DotBorderdep

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇွန်လ လျာထားချက်မှာ ပို့ကုန် (၁.၀၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၃၀) ဒေါ်လာသန်း ဖြစ်ပြီး ဇွန်လ (၁-၆-၂၀၂၃ မှ ၂၇-၆-၂၀၂၃ ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၃၇၈) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၃၈၈)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၈%)ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့မှ(၂၈)ရက်နေ့အတွင်း ငါးကြိတ်သား (၁၄.၄၀)တန်၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှမောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသိရှိရသည်။

DotBorderdep

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းဖြစ်သည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အများဆုံးပို့ကုန်ပစ္စည်းများမှာပြောင်း၊ လဖက်ခြောက်၊ ကတ္ထူစက္ကူတို့ တင်ပို့လျက်ရှိသည်။ ဈေးနှုန်းအနေဖြင့် ပြောင်းတစ်တန်လျှင် (၃၀၆)ဒေါ်လာ၊ လဖက်ခြောက်တစ်တန်လျှင် (၅၇၆)ဒေါ်လာ၊ ကတ္ထူစက္ကူတစ်တန်လျှင် (၁၁၃) ဒေါ်လာဖြစ်ပါသည်။ သယ်ယူစရိတ်အနေဖြင့် တောင်ကြီး-တာချီလိတ် ကုန်ကျစ်တစ်တန် (၁၅၀၀၀၀)ကျပ်၊ ကုန်ပွ(၁၇၀၀၀၀)ကျပ်နှင့် ကျိုင်းတုံ-တာချီလိတ် ကုန်ကျစ် တစ်တန် (၃၀၀၀၀)ကျပ်၊ ကုန်ပွတစ်တန် (၄၀၀၀၀)ကျပ် ဖြစ်သည်။ ၂၇-၆-၂၀၂၃ ရက်နေ့တွင် ပြောင်းတန်ချိန် (၇၈၀) တန်၊ တန်ဖိုး (၀.၂၄၂)ဒေါ်လာသန်း၊ လက်ဖက်ခြောက် တန်ချိန် (၃၃.၆) တန်၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ ကတ္ထူစက္ကူ (၂၄)တန်၊ တန်ဖိုး (၀.၀၀၃)

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက် ရှိရာ (၂၄-၆-၂၀၂၃)ရက်နေ့မှ (၂၆-၆-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ် သည့် ဂေါ်ဖီထုပ်၊ ငရုတ်၊ ကံ့ကော်ဝတ်ဆံ(အခြောက်)၊ ကြက်သွန်နီ၊ ပြောင်း၊ ကွမ်းသီး၊ ချင်း၊ နနွင်း၊ ဆီးဖြူသီး‌ခြောက်၊ ရေထွက်ကုန်များဖြစ်သည့် ကဏန်းအရှင်၊ ဂုံး၊ ခရု၊ ပုဇွန်၊ အေးခဲ ကဏန်းပျော့၊ ငါးသလောက်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ အေးခဲငါးမြစ်ချင်း၊ သဲကဏန်း၊ ဝသုံးလုံးကဏန်း၊ ငါးဓားလွယ်နှင့် CMP ပစ္စည်းများဖြစ် သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များ တင်ပို့ခဲ့သည်။  

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၇.၃၀၀) ဒေါ်လာသန်းဖြစ်သည်။

ဇွန်လ (၂၇) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၄၆၇) ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၂၅) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၇.၄၉၂) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၃%) ဆောင်ရွက်ပြီးဖြစ်သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုတစ်ပတ် ၂၀၂၃ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့မှ ဇွန်လ(၂၃)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန်ဆောင်ရွက်မှုပို့ကုန် (၇.၂၁၂) ဒေါ်လာသန်းနှင့် သွင်းကုန်ဆောင်ရွက်မှု(၁၇.၄၇၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၂၄.၆၈၂)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီးယာဉ်စီးရေအနေဖြင့် ပို့ကုန် (၅၅၄)စီး၊ သွင်းကုန် (၁၂၁၀)စီးဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၂၆ မှ ၂၇ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပဲတီစိမ်းတန်ချိန် (၆၆.၀၀)တန်၊ တန်ဖိုး (၀.၀၄၃)၊ နိုင်လွန်ပဲတန်ချိန် (၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်းနှင့် ပြောင်းတန်ချိန် (၂၂.၀၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းတို့ အများဆုံး တင်ပို့နိုင်ခဲ့သည်။

DotBorderdep

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၂၇-၆-၂၀၂၃)ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (၁.၃၄၃)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ(၁.၆၄၇)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၂.၉၉၀)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့်နှစ်နိုင်ငံတို့အကြားကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိရခိုင်ပြည်နယ်၊စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ဖွင့်လှစ်၍ နယ်စပ်မှတဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။