admin_ygn

         မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၅၆၉ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၇၀၀ ခန့်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၁၂၀၄ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၀၄ တန်လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်း ရော ရိဒ်ကုန်သွယ်ရေး စခန်းပါ ကွမ်းသီးတင်ပို့မှုကျဆင်းခဲ့တဲ့အတွက် ယခုလိုေ လျာ့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၀၆၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၇ တန်၊ ရိဒ်ကုန်သွယ်ရေး စခန်းမှ အမေရိကန

admin_ygn

     မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၈၈၈၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၇၄၇၆  တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၁၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းသုံးခုလုံးမှ ရေထွက်ကုန်များပိုမိုတင်ပို့ခဲ့တဲ့ အတွက်ဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

     မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၉၈၄၀၀  တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၃၆ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင် တစ်ပတ်ကတင်ပို့ခဲ့တဲ့ တန် ၁၆၀ နဲ့နှိုင်းယှဉ်ပါက ၁၇၆ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၉၂၂၄၀ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၃၁၅ တန်ကို တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၃၂၅ တန်နဲ့နှိုင်းယှဉ်ပါက ၁၀ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် တစ်သျှူးငှက်ပျောစိုက်ခင်းများအတွ

admin_ygn

         ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ လဲလှယ်နှုန်းများ ပြန်လည်ကျဆင်းလာသဖြင့် မလေးရှားစားအုန်းဆီဈေးကွက် တွင် စားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်ငွေလဲနှုန်းသည် တစ် နှစ်တာအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီးနောက်  နိုဝင် ဘာ ၂၉ ရက်က သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၈၇၅ ရင်းဂစ်ရှိခဲ့ သည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက် တိုဘာ ၂၃ ရက်ကတည်းကမြင့်တက်ခဲ့ရာ နိုဝင်ဘာ ၃၀ရက် ဈေ

admin_ygn

       နိုဝင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၀၉၁၃၅၃ တန်ဖိုးရှိမြေသြဇာ  ၂၃၀၇၁ ဒသမ ၀၉၈ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တ ရုတ်နိုင်ငံမှ ၂၀၉၂ ဒသမ ၈၀ တန်၊ ဂျာမနီနိုင်ငံမှ ၂၅၁၃ တန်၊ အိန္ဒိယနိုင်ငံမှ ၂၀ ဒသမ ၇၅ တန်၊ အီရန် နိုင်ငံမှ တန် ၁၀၅၀၊ ဂျပန်နိုင်ငံမှ ၁၀၀၂၀ ဒသမ ၉၂ တန်၊ မလေးရှားနိုင်ငံမှ ၄၈၈ ဒသမ ၆၀တန်၊ နော်ဝေနိုင်ငံမှ ၁၄၇ ဒသမ ၉၃ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၃၄၄ တန်၊ ရုရှားနိုင်ငံမှ တန်ချိန် ၅၀၀၊ ထိုင်းနိုင်ငံမှ ၄၀၅၀ ဒသမ ၆၀ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ ၈၁၆ ဒသမ ၅၀ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က

admin_ygn

        နိုဝင်ဘာလ ၁၉ ရက်မှ ၂၅ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၉၆၀တန်ဖိုးရှိ  ဘိလပ်မြေ၂၀၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ  တန်ချိန် ၂၀၀နဲ့ တရုတ်နိုင်ငံမှ ၃ တန် တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့  ဘိလပ်မြေ တန်ချိန်၂၁၂၄၀ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန်၂၀၀၀၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့တယ်လို့သိရပါတယ်။ နို၀ င်ဘာလ ၁၈ ရက်မှ၂၄ရက်အထိ   သီတင်းပတ်အတွင်း နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန် ၆၆၀၀ ကျော်ရှိပြီး ယခင်သီတင်းပတ်က  ဘိလပ်မြေအဝင် မှာ တန်ချိန် ၅

admin_ygn

      နိုဝင်ဘာ ၁၉ ရက်မှ နိုဝင်ဘာ၂၅ ရက်အထိသီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ၃၇၀၃၁၅၉၈ တန်ဖိုးရှိ ဒီဇယ် ၇၈၃၆၀ ဒသမ ၄၃ တန်နဲ့ အမေရိကန်ဒေါ်လာ ၁၁၈၄၅၃၇၆ တန်ဖိုးရှိ ဓာတ်ဆီ ၂၄၅၉၃ ဒသမ ၄၃ တန်၊   စုစုပေါင်း ၁၀၂၉၅၃ ဒသမ ၈၆ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က  တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၆၀၉၁၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ၁၇၄၅၀ ကျော် အဝင်ပိုခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၇၃၄၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၁၇၄၀ ကျော် တင် သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်အဝင်ပိုပြီး ဓာတ

admin_ygn

        ရှမ်းချင်းအသစ်တွေကတော့ ပုံမှန်ဝင်ရောက်လာပါပြီ။ အောင်ပန်းဈေးကွက်မှာတော့ ၅ရက်တစ်ဈေးကို ပိဿာချိန်သောင်းဂဏန်းခန့် ဝင်ရောက်နေပါတယ်။ ချင်း(ဥမ)ကတော့ အချို့ပွဲရုံတွေမှာ လက်ကျန်အနည်းငယ်သာ ရှိပါတော့တယ်။ အချို့ဝယ်လက်တွေက  ဥမကိုဝယ်ယူနေလို့လက်ကျန်တွေ ရောင်းရတယ်လို့သိရပါတယ်။ အခုလတ်တလောဈေးကွက် ကိုဝင်နေတဲ့ ရှမ်းချင်းအသစ်တွေကလည်းတောင်သူတွေကစိတ်ကြိုက်မဟုတ်ပေမယ့် ေ ဈးနှုန်းသင့်တင့်စွာရနေသလို အစိုအတိုင်းအရောင်းအဝယ်ဖြစ်နေလို့ ချင်းခြောက်ပြုလုပ် ခြင်းမရှိကြသေးပါဘူး။ ချင်းခြောက်ကလည်းအဝယ်မလိုက်လို့ ဈေးအနည်းငယ်ပြန်ကျလာတယ်လို့ ဈေးကွက်မှသိရှိရပါတယ်။

admin_ygn

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီ(ကျယ်ဂေါင်) မြို့၊ ကျောက်မျက်ဈေးတွင်  (၁၆) ကြိမ်မြောက် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် (၁၂) ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းေ ရးကော်မတီ (Joint Border Trade Cooperating and Coordinating Committee-JBTCCC) အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါပြပွဲကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်နေ ပြည်သူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်၊ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုး

admin_ygn

      မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရှိကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ရက်မှ  ၂၄ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ  ၂၂ ဒသမ ၀၂၂ သန်းတန်ဖိုးရှိဆန်၆၀၃၁၈တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ  ငစိန်ဆန်၂၀၃တန်ကျော်၊ ဧည့်မထဆန် ၄၉၄၀၈ တန်အပြင် ကောက်ညှင်းဆန်၁၇၃တန် ခန့်ပါ တင်ပို့ခဲ့ပါတယ်။ ချင်းေ ရွှဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၉၇တန်ကျော်နဲ့ ဧည့်မထဆန် ၉၈တန်ကျော်၊ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန်၁၀၂၈၆တန်ကျော် တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  စ