DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်နေ့မှ  (၂၅)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၂၉)သန်း၊ ဆောင်ရွက်နိုင်ခဲ့သည်။ သွင်းကုန်ဆောင်ရွက်နိုင်မှု မရှိကြောင်း သိရှိရသည်။

DotBorderdep

      မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ ဇူလိုင်လ (၂၅) ရက်နေ့အတွင်းငါးကြိတ်သား တစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့် (၂၈.၈၀၀)တန်၊ တန်ဖိုး(၀.၀၅၂)ဒေါ်လာသန်းငါးကြိတ်သားအားအကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ (၁-၇-၂၀၂၃မှ ၂၅-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၆၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၇၆၄)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ်(၇၄.၁၇%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့မှ (၂၅)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၈၀၃) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၂၃) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၂၆) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ ဖြစ်သည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၂၅-၇-၂၀၂၃ ရက်နေ့တွင် ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန်(၁၇၆)တန်၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန်(၁၇)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန် (၂၀)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန်(၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုရက်ပိုင်းအတွင်း ငွေဈေးအပြောင်းအလဲများဖြစ်ပေါ်နေပြီး ငွေလဲနှုန်းအနေဖြင့် ကျပ်(၁)သိန်းလျှင် (၁၀၃၀)ဘတ် မှ (၁၀၆၀)ဘတ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၂၂-၇-၂၀၂၃)ရက်နေ့မှ (၂၄-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ပုဇွန်၊ ငါးခွေးလျှာတို့အပြင်ဂေါ်ဖီထုပ်၊ ငရုတ်၊ဒန့်ဒလွန်စေ့၊ ဖိနပ်နှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များ တင်ပို့ခဲ့သည်။

(၂၂-၇-၂၀၂၃)ရက်နေ့မှ (၂၄-၇-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ CMP၊ပြောင်း၊ ငရုတ်၊ ကြက်သွန်နီ၊ ‌ဂေါ်ဖီထုပ်၊ ဖိနပ်၊ရေထွက်ကုန်ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

ဇူလိုင်လ (၂၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁.၅၆၅)ဒေါ်လာသန်း၊ သွင်းကုန် (၁.၈၆၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၄၂၅) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၁၄%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၅) ရက်နေ့မှ ဇူလိုင်(၂၅) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၃.၃၃၀)ဒေါ်လာသန်း၊ သွင်းကုန်(၃၃.၀၅၃)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၄၆.၃၈၃) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၂၄မှ၂၅ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၆၄.၅၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ဆန်ကွဲ(၆၇.၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။