၁။ မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိ ရာ (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ သခွားစေ့၊ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/သတ္တုများ၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကြင်းဆီဖောင်းနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။
၂။ (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ မှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။
