DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့မှ ဩဂုတ်လ (၁) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၂၁.၆၀၀) တန် ၊ တန်ဖိုး (၀.၀၃၉) ဒေါ်လာသန်း ၊ငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၃၂၅) တန် ၊ တန်ဖိုး (၀.၂၉၃) ဒေါ်လာသန်း ၊ စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၃၃၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၂၉-၇-၂၀၂၃) ရက်နေ့မှ (၃၁-၇-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊  မတ်ပဲ၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ငါးကြင်း၊ ငါးရှဉ့်၊ ပုဇွန်၊ ငါးခွေးလျှာတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ ဖိနပ်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့ခဲ့သည်။  

DotBorderdep

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁-၈-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၄၆၂) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၃၂၄) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၇၈၆) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန်(၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ (၁-၇-၂၀၂၃မှ ၃၁-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၁၀၀)ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၈၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၁၈၆)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၁၅%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ ဩဂုတ်လ(၁) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၁) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၆၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၇၇၄) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၃၁-၇-၂၀၂၃) မှ (၁-၈-၂၀၂၃)ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ရော်ဘာ (၅၆.၀၀)တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့သည်။

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၀၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၃.၀၀၀)ဒေါ်လာသန်း ဖြစ်သည်။

ဇူလိုင်လ(၃၁)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၁.၉၂၈)ဒေါ်လာသန်း၊ သွင်းကုန် (၂.၃၄၇) ဒေါ်လာသန်း၊ စုစုပေါင်း (၄.၂၇၅)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ်(၁၄၂%) ဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၂) ရက်နေ့မှ ဩဂုတ်(၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၄.၂၅၆)ဒေါ်လာသန်း၊ သွင်းကုန်(၃၁.၂၂၉)ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ(၄၅.၄၈၅)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၂-၇-၂၀၂၃ မှ ၂၈-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန်ချိန် (၈၆၂.၂၀၉) တန်၊ တန်ဖိုး (၀.၂၄၀)ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၄၅)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ တန်ချိန်(၁၁၈)တန်၊ တန်ဖိုး(၀.၂၂၈) ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်း တန်ချိန်(၁၆၈)တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၂၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ ယခုလဆန်းပိုင်း၌ တစ်ဖက်နိုင်ငံ ဝယ်လက်သည် ပြောင်း ၁ ကီလိုလျှင် (၉.၅)ဘတ်မှ (၉.၈)ဘတ်ခန့်သာ ဈေးပေးဝယ်ယူခြင်း၊ တာချီလိတ် စိုက်ပျိုးရေးဦးစီးဌာနမှ အဆိပ်ငွေ့ မှိုင်းတိုက်ခြင်းလုပ်ငန်းစဉ် မှန်ကန်မှု