ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှ ၁၇ ရက်နေ့ အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀) မျိုးမှာ ရာဘာ (၁၈၃၇.၇၅) တန်၊ ဆန်ကွဲ (၁၁၇၁.၂၅) တန်၊ ပြောင်း (၁၆၄၁.၅၀)တန်၊ နှမ်း (နက်) (၂၅၅.၅၅)တန်၊ ပဲယင်း (၃၄၀.၀၀)တန်၊ ဆန် (၅၃၉.၇၅) တန်၊ ဝဥခြောက်(၁၃၅.၃၅)တန်၊  ထောပတ်ပဲ (၁၃၃.၃၀) တန်၊ မြေထောက်ပဲ (၃၂.၀၀)တန် နှင့် မြေပဲ (အခွံပါ) (၅၃.၉၀)တန် တင်ပို့နိုင်ခဲ့သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ သံနှင့်သံမဏိ ဆောက်လုပ်ရေး ပစ္စည်းများ(၅.၃၁၃) ဒေါ်လာသန်း၊ ချည်ထည်များ (၂.၀၆၅) ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၁.၇၂၅) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၀.၆၉၃)ဒေါ်လာသန်း၊ ချုပ်ပြီးအဝတ် အထည်များ (၀.၆၀၆) ဒေါ်လာသန်း၊ သားရေ၊သားရေတုဖြင့် ပြုလုပ်သောပစ္စည်း (၀.၅၄၈)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၄၈၈) ဒေါ်လာသန်း၊ဆေးဝါးပစ္စည်းများ (၀.၂၅၈)ဒေါ်လာသန်းနှင့် မီးဖို ချောင်သုံးပစ္စည်းများ (၀.၂၄၀)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့သည်။

(DOT ချင်းရွှေဟော်)