admin_ygn

              ဒီဇင်ဘာ ၂ ရက်မှ ၈ရက်အထိ   ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ် ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှအမေရိကန်ဒေါ်လာ ၄၃၉၇၂ တန်ဖိုးရှိ နနွင်း တက် (ရှမ်းစ) ၆၁ တန်ခွဲကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က  တင်ပို့ခဲ့တဲ့ တန် ၄၀ နဲ့ နှိုင်းယှဉ်ပါက တန် ၂၀ ကျော်ပိုမို တင်ပို့ခဲ့တာတွေ့ရပါတယ်။ နနွင်းတက်ကို တစ်ဖက်နိုင်ငံမှာ ပရဆေးဖော်ဖို့နဲ့  အမှုန့်ပြုလုပ်ဖို့သာ ဝယ်ယူ နေတာကြောင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေတာ လို့ ကုန်စည်ဒိုင်တွေက တစ်ဆင့် သိရပါတယ်။ နနွင်းခါးကတော့ ဈေးချိုလို့ နည်းနည်းချင်းစီပဲ အဝယ်ရှိနေတယ်လို့ သိရပါတယ်။

admin_ygn

        နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ သီတင်းတစ်ပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၀၃ သန်းတန်ဖိုးရှိ ရော်ဘာ ၁၆၅၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ RSS 3 အမျိုးအစား ၃၄ တန်ခန့်၊ RSS 5 အမျိုးအစား ၄၄၈ တန်ကျော်၊MSR 20 အမျိုးအစား ၁၇ တန် ကျော်၊RSS 1 အမျိုးအစား ၁၇၁ တန်ကျော်တင်ပို့ပြီး ချင်းရွှေဟော် ကုန် သွ ယ်ရေး စခန်းမှ RSS 3 အမျိုးအစား ၂၂၅ တန်၊ RSS 5 အမျိုးအစား ၅၆၇ တန်ခန့်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ RSS 3  အမျိုး အစားတန်ချိန် ၇၀ ကျော် တင်ပို့ခဲ့ပါတယ်။&nbs

admin_ygn

     ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၉၆ သန်းတန်ဖိုးရှိ ဆိုင်ကယ် မျိုးစုံ ၇၃၅၉ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆၀၀၄ စီးတင်သွင်းခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာ ၈၆၄၅ စီး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ကော့သောင်းကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေး စခန်းမှ ပိုမိုတင်သွင်းခဲ့သော်လည်း မူဆယ်ကုန်သွယ်ရေးဇုန်နဲ့ မြဝတီကုန်သွယ်ရေးဇုန်တို့မှ လျော့နည်းတင်သွင်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ တင်သွင်းမှုကိုကြည့်ပါက မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၇သန်းတန်ဖိုးရှိဆိုင်ကယ် မျိုးစုံ ၆

admin_ygn

     မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ နိုဝင် ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၀၉၉ သန်းတန်ဖိုးရှိ ရေချိုငါးမျိုးစုံ ၁၀၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၆၀ သာ  တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၅ တန် ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့မှုကို ကြည့်ပါက အမေရိကန်ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ ငါးမြစ် ချင်း ၁၀၃ တန်နဲ့ အမေရိကန်ေ ဒ လာ သုညဒသမ ၀၀၂ သန်း တန်ဖိုးရှိ ငါးခေါင်းပွ ၁ ဒသမ ၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ရေချိုငါးများအပြင် အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ဧ

