန်ဖိုးရှိဆိုင်ကယ်မျိုးစုံ ၂၇၃၂ စီးတင်သွင်းခဲ့ပါတယ်။ ယခင် တစ်ပတ်က ၁၁၂၂၀ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၈၄၈၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့  ကုန် သွယ်ရေး စခန်းများမှ သိရပါတယ်။ကုန်သွယ်ရေးစခန်းများနဲ့ ကုန် သွယ်ရေးဇုန်များရဲ့ တင်သွင်းမှု အခြေ အနေကိုကြည့်ပါက မူဆယ်ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၀ သန်းတန်ဖိုးရှိဆိုင်ကယ် ၁၈၈၂ စီး၊ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမဝ၁၉ သန်

admin_ygn

           မြိတ်ကုန်သွယ်ရေးစခန်းရဲ့ စက်တင်ဘာလအတွင်းလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာသုံး သန်းရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ သန်း ဖြစ် ပြီး ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉၈၆ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ ၃ ဒသမ ၈၀၂ သန်းအထိ ရရှိအောင် ဆောင်ရွက်နိုင်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၈၈ သန်းဆောင်ရွက်ခဲ့ပါတယ်။ လျာထားချက်အပေါ်ဆောင်ရွက်နိုင်မှုမှာ ၁၁၃ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့အတွက် မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် လျာထားချက်ထက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပါတ

admin_ygn

        မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် မြန်မာနိုင်ငံဘက်ရောဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပါ လူဝင်လူထွက်များ ပိတ်ထားခြင်း၊ညမထွက်ရအမိန့်လည်း ထုတ်ထားခြင်းတို့ကြောင့် ကျောင်း များလည်း ပိတ်ထားကြောင်း၊ ကုန်သွယ်မှုပြုလုပ်ခြင်းကို ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် ခေတ္တရပ်နားထားကြောင်း၊ မောင်တောတွင် အနယ်နယ် အရပ်ရပ်မှလာရောက် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနက် မိမိနေရပ်ဒေသများသို့ ပြန်ကြသောဝန်ထမ်းများလည်း ရှိသ ကဲ့သို့စစ်တွေမြို့သို့လည်းသွားရောက်နေထိုင် ကြသည့် ဝန်ထမ်းများလည်း ရှိကြောင်းသတင်း ရရှိပါသည်။

 

admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တို ဘာ ပထမပတ်ဖြစ်တဲ့ ၁ရက်မှ ၇ရက်အတွင်း အမေရိကန် ဒေါ်လာ၂ ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ဆန် ၅၇၁၆ တန်ခန့် တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန် ၈၅၀ နဲ့ဧည့်မထဆန် ၄၂၆၂ တန်နီးပါး ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၈၇ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၁၇ တန် တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက တန် ၂၀ဝ၀ ကျော် လျော့နည်းခဲ့ကြောင်း သိရှိရပါ တယ်။ရက်သတ္တပတ်အတွင်း မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၅၅၉ သန်း တန်ဖိုးရှိ ဆန်ကွဲ ၁၇

admin_ygn

        ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ်နယ်စပ်ဒေသများ စီမံခန့်ခွဲ ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်အရ (၁၆) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကုန်စည်ပြပွဲ  (မူဆယ်) နှင့် (၁၂) ကြိမ်မြောက် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီအစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် စီးပွားရေးနှင့်ကူးသန်းရ

admin_ygn

          စက်တင်ဘာ ၂၅ ရက်မှအောက်တိုဘာ ၁ရက် သီတင်းပတ်အတွင်း ပင်လယ် ရေကြောင်းလမ်းမှ ဒီဇယ်၊ဓာတ်ဆီတင်သွင်းမှုနားခဲ့တယ်လို့ သိရပါတယ်။ လချုပ် အနေနဲ့ကြည့်မယ်ဆိုရင် သြဂုတ်လအတွင်း ဒီဇယ်စုစုပေါင်း ၁၅၁၀၀ တန်ကျော်ရှိ ခဲ့ပြီး စက်တင်ဘာလမှာ တန်ချိန် ၂၆၀ကျော်သာရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ဒီဇယ်အဝင် လျော့ခဲ့ပါတယ်။ ထို့အတူ  သြဂုတ်လအတွင်းက ဓာတ်ဆီအဝင် စုစု ပေါင်းမှာ ၁၀၄၀ ကျော်ရှိပြီး စက်တင်ဘာ လမှာ အဝင်တန်ချိန်  ၈၈၀ ကျော် ဝင်ခဲ့ တာကြောင့် စက်တင်ဘာလမှာ ဓာတ်ဆီလည်း  အဝင်လျော့ခဲ့ပါ တယ်။ ဒီတစ်ပတ် နယ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှသာ  ကန်ဒေါ်လာ ၃၀၈၃၃၀

