ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဩဂုတ်လ (၁)ရက် မှ(၁၅)ရက် ထိ ကုန်သွယ်မှု အခြေအနေ

           ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

ဩဂုတ်လ(၁၅)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာပို့ကုန်(၀.၄၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၈၆၉) ဒေါ်လာသန်း၊ စုစုပေါင်း (၁.၃၄၈) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၄၄.၉၃%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

        ဩဂုတ်လ (၁၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျောတင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ၊ တင်သွင်းနိုင်ခဲ့ပါသည်။

        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့ထိ ပို့ကုန်ပိုင်း တွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၃၉၂) တန်၊ တန်ဖိုး (၄၇၉၂၂၁) ဒေါ်လာတင်ပို့နိုင်ခဲ့ပါသည်။အများဆုံးသွင်းကုန်ပစ္စည်းများအနေဖြင့် Compound Fertilizer (N:18%, P2O5:18%, K2O:18%) ဈေးနှုန်းတစ်တန်လျှင် (၃၅၀) ဒေါ်လာ ဖြင့်တန်ချိန် (၁၂၆၄) တန်၊ တန်ဖိုး (၄၃၃၂၂၄.၄၀) ဒေါ်လာ၊ Hollow Pipe ဈေးနှုန်း တစ်တန်လျှင် (၇၀၀) ဒေါ်လာဖြင့် တန်ချိန် (၃၃.၅၀၀) တန်၊ တန်ဖိုး (၃၀၅၁၇.၄၄) ဒေါ်လာ၊ Iron Pipe ဈေးနှုန်း တစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၂၇.၈၀၀) တန်၊ တန်ဖိုး (၁၈၁၆၃.၁၈) ဒေါ်လာ၊ Iron Sheet In Coil ဈေးနှုန်းတစ်တန်လျှင် (၅၀၂၀) ဒေါ်လာဖြင့် တန်ချိန် (၂၉.၀၀၀) တန်၊ တန်ဖိုး (၂၁၂၀၆.၈၄) ဒေါ်လာ၊ Artificial Grass ဈေးနှုန်းတစ်တန်လျှင် (၆၅၀) ဒေါ်လာဖြင့် တန်ချိန် (၇၀.၅၀၀) တန်၊ တန်ဖိုး (၄၆၂၂၁.၂၁) ဒေါ်လာ၊ Apple တစ်တန်လျှင် (၄၂၃) ဒေါ်လာဖြင့် တန်ချိန် (၁၁.၆၀၀) တန်၊တန်ဖိုး (၄၉၄၆.၁၈) ဒေါ်လာ၊ Ceramic Tile Plain ဈေးနှုန်း (1 M2)လျှင် (၃.၈) ဒေါ်လာ ဖြင့်(၈၉၀၀)M2 ၊တန်ဖိုး (၃၃၇၈၅.၆၆၀) ဒေါ်လာ၊ တင်သွင်းနိုင်ခဲ့ပြီး အခြားရင်းနှီးမြှုပ်နှံမှုပစ္စည်း များ၊ ဆောက်လုပ်ရေး လုပ်ငန်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ (ပန်းသီး၊ လိမ္မော်သီးနှင့် အဝတ်အထည်များ) တင်သွင်းနိုင်လျက်ရှိပါသည်။

      ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့်တင် ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ် များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊လမ်းပိတ် ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။