admin_ygn

      နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂၆၆၃၃၁၇တန်ဖိုးရှိ မြေသြဇာ ၈၆၃၄ ဒသမ ၇၁ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဂျာမနီနို င်ငံမှ တန်ချိန် ၂၀၀၀၊ အီရန်နိုင်ငံမှ ၁၀၀၃ ဒသမ ၄၅ တန်၊ ကိုရီးယားနိုင်ငံမှ ၄၇၆ ဒသမ ၄၀ တန်၊ နော်ဝေနိုင်ငံမှ ၉၈ ဒသမ ၅၄ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၀၅၀ တန်၊ ရုရှားနိုင်ငံမှ  ၃၄၉၀ ဒသမ ၆၀ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၁၅ဒသမ ၇၂တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ဒီတစ်ပတ်မှာကွန်ပေါင်း ၁၅း၁၅း၁၅၊ ယူရီးယား၊ နိုက်တြိုဂျင်၊ အာမို၁၆း၁၆း၈၊ ကွန်ပေါင်း ၁၆း၁၆း၂၀၊ ကွန်ပေါင်း ၂၁းရး၁၈ နဲ့ ဖလော်ရာ မြေသြဇာတို့တင

admin_ygn

        နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၃၄၃၃၀ တန်ဖိုးရှိ   ထိုင်းနိုင်ငံမှ  ဘိလပ်မြေ ၁၇၅ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် ၂၀၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဘိလပ်မြေ ၂၅ တန်ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလအတွင်း ဘိလပ်ေြ မ တင်သွင်းမှုမှာ တန်ချိန် ၁၅၀၀ ကျော် ရှိခဲ့ပြီး နိုဝင်ဘာလအတွင်း ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် ၂၂၂၀၀ကျော်ရှိတာ ကြောင့် နိုဝင်ဘာလမှာ ဘိလပ်မြေ တန်ချိန်၂၀၀၀၀ ကျော်

admin_ygn

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၇၆၆ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၅၇၄၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက်တင်ပို့မှုမှာ မူဆယ်မှနှမ်းနက်  ၁၅၁ တန်ခွဲ၊ နှမ်းဖြူ (အခွံချွတ်) တန် ၄၀ စုစုပေါင်းတန်ချိန် ၁၉၁ တန်ခွဲ တင်ပို့ခဲ့ တာကြောင့် ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၉၄ တန်နဲ့ နှိုင်း ယှဉ်ပါက ၉၇ တန်ခွဲ ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ သီတင်းပတ်အတွင်း နှမ်

admin_ygn

      ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ ဖလှယ်နှုန်းများ မြင့်တက်လာမှုကြောင့်  စားအုန်းဆီဈေးနှုန်းများလည်း  ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ယင်းကဲ့သို့ ကျဆင်းမှုသည် လေးလကျော်အတွင်း ဆက်လက်ကျဆင်းခြင်းဖြစ်ေ ကြာင်း၊ စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက စတား အွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။စားအုန်းဆီကို ကုန်သွယ်မှုပြုနေသည့် ရင်းဂစ်ငွေကြေး  တန်ဖိုးသည် ဒီဇင်ဘာလ ၅ ရက်က ဆက်လက်မြင့်တက်ခဲ့သ ည်။ သို့သော် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၆၆၀ ရင်းဂစ်ရှိ ခဲ့သည်။

admin_ygn

          မြန်မာ-တရုတ်နယ်စပ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ၁ ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၈၂၃ သန်းတန်ဖိုးရှိ ဆန်နဲ့ကောက် ညှင်းဆန် ၅၄၂၇၈ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ   ဧည့်မထဆန် ၄၀၉၈၇ တန်ကျော်နဲ့ ကောက်ညှင်းဆန်၁၁၃တန်ခန့်၊ ချင်းရွှေ ဟော်ကုန် သွယ်ရေးစခန်းမှ ဧည့်မထဆန်ငါးတန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၂၁၆၂ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဧ

admin_ygn

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင် ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၀၁ သန်းတန်ဖိုးရှိ Re-export သကြား ၁၆၉၂၃ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့တန် ၁၃၀၄၀ ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈၈၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၀၂ သန်းတန်ဖိုးရှိ Re-export သကြား တန် ၁၀၈၀ ကိုတင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန်၂၀၀၀ နဲ့ နှိုင်း ယှဉ်ပါက တန်ချိန် ၉၂၀ လျော့နည်းတင်ပို့ခဲ့ပါတယ်။