လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇူလိုင်လ၃ မှဇူလိုင်လ၄ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၁၀.၅၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၈.၀၀)တန်၊ တန်ဖိုး(၀.၁၀၁)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၁၁) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ် ရှိကြောင်းသိရှိရသည်။
ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ပိတ်လိပ်တန်ချိန် (၂၇.၃၀)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်း/သံပြား (၁၆.၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ကုန်စုံတန်ချိန်(၉၄.၀၅)တန်၊ တန်ဖိုး (၀.၀၈၈)ဒေါ်လာသန်း၊ချည်ခင်(၂၅.၁၀)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ထွန်စက် (၈) U၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း၊ ပီနံအိတ်တန်ချိန် (၁၃.၀၀)တန်၊ (၉၀၀၀) U၊ တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း၊ ကားအပိုပစ္စည်း (၂.၃၀)တန်၊ တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။
သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ပိတ်လိပ်တစ်တန်လျှင်(၅၉၇)ဒေါ်လာ၊ လေးဘီးထွန်စက် တစ်စီးလျှင် (၈၀၀၀)ဒေါ်လာ၊ နှစ်ဘီးထွန်စက်တစ်စီးလျှင်(၆၀၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးသံချောင်း၊ သံပြားတစ်တန်လျှင် (၆၇၉)ဒေါ်လာ၊ချည်ခင် တစ်တန်လျှင်(၆၆၇)ဒေါ်လာရှိ၍လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။
ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။
လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၇-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၃၂)ကျပ်ဖြစ်ခဲ့ပြီး ၄-၇-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၃၅)ကျပ်ထိမြန်မာကျပ်ငွေဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရသည်။