၁။ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ(၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးကြိတ်သားနှင့် CMP ပစ္စည်းများကိုတင်ပို့ခဲ့ပါသည်။
၂။ (၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများဖြစ်ပါသည်။
