DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့မှ ဇူလိုင်လ(၅)ရက်နေ့အတွင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄)တန် ၊ တန်ဖိုး (၀.၀၂၆)ဒေါ်လာသန်း၊ ငါးမှုန့်တစ်တန်လျှင် (၉၁၂)ဒေါ်လာနှုန်းဖြင့် (၃၀၀)တန်၊ တန်ဖိုး(၀.၂၇၄) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး

DotBorderdep

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၄-၇-၂၀၂၃)ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၀၆)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၈၈၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၇၉၄) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့မှ(၄)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၉၁၄) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၄၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၉၅၈) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇူလိုင်လ၃ မှဇူလိုင်လ၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၁၀.၅၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၈.၀၀)တန်၊ တန်ဖိုး(၀.၁၀၁)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၁၁) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ် ရှိကြောင်းသိရှိရသည်။

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာငါးမျိုးစုံ၊ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းဖြစ်သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့မှ ဇွန်လ(၃၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၀.၇၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၆၄၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၃.၄၂၉) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း အများဆုံး တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပဲတီစိမ်း (၅၁၃၆.၀၉၆) တန်၊ တန်ဖိုး (၃.၄၇၉) ဒေါ်လာသန်း၊ ပဲယင်း (၂၃၂၂.၇၅)တန်၊ တန်ဖိုး (၁.၉၀၆)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၀၀၂.၇၅)တန်၊ တန်ဖိုး (၁.၆၄၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၆၄၇.၅၀)တန်၊ တန်ဖိုး (၀.၆၅၆)ဒေါ်လာသန်း၊ စွန်တာနီပဲ (၇၇၇.၇၅) တန်၊ တန်ဖိုး (၀.၄၆၆)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁၁၉)တန်၊ တန်ဖိုး (၀.၀၇၅)ဒေါ်လာသန်း၊ ပ

DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇွန်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်း ဖြစ်ပြီး ဇွန်လ (၁-၆-၂၀၂၃ မှ ၃၀-၆-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၃၈၆)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၃၉၆)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၈%)ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇွန်လ(၃၀)ရက်နေ့မှဇူလိုင်(၂)ရက်နေ့ထိ ကုန်သွယ်မှု အခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၁၀ ဒေါ်လာသန်း၊ သွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇူလိုင်လ (၃)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၆) ကျပ်၊ ၁ဒေါ်လာ (၉၁.၄၄) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

DotBorderdep

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ(၂)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၀)ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၀၁) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၄၁) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မှ ဇူလိုင်လ (၂)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရပို့ကုန်ဒေါ်လာသန်း (၀.၀၀၈၃)သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါသည်။ သွင်းကုန်ဆောင်ရွက်နိုင်မှုမရှိကြောင်းသိရှိရသည်။