admin_ygn

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၀၃ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၉၇၂၀ စီးတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၉၈၆၈ စီးတင်သွင်းခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၁၄၈ စီး လျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၄၆၉ သန်းတန်ဖိုးရှိ သုံးဘီးဆိုင်ကယ် ၃၆၃ စီးကိုလည်း တင်သွင်းခဲ့ပါတယ်။

admin_ygn

မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ  သီတင်းပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ၉ဒသမ၂၆၉သန်း တန်ဖိုးရှိ ဧည့်မထဆန်၊ ငစိန်ဆန်နဲ့ ကောက်ညှင်း ဆန်၂၆၃၁၇ တန်နီးပါး တင်ပို့ခဲ့ပါတယ်။  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန် တန်ချိန် ၂၁၁၁၀ နဲ့ကောက်ညှင်းဆန်  ၁၀၈ တန် ၊  ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှငစိန်ဆန် ၄၅ တန်နဲ့ ဧည့်မထဆန် ၃၄ တန် ၊လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ  ဧည့်မထဆန် ၄၇၅၃ တန် တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ   မောင်တောကုန်သွယ်ရေး စခန်းမှ ဧည့်မထဆန် ၂၆၇တန်ကျော် တင်ပို

admin_ygn

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းယုမှအထူးဒေသ(၄)ကိုဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ မေလအတွင်း ကုန်ပစ္စည်း ခြောက်မျိုးတန်ချိန်ပေါင်း ၁၀၈၉တန်ကို တရားဝင်ကုန်သွယ်နိုင်ခဲ့ကြောင်းသိရပြီး  တင်ပို့ခဲ့တဲ့ဒေသ ထွက်ကုန်များ ကတော့ တစ်သျှူးငှက်ပျော တန် ၆၀၀၊ ရွှေဖရုံသီး ၂၆၉ တန်၊ ရော်ဘာစိမ်း  ၂၈ တန်၊ အစေ့ထုတ်ပြောင်း ၈၄ တန်နှင့် ဖရဲသီးနှစ်တန် တင်ပို့ခဲ့ပြီး စက်မှုကုန်ကြမ်းပစ္စည်းထုံး ၁၀၆ တန်ကို တင်သွင်း ခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ictuser

တာချီလိတ်ကုန်သွယ်ရေးတွင်ယခုတစ်ပတ်ပို့ကုန်ပစ္စည်းအနေဖြင့် ရာဘာစေး၊ ကြက်သွန်ဖြူ၊ ထောပတ်သီး၊ ကြက်သွန်နီ၊ နာနတ်သီး၊ ဖရဲသီးနှင့် ကော်ဖီေ့စ့တို့ တင်ပို့ခဲ့ပြီး သွင်းကုန်ပစ္စည်းများအနေဖြင့် ဘိလပ်မြေ၊ မော်တေ်ာယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ၊ စက်နှင့်စက် ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ အခြားပစ္စည်းများ၊ ဆပ်ပြာနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင်သွင်းခဲ့ကြောင်းသိရှိရပါသည်။

admin_ygn

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၇၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၄၇၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က တန် ၂၀၀၀တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၅ တန်  လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ  သုည ဒသမ ၁၅၀ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၁၈ တန်၊ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၃ သန်းတန်ဖိုး ရှိ ကွမ်းသီး ၁၃၅၇ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                  

admin_ygn

မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ မေ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၅  ဒသမ ၅၆၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၆၈၂၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၇၈၁ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၉၆၁ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။

admin_ygn

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ မေ ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၄၀ သန်း တန်ဖိုးရှိသကြား(ရိုးရိုး) တန်ချိန် ၁၃၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့  တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ ၆၄၈၇ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခု တစ်ပတ် တန် ၇၀၀၀ ကျော် ပိုမိုတင်ပို့ခဲ့ပါတယ်။ အလားတူ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ သကြား ၇၇ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

admin_ygn

ရှမ်းပြည်နယ်အတွင်း အကြီးမားဆုံး ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၁ ရက်မှ ၁၅ရက် အထိကျွဲ၊ နွား ၆၆၈၀ ကောင်ကို တစ်ဖက်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

admin_ygn

မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၃ သန်း တန်ဖိုးရှိ ကွမ်းသီး ၈၁၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၁၃၄၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၂၃ တန် လျော့နည်းတင် ပို့ခဲ့တယ်လို့သိရပါတယ်။ယခုတစ်ပတ်မှာ ရိဒ်ကုန်သွယ်ရေးစခန်းရော တမူးကုန်သွယ်ရေးစခန်း ပါ ကွမ်းသီးများတင်ပို့မှု ကျဆင်းခဲ့တဲ့အတွက်ကြောင့် လျော့နည်းရခြင်းဖြစ် တယ်လို့ သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၄၀၆ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၉၅ တန်နဲ့ တမူး ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈၇ သန်းတန်ဖိုးရှိ ကွမ်းသီး

admin_ygn

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီ ၃ရက်မှ ၉ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၄၀ တန်ဖိုးရှိ ကော်ဖီစေ့ ၁၂ တန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က တာချီလိတ်မှ ကော်ဖီစေ့တင်ပို့မှု မရှိခဲ့ပါဘူး။မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးလျက်ရှိတဲ့ ဒေသများမှာ တောင်ငူ၊ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ် ရွာငံဒေသနဲ့ ချင်းပြည်နယ်တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထွက် အထူးတန်းကော်ဖီကို ၂၀၁၆ ခုနှစ်က အမေရိကန်သို့ တင်ပို့ခဲ့ပြီး ဂျပန်၊တရုတ်(တိုင်ပေ)၊ ဆွစ်ဇာလန်နဲ့ အာရှနိုင်ငံများသို့ ကော်ဖီ ဈေးကွက် ချဲ့ထွင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်း