admin_ygn

         မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နှစ်လအတွင်း သုံးရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ဇူလိုင်လအတွင်း စားအုန်းဆီထုတ်လုပ်မှု ကျဆင်းလာမည်ဟု ခန့်မှန်းထားခဲ့ကြသဖြင့် ယခုကဲ့ သို့ စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ စားအုန်းဆီနှင့် ဆက်စပ်လျက်ရှိသည့် ပဲပုပ်ဆီဈေးနှုန်းသည် လည်း မြင့်တက်လာသဖြင့် ယခုကဲ့သို့  စားအုန်းဆီဈေးနှုန်း များမြင့်တက်လာရခြင်းဖြစ်သည်ဟု  ချီကာဂိုဘုတ်အဖွဲ့၏ ထုတ်ပြန်ကြေညာချက်ကို ကိုးကား၍ စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ဘာဆာမလေးရှားကုန်စည်ဒိုင်က  ထုတ်ပြန်ခဲ့သည့် အောက်တ

admin_ygn

       ဇူလိုင်လ ၁၆ ရက်မှ ၂၂ ရက် အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅၇၆၀၈၀ တန်ဖိုးရှိ  နို့ဆီ ၄၀၈ ဒသမ ၈၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၁၂၁ ဒသမ ၂၉၆တန်၊ မလေးရှားနိုင်ငံမှ ၄၆ ဒသမ ၈၀ တန် နဲ့စင်ကာပူနိုင်ငံမှ ၂၄၀ ဒသမ ၇၆၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များမှာ ဒွန်းနို့ဆီ၊ My Boy နဲ့ Tea Pot တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန် ၃၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၅၈ တန်ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ နို့မှုန့် ကဒီတစ်ပတ်မှာ ယူကေမှ သုညဒသမ ၆၃၆ တန်၊ နယူးဇ

admin_ygn

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှတစ် ဆင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ  ၇၉၂၉၀ တန်ဖိုးရှိ ကော်ဖီစေ့ တန် ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဇွန်လနောက်ဆုံးပတ်က ၂၉ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။

admin_ygn

မြန်မာ-တရုတ်       နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ တစ်ဆင့်  ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ  သီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅၈၄၀၀ တန်ဖိုးရှိ ဝါဂွမ်း ၇၂ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၅၀ နဲ့ နှိုင်းယှဉ်ပါက ၂၂ တန် ပိုမိုတင်ပို့ခဲ့ ပါတယ်။ ဝါဂွမ်းအပြင် အမေရိကန် ဒေါ်လာ ၂၈၀၀၀ တန်ဖိုးရှိ  ပိုးအိမ် ၈ တန်ကိုလည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ဝါတင်ပို့ခွင့် ကို   နှစ် ၂၀ ကျော် ကြာ  ရပ်ဆိုင်းထားပြီး ၂၀၁၄ ခုနှစ် မတ် ၃ ရက်မှ ပြန်လည်တင်ပို့ခွင့်ပြု ခဲ့ ကြောင်း၊ ယခင်က ပြည်ပတင်ပို့ခွင့် မရှိလို့  ဝါ

admin_ygn

     ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၅၀၉ စီးကို တင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၉၆၁ စီးတင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၅၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရ ပါတယ်။ ယခုတစ်ပတ်မှာ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်၊ မြဝတီကုန်သွယ်ရေးဇုန်နဲ့ တမူး ကုန်သွယ်ရေးစခန်းများမှ ပိုမို တင်သွင်းခဲ့တဲ့အတွက်  ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

