admin_ygn

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ  တောင်ကြီးမြို့ ကမ္ဘောဇ ကုန်သွယ်မှုဗဟိုဌာနခန်းမတွင် ကြက်သွန်ဖြူကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၂ ရက် က ကျင်းပသည်။ ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက အဖွင့်အမှာ စကားပြောရာ  ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချရာတွင် အခက်အခဲမျာ ကို  တင်ပြပေးကြရန်နှင့် စိန်ခေါ်မှု များကို ပူးပေါင်းဖြေရှင်းသွားကြရမည်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူ တွက်ခြေမကိုက်၍ မစိုက်လျှင် ဝယ်စားရမည့်အဆင့်ကို ရောက်သွားနို

admin_ygn

       ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မိုးရာသီ၏ရာသီစာ ဖြစ်၍ လူကြိုက်များလှသည့် ရောင်းပန်းလှသော တညင်းသီး များ စတင်ထွက်ပေါ်စပြုလာပါပြီ။  မြစ်ကြီးနားမြို့ရှိ တညင်း သီးပိုင်ရှင်များထံမှ တိုက်ရိုက်သော်လ ည်းကောင်း၊ တစ်ဆင့် ပြန်လည်ရောင်းချသူများသူထံမှလည်းကောင်း တညင်းသီး အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိနေသည်။  မြစ်ကြီးနားမြို့မှ တညင်းသီးအဝယ်ဒိုင်များသည် မန္တလေးနှင့် မုံရွာရှိ ကုန်စည်ဒိုင်များနှင့်ချိတ်ဆက် ၍ မော်တော်ကားဖြင့် ပို့ဆောင် လျက်ရှိသည်။ ယခု လက်ရှိ တညင်းသီးဈေးကွက်အခြေအနေသည် ဝယ်လိုအားကောင်း၍  တစ်လုံးလျှင် ၂၅ ကျပ် မှ ၂၇ ကျပ် ထိ ပေါက်ဈေးရှိသည်။ အလုံးရ

admin_ygn

         ယခုဘဏ္ဍာနှစ် လက်ရှိကာလတွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၄၂၁ သန်းခန့် ရရှိထားပြီး နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရေးအတွက်ဆောင် ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယက အဆင့် ၁၁ ၌ ရပ်တည် နေပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာအထိ စီမံကိန်းပေါင်း ၃၀ ခန့် ရှိနေ သလို အိန္ဒိယကုမ္ပဏီပေါင်း ၂၂၅ ခုခန့် ထိရှိကြောင်း သိရ သည်။

admin_ygn

            ရန်ကုန်မြို့ ကားဈေးကွက်၏ မေလဒုတိယပတ်ခန့် အခြေအနေမှာ ယခင်လကုန်ပိုင်းကဲ့သို့ပင် ပြည်တွင်း ဆင် ဆူဇူကီးပုံစံသစ်ကားအာတီဂါ၏ ဂယက်ကြောင့် အရောင်းအဝယ် အနည်း ငယ်ပြန်ဖြစ်လာသော်လည်း နယ်လိုင်စင်ကားများနှင့် အသစ် တင်သွင်းသည့် ကားများအဝယ်နည်းကြောင်း သိရသည်။ ဧပြီလကုန်ပိုင်း နောက်ဆုံးပတ် က ပုံစံသစ် ထုတ်ပြမိတ်ဆက်ခဲ့သော ဆူဇူကီးကုမ္ပဏီမှ အာတီဂါကားသစ် (၂၀၁၉ ပုံစံ) ၏ ဈေးတန်း အရနှင့် ရုပ် ထွက်အရ အားသာမှုရှိကြောင်း၊ လက်ရှိ ရန်ကုန်ကားဈေးကွက်အတွင်း အတိုင်း အတာတစ်ခုထိ လှုပ်ခတ်ခဲ့ပြီး ကား အလဲအထပ်များ လက်ရှိကားများ ရောင်း ထွက်ပြီး ဆူဇ

admin_ygn

         ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီးဝလံကုန် စည်ဒိုင်မှ  တရုတ်သို့  သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲသီးတင်ပို့မှု အနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာနည်းသွားသော်လည်း  ဈေးကောင်းရနေကာ  သခွားတင်ပို့မှုလုံး၀ မရှိဘဲ သရက်သီးတင်ပို့မှုများလာကာ ဈေးကောင်းရနေသည်။ မေ ၈ ရက်မှ ၁၄ ရက်အထိ ဖရဲ ကား ၂၅၈ စီး၊ တန်ချိန် ၃၀၆၈ တန်၊  သရက်သီး ၈၁၉ စီး၊  တန်ချိန် ၄၉၇၀ တန်၊ ကန်စွန်းဥ ၁၃ စီး၊  တန်ချိန်၁၉၂တန် တင်ပို့ရောင်းချခဲ့ကြောင်း  သစ်သီးဝလ

