admin_ygn

        မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ၁၆ရက်မှ ၂၂ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၅၄သန်းတန် ဖိုးရှိ ငစိန်ဆန်၊ ဧည့်မထဆန်နဲ့ ကောက်ညှင်းဆန် ၂၁၁၈၉ တန် ကျော်တင် ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန်ချိန် ၇၀၊ ဧည့်မထ ဆန် ၁၈၈၅၃တန်ကျော်နဲ့ေ ကာက်ညှင်းဆန် ၅၉ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၆၉ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၁၈၈၃ တန်ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်

admin_ygn

     မလေးရှားစားအုန်းဆီဈေးများသည်  ခြောက်လတာ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့ကြောင်း စတားအွန် လိုင်းသတင်းတွင် ဖော်ပြထားသည်။ မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ခြောက်လအတွင်း သုံးကြိမ် မြောက်အဖြစ် ဆက်တိုက်ဈေးမြင့်တက်လာခြင်းဖြစ်သည်။ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် နိုဝင်ဘာလအတွက် စာချုပ်ချုပ်ဆိုဝယ်ယူခဲ့သည့်  စားအုန်းဆီစံထားဈေးနှုန်း များမှာ ၁ ဒသမ ၅၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၈၇၃ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၈၅ ဒသမ ၆၈)ရှိခဲ့သည်။

admin_ygn

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီနယ် စပ်စခန်း သုံးခုမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၆၇ သန်းတန်ဖိုးရှိ ျွန-နထစသမအ သကြား ၂၃၄၈၉ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၇၀၉၂ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၆၃၉၇ တန်ပိုမိုခဲ့တာ တွေ့ရပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ  မူဆယ်မှ ၂၀၁၆၆ တန်ကျော်၊ ချင်းရွှေဟော်မှ ၃၂၁၃ တန်နဲ့ ကန်ပိုက်တီမှ တန် ၁၁၀ ဖြစ်ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခုသီတင်းပတ်အတွင်း သကြားတစ် တန်လျှင် ကျပ် ၇၃၄၄၀၀ ဈေးရှိပြီး တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ယွမ် ၃၆၀၀ ရှိတယ် လို့ သိရပါတယ်။

admin_ygn

      မြန်မာနိုင်ငံတွင် စက်မှုသီးနှံဖြစ်တဲ့ ကော်ဖီကို အဓိကသီးနှံအနေနဲ့ စိုက်ပျိုးခြင်းမရှိသေးသော်လည်း နိုင်ငံတကာကော်ဖီပြပွဲများတွင် အထူး တန်းဝင်တဲ့ မြန်မာ့ကော်ဖီကို ထုတ်လုပ်မှုအရည်အသွေး  မြှင့်တင်ပြီး  ဝင်ရောက်ပြသ ခဲ့သည့်နောက်ပိုင်း နိုင်ငံခြားဈေးကွက်မှ မြန်မာ့ကော်ဖီကို ဝယ်ယူရန် စိတ်ဝင်စားမှုမြင့်တက်လာခဲ့ကြောင်း၊ အာရေဗီးကားနဲ့ ရိုဘတ် စတာ ကော်ဖီအမျိုးအစားများကို အဓိကစိုက်ပျိုးကြကြောင်း၊ ရွာငံဒေသ ထွက်ကော်ဖီကို အမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင်ရန် နိုင်ငံတကာစံနှုန်း များအတိုင်း မြည်းစမ်းလေ့လာမှုပြုလုပ်ခဲ့ရာ အရည်အသွေး၊ အရောင်၊ အနံ့၊ အရသာအပေါ်မူတည်ပြီး အထူးတန်း

admin_ygn

ဒီတစ်ပတ်မှာတော့ မိုးကလည်း ကောင်းနေတာရယ် အဓိကဝယ်လက် တွေဖြစ်တဲ့ တောင်ကုတ်၊ စစ်တွေဝယ် လက်တွေကလည်း အကြောင်းအမျိုးမျိုး ကြောင့် ဝယ်ယူမှုနည်းပါးလာပြီး ပြည် တွင်းသုံးဝယ်လက်တွေသာ ထိုးချင်း^ ဓားလှီး ချင်းအတွက် ဝယ်ယူနေတယ်လို့ လည်သိရပါတယ်။ဒီနှစ်မှာ    အရင်နှစ်ကထက် အရောင်းအေးနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လကတော့ တောင်ကုတ် ဝယ် လက်တွေက ချင်းပိဿာချိန်သောင်းချီ ပြီး ဝယ်ယူခဲ့ပေမယ့် ဒီတစ်လမှာတော့ ဒေသအနှံ့အပြားမှာ  ရေကြီးနေတာ ကြောင့်လမ်းပန်းဆက်သွယ်ရေးခက်ခဲ လို့ ဝယ်ယူမှုနားသွားတယ်လို့ အောင်ပန်း၊ ဟိုပုံးဈေးကွက်တွေက သိရှိရပါတယ်။ လောလောဆယ်မှာ ပြည်တွင်းနဲ့ဒေသ တွင်းက စားသုံးဖို့အတွက် လက်လီဝယ် ယူမ

