တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၇၅) တန်၊ တန်ဖိုး (၀.၁၅၆)ဒေါ်လာသန်း၊ ရော်ဘာစေး (၂၀)တန်၊တန်ဖိုး(၀.၀၁၇)ဒေါ်လာသန်း၊ ဆေးရွက်ကြီး (၁၁) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း ၊Maganese Dioxide(၅၁၆) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ အလူမီနီယံဖြတ်စ (၄၀) တန်၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါ သည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ  တာချီလိတ် ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူ ပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ဆောင်ရွက်၍ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ ဆေးရွက်ကြီး (၁၁) တန်မှာ တာချီလိတ်ကုန်သွယ် ရေးစခန်းတွင်ပို့ကုန်ကြေငြာလွှာ(ED)ဖွင့်လှစ်၍ ကျိုင်းလပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ခြင်း ဖြစ်ပါသည်။တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့်ကျပ်(၁)သိန်းလျှင်(၁၀၉၀) ဘတ်ဖြစ်ပေါ် ခဲ့ပါသည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၂၀၈) ဒေါ်လာသန်း၊ ဒီဇယ် (၀.၁၃၆)ဒေါ်လာသန်း၊ဘိလပ်မြေ (၀.၃၄၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၆၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ(၀.၀၂၅)ဒေါ်လာ သန်း ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၄၉)ဒေါ်လာသန်း၊ သုတ်ဆေး/ပေါလစ်များ (၀.၀၁၇)ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၃၂၁) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။