ဇွန် ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၆၈သန်း တန်ဖိုးရှိ ကြက်သွန်နီ ၄၄၆ တန်ကို တင်ပို့ခဲ့ရာ ယခင် တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၇၅၀နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၃၀၄တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန် တင် ပို့ခဲ့ရာ ယခင်တစ်ပတ်ကလည်း မြဝတီမှ ၂၄ တန်တင်ပို့ခဲ့ပါတယ်။ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ် လာ ၁၀၄၃၇ တန်ဖိုးရှိ ကြက်သွန်နီ ၂၈ တန်နဲ့ အမေရိကန် ဒေါ်လာ ၇၄၀၀၀
မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၃ သန်းတန်ဖိုးရှိ ရေထွက်ကုန်တန်ချိန် ၁၀၀၇ တန်ကျော် ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၉၆၂ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၁၁၇၀ ကျော်တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တန်ချိန်အား ဖြင့် တန် ၁၆၀ ကျော် ၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ သုညဒသမ ၄၈၉ သန်း ေ လျာ့နည်းခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့တဲ့ ပုစွန်၊ငါးခြောက်၊ ငါးပူတင်းအရေခွံခြောက်တို့ တင်ပို့ခဲ့ပေမယ့် အခြားရေထွက်ပစ္စည်းများ တင်ပို့မှု လျော့နည်းခြင်းကြောင့် တန်ချိ
ပြည်ကြက်သွန်ဖြူပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ အဝင်လှိုင်နေဆဲဖြစ် ကြောင်းတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ကြက်သွန်ဖြူ အိတ်များကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှ ကုန်သည်ပွဲစားများက အဆွဲများပြီး ဒေသတွင်း လှောင် လက်သမားများထံ ချိတ်ဆက်ရောင်းဝယ်မှုကြောင့် ဈေးကွက်အတွင်း အဝင်လှိုင်နေကြောင်းလည်း သိရပါတယ်။ ဝင်ေ ရာက်လာတဲ့ ကြက်သွန်ဖြူတွေဟာ အစိုဓာတ် သိပ်မများတော့ဘဲ အရည်အသွေးသန့်တာကို တွေ့ရပါတယ်။ လှောင်လက်သမား များပါ အိတ်အဆွဲများပြီး လက်လီအရောင်းသမားများပါ ဈေးသက်သာချိန်ဖြစ်လို့ အဆွဲမျာ
ဇွန်လ ၄ ရက်မှ ၁၀ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၅၅ ဒသမ ၈ တန်ကို ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က တင်ပို့ခဲ့တဲ့ချင်းတန်ချိန် ၂၀၅ တန်ကျော်နဲ့ နှိုင်းယှဉ် ရင် ဒီတစ်ပတ်မှာ ချင်းတန်ချိန် ၂၀၀နီးပါးတင်ပို့မှုလျော့ခဲ့တယ်လို့ သိရပါတယ်။ချင်းတင်ပို့မှုမှ အမေရိ ကန်ဒေါ်လာ ၁၁၉၉၇ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။
သီတာဝင်း(DOT)
မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံ ဈေး ကွက်တွင် ဆီထွက်သီးနှံဖြစ်သော မြေပဲဆန် ဈေးနှုန်း ဆက်တိုက်ကျဆင်း နေကြောင်း သိရပါတယ်။ ဈေးနှုန်းကျ ဆင်းသော်လည်း အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်သို့ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်းမြို့နယ်များမှ ဝင်ရောက်လျက် ရှိရာ ယခုတစ်ပတ် မြေပဲဆန် တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ လုံးဆန်ဖြူ ကျပ် ၂၂၀၀ နဲ့ အိတ် ၈၀၀၊ လုံးဆန်နီ ကျပ် ၂၁၂၅နဲ့ အိတ်၂၅၀၊ ဆီဆန် ကျပ် ၁၉၀၀ နဲ့ အိတ် ၃၀၀ ခန့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန် ဝယ်လက်က ဝယ်ယူလျက်ရှိပြီး၊ လုံး ဆန်နီကို မ
မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ ကာလအတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅၃ သန်းတန်ဖိုးရှိ ရော်ဘာ ၃၀၉၂ တန်တင်ပို့ခဲ့ရာ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မ RSS 3 ၂၀၇၂ တန်ကျော်၊ RSS 5 ၁၁၈ တန်ခန့်နဲ့ MSR 20 ၄၄၇ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS1 ၁၇တန်ကျော်၊ RSS 3 ၄၃၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ မေလ တစ်လလုံးမှာ အမေရိ ကန်ဒေါ်လာ ၁၅ ဒသမ ၆၉၉ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၁၁၅၄ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဧပြီနဲ့ နှိုင်းယှဉ်ပါက ဧပြီက အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇၃၂ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စု
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာရော ဟိုပုံးဈေးကွက်မှာပါရှမ်းနနွင်း အဝင်နည်းသွားပါတယ်။ မိုးရာသီ ရောက်လာတာကြောင့်ရော ယခင်တစ်ပတ်က မုန်တိုင်းဝင်ခဲ့လို့ ရေကြီးတာ ကြောင့်ရောဝယ်လက်တွေ အဝယ်နည်း သွားခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်မှာ နနွင်း(ထိပ်စ) တွေကိုဝယ်လက်တွေက ပိုကြိုက်နှစ်သက်တာကြောင့် အခုနောက်ပိုင်းမှာ နနွင်းမျိုးကောင်း မျိုးသန့်ရွေးပြီးစိုက်ပျိုး လာကြတယ်လို့လည်း သိရှိရပါတယ်။ ဆင်တောင်နနွင်း ရယ်၊ ပင်းတယမြို့နယ်က တောင်ပို့လစ နနွင်းရယ်၊ ဟိုပုံး နနွင်းရယ်ကဈေးကွက်ဝင်ပေမယ့် ဒီနှစ်မှာ ပြည်ပပို့မယ့် ဝယ်လက်တွေက ဟိုပုံးနနွင်းကို အတန်အသင့် သာဝယ်ယူပြီး၊ ဆင်တောင်နဲ့ တောင်
မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ သီတင်းပတ်အတွင်း ချင်း ၂၀၅ ဒသမ ၅တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူနိုင်ငံသို့ ၁၀၈ တန်၊ ဂျာမနီနိုင်ငံသို့ ၁၈ တန်နဲ့ ဘင်္ဂလားဒေ ရှ့်နိုင်ငံသို့ ၇၉ ဒသမ ၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ ချင်း ၁၈၇ တန်ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၈ တန် ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ချင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၂၄၃ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ မေလအတွင်းချင်းတန်ချိန် ၁၁၂၂ ဒသမ ၄၉၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၉၈၈၉၁ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။
မေ ၂၇ ရက်မှ ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၆၁၁ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၂၀၅ တန်နဲ့ နှိုင်းယှဉ်ပါက ၅၉၄ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ မေလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ကြက်သွန်နီ တန်ချိန် ခြောက်ထောင်ခန့် တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ ၂၇၅၄၈ တန်ဖိုးရှိ ကြက်သွန်နီ ၆၈ တန်ကိုလည်းကောင်း၊ အမေရိ ကန်ဒေါ် လာ ၅၄၉၉၅၀ တန်ဖိုးရှိ ကြက်သွန်ဖြူ ၄၁၅ တ
မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းနဲ့ ရိဒ်ကုန်သွယ်ရေးစခန်းတို့မှ မေ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်း ပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၇၆၀ သန်း တန်ဖိုးရှိ ကွမ်းသီး ၉၃၈ တန်ကို တင်ပို့ခဲ့ပါတ ယ်။ ယခင်တစ် ပတ်က ၁၀၉၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၁၆၀ လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီး ပိုမိုတင်ပို့နိုင်သော်လည်း တမူးကုန်သွယ်ရေးစခန်း မှ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန် ဒေါ်လာ သုည ဒသမ ၂၃၃ သန်း တန်ဖို