တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၃-၉-၂၀၂၃ မှ ၂၉-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ (၁၂၃) တန်၊ တန်ဖိုး (၀.၂၆၅)ဒေါ်လာသန်း၊ ရာဘာစေး (၄၀)တန်၊တန်ဖိုး(၀.၀၃၄) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း ၊ လက်ဖက်ခြောက်(၁၄) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၈၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ယခုအပတ်တွင်ကြက်သွန်ဖြူတင်ပို့မှု လျော့နည်းခြင်းနှင့်သတ္တု တင်ပို့မှုမရှိခြင်းကြောင့် ယခင်အပတ်(၁၆-၉-၂၀၂၃ မှ ၂၂-၉-၂၀၂၃) ရက်နေ့ထိနှင့်နှိုင်းယှဉ်ပါက (၀.၁၈၈) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့်ကျပ်(၁) သိန်းလျှင် (၁၀၈၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

        တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိက တင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၁၇၂) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၀၄)ဒေါ်လာသန်း၊ဘိလပ်မြေ(၀.၂၈၀)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ် ရေးပစ္စည်းများ(၀.၁၂၆) ဒေါ်လာသန်း၊သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ(၀.၀၃၂) ဒေါ်လာ သန်း ၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်း များ(၀.၀၄၁)ဒေါ်လာသန်း ၊ သုတ်ဆေး/ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၁.၀၂၉) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။စက်သုံးဆီဈေးနှုန်းအနေဖြင့် ရိုးရိုးဒီဇယ်ဆီ တစ်တန်လျှင် (၁၀၀၈)ဒေါ်လာ ၊ ပရီမီယမ်ဒီဇယ်ဆီ တစ်တန်လျှင် (၁၀၄၀) ဒေါ်လာ ၊ ဓါတ်ဆီ(92 Ron) တစ်တန်လျှင်(၁၀၁၅) ဒေါ်လာ၊ ဓါတ်ဆီ(95 Ron) တစ်တန်လျှင် (၁၀၆၅) ဒေါ်လာဖြစ်ပါ သည်။