လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၃၁-၇-၂၀၂၃) မှ (၁-၈-၂၀၂၃)ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ရော်ဘာ (၅၆.၀၀)တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့သည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀)ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀)ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ရာဘာ RSS-3 တစ်တန် လျှင် (၁၂၅၀)ဒေါ်လာ၊ Aluminium Ingotတစ်တန်လျှင် (၁၇၅၂) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။
ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ပိတ်လိပ် (၁၅.၃၀)တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာ သန်း၊ ပီနံအိတ်(၆၃.၀၀)တန်၊ တန်ဖိုး(၀.၀၄၉)ဒေါ်လာသန်း၊ ချည်(၂၅.၇၀)တန်၊ တန်ဖိုး(၀.၀၁၇) ဒေါ်လာသန်း၊ မြက်ခင်းတု(၇.၅၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၁၅.၀၀) တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ကုန်စုံ (၅၈.၂၈)တန်၊ (၃၉၄)U၊ တန်ဖိုး(၀.၀၅၉) ဒေါ်လာသန်းတို့ အများဆုံး တင်သွင်းနိုင်ခဲ့သည်။
သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀)ဒေါ်လာ၊ ဓါတ်မြေဩဇာ(Compound Fertilizer)တစ်တန်လျှင် (၃၉၈)ဒေါ်လာ၊ ချည်တစ်တန် လျှင် (၆၅၀)ဒေါ်လာ၊ ပလပ်စတစ်ဖျာ တစ်တန်လျှင် (၆၉၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၇၉၇) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူ ပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့် ကုန်စုံ တစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။
ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက်(ကျောက်စခန်း)-စိန်လုံ- လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ- လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။
လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၃၀-၇-၂၀၂၃ ရက်နေ့မှာ (၁)ယွမ်လျှင် (၄၄၀)ကျပ် ဖြစ်ခဲ့ပြီး ၁-၈-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၄၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေး ကျခဲ့ကြောင်း သိရှိရသည်။