admin_ygn

        မုံရွာကုန်စည်ဒိုင်သို့ ဆီထွက် သီးနှံဖြစ်သော  နှမ်းများ နေ့စဉ် အိတ် ၈၀၀- ၉၀၀ ခန့် ဝင်ရောက်လျက်ရှိပြီး နှမ်းနက်ကတော့ ဈေးအနည်းငယ်ကျ၍ အရောင်းအဝယ်လည်း အနည်းငယ် အေးလျက်ရှိကြောင်း  သိရပါတယ်။ နှမ်းဖြူနှင့် နှမ်းညိုမှာ ဈေးငြိမ်လျက်ရှိပြီး ဒေသတွင်း   အဝယ်ရှိလို့ အရောင်း အဝယ် ပုံမှန်ဖြစ်လျက်ရှိကြောင်း သိရ ပါတယ်။ ယခုတစ်ပတ် နှမ်းသီးနှံပေါက် ဈေးနှုန်းကတော့ နှမ်းဖြူတစ်ပိဿာ ကျပ် ၂၄၀၀ နဲ့ အိတ် ၁၀၀ ခန့်၊ နှမ်းညို တစ်ပိဿာ ၁၈၆၇ ကျပ်နဲ့ အိတ်၂၀၀ ခန့်၊ နှမ်းနက်တစ်ပိဿာ ၂၅၃၃ ကျပ် မှ  ၂၂၆၇ ကျပ် နှုန်းနဲ့ အိတ်၃၀၀ခန့် အသီး သီး  အရောင်းအဝယ် &

admin_ygn

    သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅၀၅၃၀ တန်ဖိုးရှိ ချင်းစို ၁၈၄ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါ တယ်။ စခန်းအလိုက်တင်ပို့မှုမှာစစ်တွေမှ တန် ၂၀၊ မောင်တော မှ ၁၆၄ တန်ကျော် ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေ မှ ၅၇ တန်၊ မောင်တောမှ ၁၈၂ တန် စုစုပေါင်း တန်ချိန် ၂၃၉ တန် ပိုမိုတင်ပို့ခဲ့လို့ ယခုတစ်ပတ် ချင်း ၅၅ တန် လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းတစ်တန်ရဲ့ မိမိ ဘက်ပေါက်ဈေး (ငွေလဲနှုန်းအရ) ယခုတစ်ပတ်မှာ ၁၀၃၅၂၇၂ ကျပ်ရှိပြီး ယခင်နှစ် ကာလတူက ကျပ် ၉၀၂၁၂၀ ဈေးရှိတယ

admin_ygn

မန္တလေးတိုင်းဒေသကြီး ကြယ်ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့မှ အသင်းသား /အသင်းသူများနှင့် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ၍   လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၂၉ ရက်က  စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ အမှာစကားပြောကြားရာတွင် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာန၏ မူဝါဒပိုင်း၊ ကုန်သွယ်မှုမြှင့်တင် ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစုအဖွဲ့၏ စိန်ခေါ်မှုအခက်အခဲများကို ဝန်ကြီး ဌာန၏ ကိုယ်စားကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားပါသည်။ ဒုတိယ

admin_ygn

     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇၂ သန်း တန်ဖိုးရှိ ရေ ထွက်ကုန် ၁၁၅၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၇၁၄ တန်နဲ့ နှိုင်းယှဉ်ပါက ၄၄၂ တန် ပိုမိုတင်ပို့ခဲ့ပြီး တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၈၇၄ သန်းပိုမိုခဲ့ပါတယ်။ယခုတစ်ပတ်တွင် ကဏန်း၊  ငါးရှဉ့်၊ ငါးမှုန့်၊ ငါးစီဖောင်း၊ ငါးမျိုးစုံနဲ့ အခြားရေထွက်ပစ္စည်းမျိုးစုံ ပိုမိုတင်ပို့လာနိုင်ခြင်းကြောင့် တန်ချိန်ရော တန်ဖိုး ပါပိုမိုရခြင်းဖြစ်ပါတယ်။             &

admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၃၉၆ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၂၀ ခွဲကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက်တင်ပို့မှုမရှိဘဲ သြဂုတ် လဆန်းပိုင်းက တစ်တန်သာတင်ပို့ခဲ့တာ တွေ့ရပါတယ်။အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၅၆၈၅ တန်ဖိုးရှိ လက်ဖက်ခြောက်တန် ၄၀ ကျော်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တစ်တန်နဲ့ နှိုင်းယှဉ်ပါ က ၃၉ တန် ပိုမိုတင်ပို့ခဲ့ပါတယ်။လက်ဖက်ကို ရှမ်းပြည်နယ်အ