admin_ygn

       စက်တင်ဘာ နောက်ဆုံးပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ  ၁၂၂၂၅၀ သန်း တန်ဖိုးရှိ ကြက်သွန်နီ တန်၇၅၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ  မြဝတီ ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၃၆၅၁၅ တန်ဖိုးရှိ ကြက်သွန်နီ ၄၆၅ တန်ကျော်ကိုလည်း ကောင်း တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်တစ်ပတ်မှာ မူဆယ်မှ ၆၂၈တန်နဲ့ မြဝတီမှ ၃၁၄တန် တင်ပို့ ခဲ့လို့ ယခုတစ်ပတ် မူဆယ်နဲ့ မြ ဝတီမှ ကြက်သွန်နီ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။

admin_ygn

          ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) အဝင်  နည်းလာပါတယ်။ အရင်နှစ်တွေက ဒီအချိန် သီတင်းကျွတ်ပွဲတော် နားနီးရင် အလှူအတန်း ပြု လုပ်ဖို့အတွက် တောင်သူတွေက ထုတ်ရောင်းကြ တာကြောင့် လှိုင်လှိုင် ဝင်နေကျဖြစ် ပေမယ့် ဒီနှစ်တော့ အတော့်ကို နည်းပါးသွားပါတယ်။ ချင်း(ဥမ)ဈေးကလည်း ကျနေ လို့ ခြံရှင်တွေကလည်း  မဖော်ကြတော့ပါဘူး။ ချင်းတက်ပေါ်ချိန်မှသာ ဖော်တော့ မယ်လို့လည်း သိရပါတယ်။ ဈေးပတ်သမားတွေ က အနည်းအကျဉ်း သာ ဝယ်ယူနေ တာကြောင့် အရောင်းအဝယ် လည်း ထင်သလောက် မဖြစ်ဘူးလို့  ဒေသခံချင်းပွဲရုံ တွေက ဆိုပါတယ်။ ရောင်းအားလည်း ကျသွားတယ်လို့ သိရပါတယ်။ ဝယ်ယူနေက

admin_ygn

      စက်တင်ဘာ   ၁၇ရက်မှ ၂၃ ရက်သီတင်းပတ် အတွင်း မြန်မာ-အိန္ဒိယနယ်စပ် မှ အိန္ဒိယနိုင်ငံသို့ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၁၂၀၀ကျော်ကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာ ဒုတိယ ပတ်က ကွမ်းသီးတန် ၆၈၈ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၆၀၀ ပိုမိုတင်ပို့နိုင်တယ်လို့ ကုန် သွယ်ရေးစခန်းမှသိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆၀၀ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်းတန်ဖိုးရှိ  ကွမ်းသီးတန် ၆၀၀ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ တမူးကုန်သွယ်ရေးစခန

admin_ygn

       စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရေချိုငါးမြစ် ချင်း တန် ၇၀ ခန့် တင်ပို့ခဲ့ပါတယ်။ စ က်တင်ဘာလဆန်းပိုင်းမှစပြီး တင်ပို့ ခဲ့ခြင်းမရှိတဲ့ ရေချိုငါးမြစ်ချင်းများကို စက်တင်ဘာ တတိယပတ်မှသာ ပြန် လည်တင်ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့ တဲ့ သြဂုတ်လတစ်လလုံးမှာ ရေချိုငါးမြစ်ချင်းတန် ၃၀၀ ကျော် တင်ပို့ခဲ့တယ် လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။