မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ(၁၄ ) ရက်နေ့မှ ( ၁၅ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၁၄) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၅၂) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၁၉၂) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းအားငါးမှုန့် တစ်တန်လျှင် (၉၀၀) ဒေါ်လာနှုန်းဖြင့် (၁၁၁၀) တန် ၊ တန်ဖိုး (၁.၀၀၁) ဒေါ်လာ သန်း၊ခဲသတ္ထုတစ်တန်လျှင် (၁၄၆၉၀) ဒေါ်လာနှုန်းဖြင့် (၁၆.၈၀) တန် ၊ တန်ဖိုး (၀.၂၄၇) ဒေါ်လာသန်း၊ ရာဘာ တစ်တန်လျှင် (၁၂၀၀) ဒေါ်လာနှုန်းဖြင့် (၈၀၆.၄၀) တန် ၊ တန်ဖိုး (၀.၉၆၈)ဒေါ်လာ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၂.၂၃၀)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ ငါးကြိတ်သား၊ ငါးမှုန့်၊ ရာဘာ အားအကောက်ခွန် သက်သာခွင့်ဆို
ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။
တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၁၅-၈-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ တန်ချိန် (၆၆) တန်၊ တန်ဖိုး (၀.၁၃၂)ဒေါ်လာသန်း၊ပြောင်းတန်ချိန် (၁၅၅.၅) တန်၊ တန်ဖိုး (၀.၀၄၇)ဒေါ်လာ သန်း၊ပလပ်စတစ်ဖြတ် စတန်ချိန်(၁၀)တန်၊တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ကတ်ထူစက္ကူအဟောင်းတန်ချိန် (၂၄) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုရက်ပိုင်း တာချီလိတ်မြို့နယ်အတွင်း ပြည်သူများ အဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်ငံသုံး ဘတ်ငွေနှင့် မြန်မာနိုင်ငံသုံးကျပ်ငွေတို့၏ တန်ဖိုးများ အပြောင်းအလဲဖြစ်ပေါ်နေရာ ငွေလဲနှုန်းအနေ ဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၀) ဘတ် မှ
၁။ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၀၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းအချို့ပျက်စီးမှုများရှိခဲ့၍ ယာဉ်သွား လာမှုများ ရပ်တန့်သွားခဲ့ပြီးလမ်းပိုင်း အမြန်ဆုံးပြင်ဆင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်လျှက်ရှိပါသည်။
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်ပါသည်။
ဩဂုတ်လ(၁၅)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာပို့ကုန်(၀.၄၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၈၆၉) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၃၄၈) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၄၄.၉၃%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ် (၅) ရက်နေ့မှ ဩဂုတ်(၁၅) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၆.၇၂၇) ဒေါ်လာသန်း၊ သွင်းကုန် (၃၂.၄၄၅) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၄၉.၁၇၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၄-၈-၂၀၂၃)မှ (၁၅-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပဲတီစိမ်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ရာဘာ (၁၆၅) တန်၊ တန်ဖိုး (၀.၂၁၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
၁။ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါ ကခွင့်ပြုပေး လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၁၅ရက်နေ့တွင် လာရောက်လျှောက်ထားမှု များမှသွင်းကုန်လိုင်စင်(-)စောင်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၅ရက်နေ့အထိ ပို့ကုန်လိုင်စင် (-)စောင်နှင့် သွင်းကုန်လိုင်စင် (၁၆၄) စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
မြန်မာ-ဘင်္ဂလားဒေရှ့်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်း တို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။