DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ် လ ၂၈ ရက်နေ့

           ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ်၂၀၂၃ ခုနှစ်၊သြဂုတ်လ(၁၉) ရက်နေ့ မှ (၂၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၅၂၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၄.၀၅၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၃၂.၅၈၂) ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၅၇၉) စီး၊ သွင်းကုန် (၁၆၇၉) စီးဆောင် ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

        လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၃-၈-၂၀၂၃) မှ (၂၇-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ရော်ဘာ (၆၄.၀၀) တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

                 မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့်(27-၈-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (1.055) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.982) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (4.037) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

            ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃မှ၂၂-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၄၉၁) ဒေါ်လာသန်း၊ သွင်းကုန် (-)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၄၉၁)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၉၇.၄၅%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ် လ ၂၃ ရက်နေ့

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

                  မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂၁ ) ရက်နေ့မှ ( ၂၂ ) ရက် နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၂၉) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၅၁) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၆၈) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်း တစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့

          ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၀၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့်  မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများ ရှိခဲ့၍ ယာဉ်သွားလာ မှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပြင်ဆင်နိုင်‌ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိသည်။