bordertrade

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်သွယ်မှုလျာထားချက် မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

အောက်တိုဘာလ (၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၃၀၅) ဒေါ်လာသန်း၊ သွင်းကုန်(၀.၃၉၆)ဒေါ်လာသန်း၊စုစုပေါင်း(၀.၇၀၀) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထား ချက်အပေါ် (၁၆.၃၀၂%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

bordertrade

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၃၀)ရက်နေ့မှ အောက်တိုဘာ (၁၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၃.၇၉၉) ဒေါ်လာသန်း၊ သွင်းကုန် (၂၀.၆၇၃) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၄.၄၇၂)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

bordertrade

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၉-၁၀-၂၀၂၃) မှ (၁၀-၁၀-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ပို့ကုန်ပိုင်းတွင် ပြောင်း(၉၅.၀၀)တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ တင်ပို့နိုင်ခဲ့ပါသည်။

bordertrade

၁။      ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။

bordertrade

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလလျာထားချက်မှာ ပို့ကုန်(၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၀၃၀)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၀-၂၀၂၃မှ၈-၁၀-၂၀၂၃ထိ)အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၀၉၄)ဒေါ်လာသန်း၊သွင်းကုန် (-)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၀၉၄)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက် အပေါ် (၆.၁၄%)ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

bordertrade

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ် ၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

bordertrade

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၉ ) ရက်နေ့မှ( ၁၀ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၈၇၇) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၇) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၈၈၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

bordertrade

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၇၅) တန်၊ တန်ဖိုး (၀.၁၅၆)ဒေါ်လာသန်း၊ ရော်ဘာစေး (၂၀)တန်၊တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၁၁) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း ၊Maganese Dioxide(၅၁၆) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ အလူမီနီယံဖြတ်စ (၄၀) တန်၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါ သည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ  တာချီလိတ် ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူ ပြီးမှသာ လိုင

bordertrade

၁။      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ(၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက်၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကွမ်းရှပ်၊ ငါးကြိတ်သားနှင့် CMP ပစ္စည်းများကိုတင်ပို့ခဲ့ပါသည်။ 

၂။     (၃-၁၀-၂၀၂၃) ရက်နေ့မှ (၆-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ CMP ပစ္စည်းများနှင့် ရေထွက်ပစ္စည်းများဖြစ်ပါသည်။