admin_ygn

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်တရုတ်နိုင်ငံနယ်စပ်သို့ သစ်သီးဝလံ များ တင်ပို့ရောင်းချလျက်ရှိပြီး မြန်မာ့သခွားမွှေး များကိုလည်း တရုတ်ပြည်ရှိ   တိဘက်ဒေသ၊ ဟိုင်နန်ဒေသ၊ မကာအိုဒေသ၊ ဟောင်ကောင် ဒေသများမှအပ  ကျန်ပြည်နယ်များသို့  တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရပါတယ်။

admin_ygn

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနမှ ကုန်သွယ်မှုတိုးတက်စေရန်ရည်ရွယ်၍ တစ်ဖက်နိုင်ငံတွင် ဈေးကွက် လိုအပ်ချက်ရှိသောRef ined Sugar များအားRe-export စနစ်နှင့် တင်သွင်း တင်ပို့ရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။သို့ရာတွင် အချို့သော ကုမ္ပဏီများသည်Re-export  စနစ်နှင့်ဆောင်ရွက် ရမည့် လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်တင်သွင်းအရေအတွက်အတိုင်း ၂၀၁၇ စက်တင်ဘာလထိ အပြည့်အ၀ ပြန်လည်တင်ပို့ခြင်းမရှိကြောင်း စိစစ် ဖော်ထုတ် တွေ့ရှိရပါသည်။ အဆိုပါကုမ္ပဏီများအား ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးထားစာရင်းကိုက်ညှိရှင်းလင်းရန် အသ

admin_ygn

       မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာဝန်ကျ စစ်ဆေးရေး မောင်းတံဂိတ်များအား ညနေပိုင်းအချိန်များတွင် ဖြတ်သန်း မောင်းနှင်သွားသော ခရီးသည်တင်ယာဉ်ငယ်များ၊ ကိုယ်ပိုင်ယာဉ်ငယ်များဖြင့် သစ်ေ တာထွက်ပစ္စည်းများနှင့် တိရစ္ဆာန် အရှင်များအား သယ်ဆောင်မှုရှိနေကြောင်း သတင်းပေး ရရှိမှုအရ ဖေဖော်ဝါရီ ၆ ရက်က မူဆယ်မောင်းတံဂိတ်တွင် OSS ကုန်သွယ်ရေးဦးစီးဌာန၊ OSS မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် OSS မိတ်ဖက်သစ်တောဦးစီးဌာန ပူးပေါင်းအဖွဲ့ တို့မှ အ တက်ခရီးသည် ယာဉ်ငယ်များအား စောင့်ဆိုင်းစစ်ဆေးနေ စဉ် ည ၁၀ နာရီအချိန်ခန့်တွင် လားရှိုးမြို့မှ မူဆယ်မြို့သို့

admin_ygn

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၀၇၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၉၈၇၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၁၁၃၈၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၅၀၈ တန် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရေထွက်ကုန်များ  ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ရေးစခန်းနဲ့  ကော့သောင်းကုန်သွယ်ရေးစခန်းတို့ မှ ရေထွက်ကုန်များ လျော့နည်းတင်ပို့ခဲ့တဲ့အတွက် ယခုလိုတင်ပို့မှုကျဆင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

       မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုည ဒသမ ၇၂၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၈၅၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၈၆၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၉ တန်ခန့် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ် ရေးစခန်းမှ ကွမ်းသီးတင်ပို့မှု လျော့နည်းခဲ့ပေမယ့် ရိဒ်ကုန်သွယ်ရေးစခန်းမှ ကွမ်းသီးများ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလို ပိုမိုရခြင်းဖြစ်ပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၀ သန်းတန်ဖိုးရှိ ကွမ်းသီး ၃၄၉ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန

