DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇူလိုင်လ ၁၂ နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၁၃၃.၅၀)တန်၊ တန်ဖိုး(၀.၀၆၀)ဒေါ်လာသန်း၊ ပြောင်း (၆၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ တစ်သျူးငှက်ပျော (၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၅) ဒေါလာသန်း၊ ကြိမ်(၄၅.၅၅)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

DotBorderdep

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၆-၇-၂၀၂၃) ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၀၃)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၈၄၁)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၉၄၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ(၁၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၅၈၅)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်း သိရှိရသည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်နေ့မှ(၁၁)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၉၅၁)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ(၀.၀၉၅၅)ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ (၁-၇-၂၀၂၃မှ ၁၁-၇-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၆၂) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၈၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၃၄၆) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၃.၅၉%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အတွင်း ငါးမှုန့်တစ်တန်လျှင်(၉၀၆)ဒေါ်လာနှုန်းဖြင့် (၄၀၅.၀၀၀)တန်၊ တန်ဖိုး(၀.၃၆၇)ဒေါ်လာသန်း၊ ငါးကြိတ်သားတစ်တန်လျှင်(၁၈၂၀)ဒေါ်လာနှုန်းဖြင့်(၇.၂၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ငါးမျိုးစုံတစ်တန်လျှင် (၁၃၁၇)ဒေါ်လာနှုန်းဖြင့် (၈၂.၃၆၅)တန်၊ တန်ဖိုး(၀.၁၀၈)ဒေါ်လာသန်း၊ ဂဏန်းတစ်တန်လျှင် (၃၈၈၉)ဒေါ်လာနှုန်းဖြင့်(၁.၇၀၀)တန်၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ကင်းမွန်တစ်တန်လျှင်(၃၅၀၀) ဒေါ်လာနှုန်းဖြင့်(၅.၇၈၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ ပုဇွန်တစ်တန်လျှင်(၅၄၉၉)ဒေါ်လာနှုန်းဖြင့်(၁.၆၂၅)တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ငါးမှုန့်နှင့်

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ခရုနှင့် ငါးမှုန့်၊ ဆီအုန်းဖြစ်သည်။

DotBorderdep

တာချီလိတ်မြို့နှင့် ကုန်သွယ်မှုဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံသည် ပြောင်းသီးနှံအားဖေဖော်ဝါရီမှ ဩဂုတ်လအထိပင်ရင်းနိုင်ငံအခွန်ကင်းလွတ်သက်သာခွင့်ကာလဖြစ်သည့်အတွက် ပြောင်းတင်ပို့ဆောင်ရွက်လျက်ရှိသည့် ကုန်သည်လုပ်ငန်းရှင်များသည် ရှမ်းပြည်နယ်တောင်ပိုင်း)မှထွက်ရှိသည့် ပြောင်းများအားပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်း၊ ပို့ကုန်ယာဉ်ဖြတ်သန်းသယ်ဆောင်ခွင့်ပြုလက်မှတ်လျှောက်ထားရယူခြင်း၊ ပို့ကုန်ကြေငြာလွှာဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့လျက်ရှိသည်။

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၈-၇-၂၀၂၃)ရက်နေ့မှ(၁၀-၇-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ ကြက်ဟင်းခါးစေ့၊ သခွားစေ့၊ ရေထွက်ကုန်များဖြစ်သည့်ဂုံး၊ ရွှံ့ကဏန်း၊ ကဏန်းနှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန် (၂.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၀၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၃.၀၀၀)ဒေါ်လာသန်း ဖြစ်သည်။

ဇူလိုင်လ (၁၁) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၉၅၃) ဒေါ်လာသန်း၊ သွင်းကုန် (၀.၈၀၆)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၁.၇၆၀)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၅၉%) ဆောင်ရွက်ပြီးဖြစ်သည်။