admin_ygn

           မေ ၅ ရက်မှ ၁၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၈၂၁၇၇၀၀ တန်ဖိုးရှိ ဒီဇယ် ၅၀၀၂၆ ဒသမ ၁၉ တန်နဲ့   အမေရိကန်ဒေါ်လာ ၂၆၀၆၄၅၉၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၆၉၆၃ ဒသမ ၀၃ တန်၊  စုစုပေါင်း ၉၆၉၈၉ ဒသမ ၂၂ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီတန်ချိန် ၂၇၀၇၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်  ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၉၈၈၀ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၅၉၂၄၀ ကျော်နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၂၁၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသ

admin_ygn

         ပြည်မန်ကျည်းမှည့်(ပွဲရုံ)များသို့ ဟင်္သာတ၊ ကြံခင်း၊ တောင်တွင်း၊ အောင်လံနှင့် ဒေသတွင်းထွက်ရှိသည့် မန်ကျည်းမှည့်များ (ပွဲရုံ)သို့ လှိုင်လှိုင်ဝင်ရောက်နေပြီး ရန်ကုန်၊ စစ်တွေ၊ ရခိုင်ဝယ်လက်များ မေလ(တတိယပတ်)မှာ ဝယ်လက်များ အစွဲရှိလာခြင်း ကြောင့် အရောင်းအဝယ်ပိုဖြစ်လာကြောင်းသိရသည်။ ယခုအပတ် ရန်ကုန်သို့ အများဆုံး တင်ပို့ရကြောင်းလည်းသိရသည်။  ဒေသတွင်းအရောင်းအဝယ်လည်း ရာသီဥတုဒဏ် ကြောင့် ပိုမိုရှိခဲ့ကြောင်း သိရသည်။ မန်ကျည်းမှည့်တစ်ပိဿာဈေး(ပွဲရုံဈေး) အစေ့လွတ် ကျပ် ၁၉၀၀ နှင့် (လက်လီဈေး)ကျပ် ၂၂၀၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 

admin_ygn

         ပြည်ဒေသထွက် သံပရာသီးဈေးကွက် ယခုနှစ်မှာ အရောင်း အဝယ် ပိုဖြစ်ပြီး ဈေးကောင်းရလျက်ရှိသည်။ ဒေသတွင်းအထွက်လည်း များပြီး၊ နှစ်စဉ် ရန်ကုန်၊ မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ယခုနှစ် သံပုရာ သီးစိုက်တောင်သူများ ဈေးကောင်းရရှိပြီး နယ်ဝယ် လက်တွေ ပိုမိုတင်ပို့ရခြင်းကြောင့်  ဒေသတွင်း သံပရာသီးဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိသည်။ လက်ကားသံပုရာသီး  ရာချင်းဈေး တစ်လုံးလျှင် ၅၅ကျပ်၊ ၆၅ကျပ်မှ ၈၀ ကျပ်ဈေးတို့ဖြစ်ပြီး ဒေသတွင်းလက်လီဈေးမှာ တစ်လုံးလျှင် ၈၀ကျပ်၊ ၁၀၀ကျပ်၊ ၁၅၀ကျပ်တို့ဖြင့် အသီးသီး ရောင်းချလျက်ရှိနေသည်။

 

admin_ygn

            ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီး ဝလံကုန်စည်ဒိုင်မှ  တရုတ်သို့ဖရဲသီးတင်ပို့မှုအနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်း ကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲတင်ပို့မှုမှာ နည်းသွားသော်လည်း  ဈေးေ ကာင်း ရနေသကဲ့သို့ သခွားနှင့်သရက်တင်ပို့မှုလည်း နည်းသွားကာ သရက်သီးမှာ ဈေးကောင်းဆက်လက်ရနေသည်။ မေ ၁ ရက်မှ ၇ ရက်အတွင်း ဖရဲကား ၅၄၂ စီး၊ တန်ချိန် ၆၄၅၃ တန်၊ ရွှေသခွားကားလေးစီး၊ တန်ချိန် ၄၃ တန်၊ သရက်ကားစီးရေ ၂၃၀၊ တန်ချိန် ၁၃၈၀၊ ကန်စွန်းဥကား ကိုးစီး၊ တန်ချိန် ၁၂၉ တန် ၊ နာနတ်သီးကားတစ်စီး၊ တန်ချိန် ၁၃ တန်တင်ပို့ရောင်းချခဲ့ကြေ

admin_ygn

           ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။