bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့မှ စက်တင်ဘာလ (၃၀)ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးကြိတ်သား တစ်တန်လျှင် (၁၈၅၂) ဒေါ်လာနှုန်းဖြင့်(၄၃.၂) တန်၊တန်ဖိုး (၀.၀၈၀)ဒေါ်လာသန်း၊ ငါးမှုန့်တစ်တန်လျှင် (၉၀၈)ဒေါ်လာနှုန်းဖြင့်(၃၀၀)တန် ၊ တန်ဖိုး (၀.၂၇၂) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၃၅၂) ဒေါ်လာသန်းအား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင် သို့တင်ပို့ နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁) တ

bordertrade

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၂၃) တန်၊ တန်ဖိုး (၀.၂၆၅)ဒေါ်လာသန်း၊ ရာဘာစေး (၄၀)တန်၊တန်ဖိုး(၀.၀၃၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း ၊ လက်ဖက်ခြောက်(၁၄) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၈၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

bordertrade

၁။     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၂၆-၉-၂၀၂၃)ရက်နေ့မှ (၂၉-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့်ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ မြေပဲ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ရေထွက် ပစ္စည်းဖြစ်သည့်ငါးပါးလျှပ်၊ငါးခွေးလျှာ၊ ငါးမြွေထိုး၊ ဂုံး၊ ပုစွန်၊ ကဏန်း၊ CMP ပစ္စည်းများ၊ ငါးဖမ်း ပိုက်ကွန်များနှင့် တောပန်းမြစ်ခြောက်တို့ကို တင်ပို့ခဲ့ပါသည်။ 

bordertrade

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၇-၉-၂၀၂၃) မှ (၁-၁၀-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၁၇၁.၀၀)တန်၊ တန်ဖိုး(၀.၀၇၀)ဒေါ်လာသန်း၊ပြောင်း (၂၀၅.၀၀)တန်၊တန်ဖိုး(၀.၀၅၄) ဒေါ်လာသန်း၊ ရော်ဘာ (၅၆.၀၀) တန်၊ တန်ဖိုး (၀.၀၇၆) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။

bordertrade

     ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိပါသည်။၂၀၂၃ခုနှစ်၊အောက်တိုဘာလ ၀၁ ရက်နေ့တွင်ပို့ကုန်လိုင်စင်လျှောက် ထား/ ထုတ်ပေးမှု မရှိပါ။

bordertrade

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက် မှာ ပို့ကုန်(၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာ သန်းဖြစ်ပါသည်။

စက်တင်ဘာလ (၃၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၁.၂၆၈) ဒေါ်လာသန်း၊ သွင်းကုန်(၁.၃၂၉)ဒေါ်လာသန်း၊စုစုပေါင်း (၂.၅၉၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၆၁.၈၃၃%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

bordertrade

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့မှ(၂၉)ရက်နေ့အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၄.၂၈၃)ဒေါ်လာသန်းနှင့်သွင်းကုန် (၁၅.၉၇၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၂၀.၂၅၄) ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၂၉၉) စီး၊ သွင်းကုန် (၈၉၅) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။

mocadmin

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့်ငါးကြိတ်သားတစ်တန်လျှင် (၁၈၅၂) ဒေါ်လာနှုန်းဖြင့် (၄၃.၂) တန်နှင့် ငါးမှုန့်တစ်တန်လျှင် (၉၀၈) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန် တင်ပို့နိုင်ခဲ့သည်။

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက် နေ့ အတွင်းသွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၃၀၀) တန်၊ ဓါတ်ဆီ တစ်တန်လျှင် (၁၀၄၁) ဒေါ်လာနှုန်းဖြင့် (၆၁၉) တန်တင်သွင်းခဲ့သည်။

mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိ ရာ ၂၆-၉-၂၀၂၃ ရက်နေ့မှ ၂၉-၉-၂၀၂၃ ရက်နေ့အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် အများဆုံးတင်ပို့ခဲ့ သည့်ပို့ကုန်ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့်ရေထွက်ပစ္စည်းဖြစ်သည့်  ငါးပါးလျှပ်၊ ငါးခွေးလျှာ၊ ငါးမြွေထိုး၊ ဂုံး၊ ပုစွန်၊ ကဏန်းတို့ဖြစ်ပြီးဂေါ်ဖီ၊ မြေပဲ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ငါးဖမ်းပိုက်ကွန်များနှင့် တောပန်းမြစ်ခြောက်တို့ကို တင်ပို့ခဲ့သည်။