admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း အမေရိကန်ဒေါ်လာ ၈၄၀၀၀ တန်ဖိုးရှိ သကြားဖြူ တန် ၁၄၀ တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က Re-export သ ကြား ၃၈၇ တန်ခွဲ တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် တရုတ်နိုင်ငံသို့ သကြားတန် ၂၀၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၉၆၃ သန်းတန်ဖိုး ရှိ Re - export  သကြား ၁၀၈၄၁တန်ကျော် တင်သွင်းလာခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၁၀၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံမှ သကြားတန်ချိန် ၆၇၄၀ လျော့နည်းတင်သွင်းခ

admin_ygn

        နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၀၅ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၈၆၇၇ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ် ပတ်က ၉၅၃၂ စီး တင်သွင်းခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၆ စီး လျော့နည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ကုန်သွယ်ရေးစခန်းအလိုက် တင်သွင်းမှုကိုကြည့်ပါက မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၅၄ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၉၅၈ စီး၊ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆၉ သန်း တန်ဖိုးရှိ ဆိုင်ကယ် ၆၄၅ စီးနဲ့ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂

admin_ygn

      ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ မောင်တောကုန်သွယ်ရေးစခန်းမှ ပို့ကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၅ သန်းဆောင်ရွက်နိုင်ခဲ့ပြီး၊ သွင်းကုန် ဆောင်ရွက်မှုမရှိခဲ့တဲ့အတွက် နိုဝင်ဘာ လကုန်သွယ်မှု လျာထားချက်မှာ အမေရိကန်ဒေါ်လာသုညဒသမ ၄၀၀ သန်းဖြစ်၍ လျာထားချက်အပေါ် ၁၃ ဒသမ ၇၅ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန် အမေရိကန် ဒေါ် လာ သုညဒသမ ၃၈၈ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်း လျော့နည်းခဲ့ပါသည်။

admin_ygn

        ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့   အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

admin_ygn

        နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၉၉၄၃၉၄ တန်ဖိုးရှိ  နို့ဆီ ၈၃၆ဒသမ ၃၁၇ တန်ကို  ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း  ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ နို့ဆီများ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  အောက်တိုဘာလမှာ တင်သွင်းခဲ့တဲ့  နို့ဆီတန် ချိန် ၁၂၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၃၆၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာလအတွင်း ကန်ဒေါ်လာ ၉၅၉၄၀၆ တန်ဖိုးရှိ  နို့မှုန့်တန်ချိန် ၃၆၂ ဒသမ ၆၄၄ တန်ကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံများမှာ နယူးဇီလန်၊ ပ

admin_ygn

        နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၇၂၅၁၃၁၀ တန်ဖိုးရှိ မြေသြဇာ တန်ချိန် ၂၇၇၆၉ ဒသမ ၄၈၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊  အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျပန်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ မြေသြဇာများတင်သွင်းခဲ့တယ်လို့  သိရပါတယ်။ နိုဝင်ဘာလအတွင်း ပိုတက်၊ ရွှေန ဂါး၊ နိုက်တြိုဂျင်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ပိုတက်ဆီယက် ဖော့စဖိတ်၊ ဖလော်ရာ၊ ရွှေမြေသီး၊ ကွန်ပေါင်း၊ သြဂဲနစ် စတဲ့ မြေသ

admin_ygn

        ဒီဇင်ဘာပထမပတ်မှာ မုံရွာပဲရုံ စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက် သွန်နီအရောင်းအဝယ်ပုံမှန်လည်ပတ်လျက်ရှိကြောင်းသိရှိရပါတယ်။ယခုတစ်ပတ် ကြက်သွန်နီပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၆၀၀၊ (လတ်) ကျပ် ၅၀၀၊ (သေး)ကျပ်၄၀၀ရှိပြီး လက်လီဈေးနှုန်းမှာတစ်ပိဿာ(ကြီး)ကျပ်၁၀၀၀၊(လတ်)၈၀၀၊(သေး) ကျပ် ၆၀၀ နှုန်းပေါက်ပြီး နိုဝင်ဘာလပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး)ကျပ် ၁၀၀၀၊ (လတ်) ကျပ်၈၀၀၊ (သေး) ကျပ် ၆၀၀ ဖြစ်ပြီး လက်လီဈေးနှုန်း မှာ တစ်ပိဿာ(ကြီး) ကျပ်၁၃၀၀၊ (လတ်)ကျပ်၁၀၀၀၊ (သေး)ကျပ် ၈၀၀နဲ့အရောင်းအဝယ်ဖြစ်ပြီး ယခု တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပျမ်းမျှတစ်ပိဿာဈေးနှုန်း၃၀၀ကျော်၄၀၀ခ

admin_ygn

          ယခုအချိန်ဟာ အောင်ပန်းချင်းများ အရင့်ဆုံးအချိန်ဖြစ်ပြီး သို လှောင်အထားခံတဲ့အတွက် ပြည်ချင်းဈေးကွက်ရှိ  ချင်းရောင်းဝယ် သူများအနေနဲ့ ပိုမိုမှာယူခြင်းကြောင့်အဝင်လည်းများလာတာ တွေ့ရ ပါတယ်။ ယခင်က တစ်ေ န့ကိုပိဿာချိန်  ၃၀ ဝင် အိတ် ၁၅၀ ခန့် အထိသာဝင်ပြီး ယခုတစ်ပတ်မှာ အိတ် ၃၀၀ အထိအဝင်ရှိလာတယ်လို့ သိရပါတယ်။ပြည်ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ရခိုင် ပြည်နယ်ဘက်သို့ စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း  ပိဿာချိန် ၂၀၀ခန့် တင်ပို့ကြောင်းသိရပါတယ်။ ချင်းဈေးမှာ ယခင်တစ်ပတ်အတိုင်း လက်ကားဈေး ကျပ် ၄၀၀၊ ကျပ်၅၀၀၊ လက်လီဈေးတစ်ပိဿာ ကျပ် ၆၀၀၊ ကျပ် ၉၀

admin_ygn

          မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုတွင် အဓိကအကျဆုံး စခန်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၏ ကုန်သွယ်မှုပမာဏ၏ ၂၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နိုင်ခဲ့ ကြောင်း၊ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ဟာ တစ်ရက်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၄သန်းခန့် ဆောင်ရွက်နိုင်ပြီး အဓိကအားဖြင့် ပို့ကုန်ဟာ တစ်ရက်ပျမ်းမျှ အမေရိကန်ဒေါ်လာ ကိုးသန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ေ ရးဇုန်ဟာ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်ခြင်းမပြုမီ နိုဝင်ဘာ ၁၉ရက်အထိမှာ ပို့ကုန်သွင်းကုန်ကားစီးရေ ပျမ်းမျှ ၁၀၀၀နီးပါးနဲ့

admin_ygn

     မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၉ရက်မှ ၂၅ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၁၃၁၂၅ တန်ဖိုးရှိRe-export  သကြား ၃၈၇တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က  ချင်းရွှေဟော်မှ သကြားတင်ပို့မှုမရှိဘဲ မူဆယ်မှသာ တန်နှစ်ထောင်ကျော် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅၆သန်းတန်ဖိုးရှိRe-export  သကြား ၄၁၀၁ တန်ေ ကျာ် တင်သွင်းခဲ့ရာ ယခင်တစ်ပတ်က တင်သွင်းခဲ့တဲ့  ၁၇၉၈တန်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် မြဝတီမှ သကြား ၂၃၀၃တန် ပိုမိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။