admin_ygn

          ယခုတစ်ပတ်မှာလည်း လားရှိုးဈေးကွက်မှာ ပြောင်းဈေး အတက်အကျမရှိခဲ့ဘဲ ယခင်တစ်ပတ်ဈေးအတိုင်း ရက်သတ္တသုံးပတ်ဆက်တိုက် ဆက်လက်ဈေးငြိမ်နေခဲ့ကြောင်း သိရပါတယ်။ ပြောင်းဈေးအနေနဲ့  တစ်ပိဿာ ကျပ် ၅၀၀ (တစ်တန်ကျပ် ၃၀၆၁၉၀)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ယခင်တစ်ပတ်က ပိဿာချိန် ၃၀၄၄၈၀၀ရှိခဲ့ပြီး ယခုတစ်ပတ်မှာ ပိဿာချိန် ၂၈၀၃၃၆၀ သာရှိတာကြောင့် ယခင်တစ်ပတ်ထက် လျော့ နည်းပြီး အရောင်းအဝယ်အေးနေ ကြောင်း သိရပါတယ်။ သယ်ယူပို့ဆောင်ခအနေနဲ့ လားရှိုးမှ မူဆယ်အထိ ပြောင်းတစ်ပိဿာ ၂၉ ကျပ်ရှိကြောင်းလည်း သိရပါတယ်။

 

admin_ygn

      သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ  အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၁၄ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၃၈၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ နှမ်းနက်တစ်မျိုးတည်းသာ တန် ၄၀ ကျော် တင်ပို့ခဲ့ပြီး ချင်းရွှေဟော်မှ နှမ်းနက် ၁၄၁၆ တန်ကျော်၊ နှမ်းဖြူ ၄၂၉ တန်ကျော်၊ နှမ်းဖြူ(အခွံချွ တ်) ၂၂၁ တန်နဲ့ နှမ်းညို ၂၇၄ တန်ခွဲ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းနှစ်ခုမှ ၃၂၃၂ တန်ကျော်  တင်ပို့ခဲ့တဲ့အတွက် ၈၄၉ တန်လျော့နည်း တင်ပို့ခဲ့တာ တွေ့

admin_ygn

        သြဂုတ်လ ၅ ရက်မှ ၁၂ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ် လာ ၉၁၁၈၈၀တန်ဖိုးရှိ နို့ဆီ ၆၅၆ဒသမ  ၆၃၉တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီ တစ်ပတ် အိုကေနို့ဆီ၂၁၈ဒသမ ၈၇၉နဲ့  ဒွန်းနို့ဆီ ၄၃၇ ဒသမ ၇၆ တန်တင်သွင်း ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ နို့ဆီတန်ချိန်၂၆၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန် ချိန် ၃၉၀ ကျော် တင်သွင်းမှုပိုခဲ့တယ်လို့ သိရတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာနယူး ဇီလန်နိုင်ငံမှ ၅၀ ဒသမ ၂၀ တန်၊မလေး ရှားနိုင်ငံမှ ၂၈ဒသမ၉၆၂တန်နဲ့စင်ကာပူ နိုင်ငံမှ ၁ ဒသမ ၂၈၈ တန်၊ စုစုပေါင်း ၈၀ ဒသမ ၄၅ တန် တင်သွင်းခဲ့တယ်လိ

admin_ygn

          သြဂုတ်လ ၆  ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၃၆၈၉၀တန်ဖိုးရှိ ဘိလပ်မြေ ၈၂၄၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ ၃၂၅ တန်နဲ့ မလေးရှား နိုင်ငံမှ၇၉၂၀တန်တင်သွင်းခဲ့ပါတယ်။ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ဘိလပ်မြေ တန်ချိန် ၁၂၀ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာတန်ချိန် ၈၁၀၀ ကျော် အဝင်ပိုခဲ့ တယ်လို့သိရပါတယ်။

 

သီတာဝင်း (DOT)

admin_ygn

     သြဂုတ်လ ၆ ရက်မှ ၁၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၁၂၂တန် ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မလေးရှား နိုင်ငံသို့ မန်ကျည်းသီး(သစ်) ၇၂တန်နဲ့ စင်ကာပူနိုင်ငံသို့ မန်ကျည်း သီး(၂၀၁၆)တန်  ၅၀တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်း ၄၄ တန်နဲ့နှိုင်းယှဉ်ရင် ၇၈တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(သစ်)က တစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၉၅၀ ဝန်းကျင်ရရှိခဲ့ပြီး  မန်ကျည်းသီး (၂၀၁၆)က တစ်တန်ကို ပျမ်းမျှအမေရိကန်ဒေါ်လာ ၂၈၅ ရရှိခဲ့တယ်လို့ သိရပါ တယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၆၅၀ ဝင်ငွေရရှိ

admin_ygn

     သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၇၂၉၀ တန်ဖိုးရှိ ချင်းခြောက် ၁၄ တန်ကို တရုတ်နိုင်ငံသို့ လည်းေ ကာင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၄၉၇၄ တန်ဖိုးရှိ ချင်းခြောက် ၁၂တန်ကျော်ကို ထိုင်းနိုင်ငံသို့ လည်းကောင်း တင်ပို့ခဲ့ပါတယ်။ယခင် တစ်ပတ်က မြဝတီမှ ချင်းတင်ပို့မှု မရှိဘဲမူဆယ်မှ ချင်းခြောက် ၁၆ တန် တင်ပို့ခဲ့တာ တွေ့ရပါတယ်။

