ပရဆေးကုန်ကြမ်း တန်ခုနစ်ရာနီးပါးတင်ပို့

         ဖေဖော်ဝါရီ ၄ ရက်မှ ၁၀ ရက် အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၇၁ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၅ မျိုး၊ တန် ချိန် အားဖြင့် ၆၈၉ တန်aကျာ်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၄၆၉ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် မူဆယ်မှပရဆေး တန် ၂၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်များမှာ ကွမ်း သီး ခွံ၊ မိကျောင်း ကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြောင်ပန်း စေ့၊ ကြောင်လျှာစေ့၊ မာလာဥ၊ မာလာ ဥခေါင်း၊ မုတ်ခါး၊ နနွင်းတက်၊ တော ချင်း၊ တောဂျူးမြစ်၊ ဆီးဆန်၊ ဆေး မြင်းခွာ၊ ဒရင်ကောက်မြစ်နဲ့ ချဉ်ပေါင် ဖာလာတို့ ဖြစ်ပါတယ်။ ယခုတစ် ပတ်မှာ ဒရင်ကောက်မြစ်နဲ့ မာလာဥခေါင်းကို ယခင်တစ်ပတ်ထက် ပိုမိုတင်ပို့ခဲ့ပြီး ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့တဲ့ ဆေးမြင်းခွာနဲ့ မာလာဥတို့ တင်ပို့နိုင် ခဲ့တာကြောင့် ပရဆေးကုန်ကြမ်း တင်ပို့မှု ပိုမိုရတာဖြစ်ပါ တယ်။

 

မော်မော်အောင်