     ပြည် မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ ထုံးဘို၊ ပန်းတောင်းတို့မှ ယခင်ရက်သတ္တပတ်များက ထက် မန်ကျည်းမှည့် ပိဿာချိန်  ပိုမိုဝင်ရောက်လာပါတယ်။ ရန်ကုန်နဲ့ ရခိုင်ဝယ်လက်များထံသို့လည်း ပုံမှန် တင်ပို့နေရ သလို မန်ကျည်းမှည့်ဈေးကလည်း ဈေးငြိမ်လျက်ရှိနေပါတယ်။

admin_ygn

     ဇူလိုင်တတိယပတ်မှာ မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေး ကွက် ပြည်ပဝယ်လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း သီးနှံများကဲ့သို့ ကုလားပဲဖြူသီးနှံလည်း ပြည်ပက အဝယ်လိုက် လာလို့ အခုအချိန်မှာ ဈေးအမြင့်ဆုံးနဲ့ အရောင်းအဝယ် လည်း သွက်လာကြောင်း သိရပါတယ်။ ကုလားပဲသီးနှံမှာ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ်အိတ် ၁၀၀၀ ကျော်အဝင်ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ယခုတစ် ပတ် ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး နှုန်းများမှာ ကုလားပဲ ဖြူလုံးကြီး ဠ၂ကျပ် ၄၂၅၀၀၊ ဠ၇ကျပ် ၄၉၀၀၀၊ ၉၂၉ ကျပ် ၃၉၅၀၀၊ ထိုင်ဝမ်ကျပ် ၃၉၂၀၀ အသီးသီး ပေါက်လျက်ရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းထက် &nbsp

admin_ygn

 ဇူလိုင်လလယ် ပြည်ပဲဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပ ဝယ်လက်ပဲများ အရောင်းအဝယ် ပုံမှန်ဖြစ်ခဲ့သလို လက်လီ ပဲများလည်း ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ရပါတယ်။  ထောပတ်ပဲသီးနှံဟာ လက်ကျန်ပဲ အနည်းငယ်ဖြင့် လက်လီ သမားအချို့ နေ့စဉ်ဝယ်ယူလျက် ရှိခဲ့ ကာ တစ်ရက်လျှင် အိတ် ၂၀ ဝန်းကျင်  ရောင်းချခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၃၁၀၀၀ နဲ့ အခြား လက်လီပဲများဖြစ်သော ဘိုကိတ်၊ ပဲပုပ်၊ ပဲလွန်းဖြူ သီးနှံများထက် ဈေးကောင်း  ပိုရ ခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ် ဇူလိုင်လက ထောပတ်ပဲ တစ်တင်းလျှင် ကျပ် ၁၅၀၀၀ သာရရှိခဲ့လို့ ယခုနှစ်ဈေးဟာ ယခင်နှစ်ရဲ့ဈေးထက်နှစ်ဆ ခန့် ပိုရနေခဲ့ တာကို တွေ့ရပါတယ်။    &

admin_ygn

     ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက် ပဲများဈေးအေးနေပေမယ့် ပြည်တွင်း ဝယ်လက် ကုလားပဲ၊ ပဲကြီး သီးနှံများနှင့် လက်လီသမား အဓိကအရောင်းအဝယ် ဖြစ်နေတဲ့ စားတော်ပဲသီးနှံဟာ ဈေးကောင်းရနေခဲ့တာကို တွေ့ရပါတယ်။ ပဲအဝင် မရှိပေမယ့် လက်ကျန်ပဲ အချို့ရှိလို့ လက်လီ ဝယ်ယူမှုအပေါ် နေ့စဉ်အိတ်အနည်း ငယ် ရောင်းချခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်းကျပ် ၄၄၀၀၀ဖြင့် ယခင်တစ်ပတ် ဈေး ထက် ကျပ် ၁၀၀၀ ခန့် ဈေးပိုရလာခဲ့ ပါတယ်။ ဒါကြောင့် ပြည်ပဲ မျိုးစုံဈေးကွက်မှာ ပဲကြီးသီးနှံပြီးလျှင် ဒုတိယအများဆုံးဈေးရခဲ့တဲ့ ပဲသီးနှံဖြစ်ကြောင်း လေ့လာသိရှိရ ပါတယ်။