admin_ygn

        ယခုတစ်ပတ် ပြည်ပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ ဆက်တိုက် ဝင်ရောက် နေပြီး ယခင်နှစ်ကာလတူထက် ဈေးကျနေတာတွေ့ရပါတယ်။ ယခင်နှစ်ကာလတူက ကြက်သွန်ဖြူဈေးဟာ တစ်ပိဿာပေါ်တွင် ယခုပေါက်ဈေး ထက် ကျပ် ၁၇၀၀ ပိုများခဲ့ပါတယ်။ တစ်လထက်တစ်လဈေးတွေထပ်ထပ် တက်လာခဲ့တာလည်းတွေ့ရ ပါတယ်။ ဒါပေမယ့် ပြည်စားဖိုဆောင်အရောင်းအဝယ်အဖွဲ့မှ ဈေးနှုန်းကိုထိန်းထား လျက်ရှိကြောင်းလည်းသိရပါတယ်။  ယခု တစ်ပတ် ပွဲရုံပေါက်ဈေးမှာ ကြက်သွန်ဖြူ တစ်ပိဿာလျှင်ရှမ်းစကျပ် ၃၅၀၀၊ ကြူကုတ်ကျပ် ၂၁၀၀ဖြစ်ပြီး ဒေသတွင်း လက်လီ ဈေးများတွင် ရှမ်းစကျပ် ၃၈၀၀မှ ကျပ် ၄၀၀၀ ဖြင့် ရောင်းချနေတာတွေ့ရပါတယ်။ အဝင်များပြီး အရောင်း အဝ

admin_ygn

         မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်၅ရက် မှ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ လေးတန်ကိုတရုတ်နိုင်ငံသို့ လည်းကောင်း၊မြန်မာ-ထိုင်းနယ်စပ်ရှိမြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၂၁၇၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၃၀ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့သလို တာချီလိတ်ကုန်သွယ်ရေး စခန်းမှလည်း အမေရိကန်ဒေါ်လာ ၂၉၄၀၀၀ တန်ဖိုးရှိ ကြက်သွန် ဖြူတန် ၂၀၀ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်မှ ကြက်သွန်နီ ၁၆ တန်၊ တာချီလိတ်မှ ကြက်သွန်ဖြူ တန် ၁၅၀ နဲ့ တမူးမှ ကြက်သွန်ဖြူ သုံး

admin_ygn

       မန္တလေးတိုင်းဒေသကြီး မန်းအခြေပြုကားဂိတ်ဖြစ်သည့် မန်း-လားရှိုး၊ မန်း-ကျောက်မဲ၊ မန်း-တောင်ကြီး၊ မန်း-မော်လ မြိုင်နှင့် မန်း-ရန်ကုန်ကားလိုင်းများ၏ ကားသယ်ခနှုန်းထားများ ဇူလိုင်လဆန်းပိုင်းက သိသာစွာပြောင်းလဲမှု မရှိသော်လည်း၊ ဇူလိုင်လလယ်မှစ၍ မန်း-မူဆယ် ကားလိုင်းတစ်လိုင်းသာ ဈေးနှုန်းကျဆင်းလာတာကိုတွေ့ရပါတယ်။ အတက်ကုန်၊ အဆင်းကုန်နည်းပါးခြင်းကြောင့် ဈေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း အဝေးပြေးကုန်စည်ပို့ ဆောင်ေ ရးဝန်ဆောင်မှုလုပ်ငန်းရှင်များ အသင်းမှသိရပြီး သြဂုတ်လ ဒုတိယပတ်ထိ ဆက် လက်ကျဆင်းလျက်ရှိရာ ကုန်ကျစ်/ကုန်ပွတစ်ပိဿာလျှင် ရှစ်ကျပ်ခန့်ဈေးကျလာတာကို တွေ့ရှိရပါတယ်။ ဇူလိုင

admin_ygn

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် လာမည့်နှစ်ပတ်အတွင်း အကျိုးအမြတ်များ ကြီးမားစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ကာလများက အရှုံးပေါ်ခဲ့သည်များကို ပြန်လည်ထေမိစေမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ စားအုန်းဆီနှင့် ဆက်စပ်နေသည့် စားသုံးဆီ ဈေးကွက် ပိုမိုခိုင်မာအားကောင်းလာသည့် အတွက်ကြောင့် ဖြစ်ရကြောင်း စတားအွန်လိုင်းသတင်းတွင် သြဂုတ် ၈ ရက်က ဖော်ပြထားသည်။ ဘာဆာမလေး ရှားကုန်စည်ဒိုင်တွင် အောက်တိုဘာလအတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ဈေးပိတ်ချိန်တွင် နှစ်ရာခိုင်နှုန်း  မြင့်တက်ပြီး ၂၆၂၆ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၁၂ ဒသမ ၉၈) နှုန်းရှိခဲ့သည်။ အ