DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၄-၇-၂၀၂၃)ရက်နေ့မှ (၇-၇-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ နနွင်းတက်၊ဂျင်းခြောက်၊ ကြာဝတ်ဆံခြောက်၊ ရေထွက်ကုန်များဖြစ်သည့်ငါးမြစ်ချင်းစီဖောင်းခြောက်၊ ငါးခွေးလျှာနှင့်CMPပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၀၀၀)ဒေါ်လာသန်းဖြင့် စုစုပေါင်း(၃.၀၀၀)ဒေါ်လာသန်း ဖြစ်သည်။

ဇူလိုင်လ(၇)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၀.၆၇၀)ဒေါ်လာသန်း၊ သွင်းကုန်(၀.၆၄၈) ဒေါ်လာသန်းဖြင့် စုစုပေါင်း(၁.၃၁၈)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၄%) ဆောင်ရွက်ပြီး ဖြစ်သည်။

DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၄၆၀.၂၅)တန်၊ တန်ဖိုး (၀.၂၂၆)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၀၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၀)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၄၈.၀၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

DotBorderdep

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၉-၇-၂၀၂၃)ရက်နေ့တွင်ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၁၂၉)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၂.၆၆၇)သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၃.၇၉၆)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၂၂၆)ဒေါ်လာသန်းနှင့် သွင်းကုန်(၁၆.၃၉၆)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၄.၆၂၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေအနေဖြင့် ပို့ကုန် (၆၄၁)စီး၊ သွင်းကုန်(၁၂၇၂)စီး ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်းဖြစ်သည်။

ဇူလိုင်လ(၅)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၀.၆၃၁)ဒေါ်လာသန်း၊ သွင်းကုန် (၀.၄၇၈)ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁.၁၀၉) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

DotBorderdep

မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ရာတွင် နှစ်နိုင်ငံသဘောတူညီချက်အရဖေဖော်ဝါရီလမှစတင်ကာဩဂုတ်လအထိပင်ရင်းနိုင်ငံအခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားသဖြင့် ယင်းကာလအတွင်းတာချီလိတ်မှပြောင်းလုပ်ငန်းရှင်များသည်  ခိုလန်၊ နမ့်ဆန်၊ လင်းခေး၊ မိုင်းနောင်၊ မိုင်းရှူးမြို့များမှပြောင်းများအားပို့ကုန်လိုင်စင်လျှောက်ထားရယူခြင်း၊ ပို့ကုန်ပစ္စည်းသယ်ဆောင်ခွင့်လက်မှတ် (QR Code) လျှောက်ထားရယူခြင်း ၊ ED ဖွင့်လှစ်ဆောင်ရွက်ခြင်းများဖြင့် တစ်ဖက်ထိုင်းနိုင်ငံသို့ မယ်ဆိုင်မြို့မှတဆင့် တင်ပို့လျက်ရှိသည်။

DotBorderdep

တမူးကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ‌ဇူလိုင်(၂)ရက်နေ့မှ (၄)ရက်နေ့ထိကုန်သွယ်မှုအခြေအနေမှာ ပို့ကုန်ပိုင်းတွင် နန့်ဖာလုံကုန်စုံ ၀.၀၀၆ဒေါ်လာသန်း၊ စီးကရက် ၀.၁၃၉ဒေါ်လာသန်းသွင်းကုန်ပိုင်းတွင် ဆောင်ရွက်နိုင်ခြင်းမရှိပါ။ ကုန်သွယ်မှုပမာဏစုစုပေါင်းတန်ဖိုး (၀.၁၄၅)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သည်။

ဇူလိုင်လ (၅)ရက် ပြင်ပငွေလဲနှုန်းမှာ ၁ဒေါ်လာ (၂၉၂၆) ကျပ်၊ ၁ဒေါ်လာ (၉၁.၄၄) ရူပီး၊ ၁ရူပီး (၃၂) ကျပ်၊ ၁၀၀ ကျပ်(၃.၁၃) ရူပီး ဖြစ်ပေါ်လျက်ရှိကြောင်းသိရှိရသည်။

DotBorderdep

မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့မှ ဇူလိုင်လ (၅)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်ဒေါ်လာသန်း (၀.၀၁၀၀)သန်း၊ ဆောင်ရွက်နိုင်ခဲ့သည်။ သွင်းကုန်ဆောင်ရွက်နိုင်မှု မရှိကြောင်း သိရှိရသည်။

DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၁-၇-၂၀၂၃)ရက်နေ့မှ(၃-၇-၂၀၂၃)ရက်နေ့ထိပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့်ဂေါ်ဖီထုပ်၊ ငရုတ်၊ကြက်သွန်နီ၊ ပြောင်း၊ နနွင်း၊ ဇီးဖြူသီးခြောက်၊ မန်ကျည်းသီး(အစေ့ပါ)၊ ရေထွက်ကုန်များဖြစ်သည့်ကဏန်းအရှင်၊ သဲကဏန်း၊ ငါးပါးလျှပ်၊ ငါးခွေးလျှာနှင့်CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီးအဝတ်အထည်များတင်ပို့ခဲ့သည်။