admin_ygn

       ဇန်နဝါရီ ၂၁ ရက်မှ ၂၇ ရက်အထိ   သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၅၅၁၅တန်ဖိုးရှိ    ဘိလပ်မြေ ၉၆၂ ဒသမ ၉၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ  ၂၉၀ ဒသမ ၉၆၇ တန်နဲ့ ယူအေအီးနိုင်ငံမှ ၆၇၂ တန် တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေ တံဆိပ်များမှာ ဆင်၊ စိန်၊တီပီအိုင်နဲ့ အခြားတံဆိပ်များလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၇၄၂၀ ကျော် နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ  ဘိလပ်မြေတန်ချိန် ၆၄၅၀ ကျော် တင်သွင်းမှု လျော့ နည်းခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရ

admin_ygn

         ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ   ကုန်သွယ်ရေးစခန်း များမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆၇၁ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၄၅၅၁၈ တန်  တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ ဧည့်မထဆန် ၃၀၀၄၆ တန်နဲ့   ကောက်ညှင်းဆန်တန် ၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၇၈ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၁၄၀၉၉ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန်တန်ချိန် ၄၀၊ မောင်တောကုန်သွယ်ရေးစခန်းမှ

admin_ygn

       ကမ္ဘာပေါ်တွင်စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ် လျက်ရှိသော မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပတင်ပို့မှု သည် ဇန်နဝါရီတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုသို့ စားအုန်းဆီတင်ပို့မှုကျဆင်းကြောင်း ကိန်း ဂဏန်းအချက်အလက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဖေဖော် ဝါရီ ၂ ရက်က  စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးမှာလည်း ကျဆင်းလာခဲ့သည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)၏  ဧပြီတွင်ဖြန့်ဝေရန် ချုပ်ဆို သော ပဋိညာဉ်စာချုပ်အရ  စားအုန်းဆီ၏အခြေခံ စံထား ဈေးနှုန်းမှာ ဖေဖော်ဝါရီ ၂ရက်  နေ့လယ်ဈေးကွဲချိန်က တစ်တန် က

admin_ygn

         မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများနဲ့ ကျောက်မျက်ရတနာမျိုးစုံထွက်ရှိတဲ့   မြေကြီးမှ  ရွှေသီးသော အဖိုးတန်ရတနာမြေများ ပိုင်ဆိုင်ရာ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ ကျော်တန်ဖိုးကြီး ကျောက်စိမ်းများ၊ ပတ္တမြားများ၊ နီလာနဲ့ အခြား အဖိုးတန်ကျောက်မျက်ရတနာများစွာ ထွက်ရှိပြီး အဖိုးထိုက်တန် သော ကျောက်စိမ်းကို လုံးခင်း၊ ဖားကန့် ရတနာမြေတွင်လည်းကောင်း၊ တန်ဖိုးကြီး ပတ္တမြားကို မိုးကုတ်ရတနာမြေနှင့် မိုင်းရှူးရတနာမြေ တို့တွင်လည်းကောင်း စီးပွားဖြစ် တူးဖော်ထွက် ရှိကြောင်း သိရှိရပြီး ဒေသအလိုက် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ နိုင်ငံတော်နှင့်

admin_ygn

         မြန်မာနိုင်ငံသားများအတွက် ကြက်သွန်နီ အပါအဝင် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့သည် နေ့စဉ်ထမင်းနှင့်ဟင်းလျာတွင် မပါမဖြစ်ပစ္စည်း များဖြစ်သည်။ ဆန်၊ ဆီတို့ ကိုအစိုးရဌာနဆိုင်ရာ များအပြင် ကုန်သည်များ၊ စားသုံးသူများအားလုံး ကအလေးအနက်ထားပြီး စိုက်ပျိုးမှုတိုးတက်ရေး၊ အထွက်နှုန်းတိုးတက်ရေး၊ တောင်သူများအရင်း အနှီးရရှိရေး၊ တောင်သူအခွင့်အလမ်းအကျိုး  စီးပွား ကာကွယ်ရေးတို့ကိုပါ အလေးအနက်ထား ဆောင်ရွက်ကြပါသည်။ ကုန်သည်များဘက်မှ လည်းတိုးတက်ရေးများကို အမျိုးမျိုးတွေးတောကြံဆ ဆောင်ရွက်ကြသည်ကိုတွေ့နေရသည်မှာ အားရ စရာဖြစ်ပါသ