မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၈-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၀.၇၈၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၉၉၃) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၁.၇၇၃) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဝါဂွမ်း (၁၀၀.၉၄၅) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၁၇၅) သန်း၊ ငါးရှဉ့်(၄၇.၂၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၄၂) သန်း၊ ပဲယင်း (၁၃၇.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၃) သန်း၊ ရော်ဘာ (၇၉.၅၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၉၅)သန်း၊သကာရည်(၁၈၉.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၅၇) သန်း၊ ကဏန်း (၁၄.၅၅၀) တန်၊ တန်ဖိုး (၀.၀၅၅)ဒေါ်လာသန်း၊ လျှော်ဖြူ(၂၇.၅၀၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၅)သန်း၊ကြက်သွန်နီ(၅၁.၀၀၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၁) သန်း ၊ ပိုးအိမ် (၄.၃၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁)သန်းနှင့် မက္ကဒေးမီးယားသီး (၃၃.၀၀၀) တန် ၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၁၃) သန်းတို့ဖြစ်ပါသည်။
အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၂၂၉)သန်း၊ ဖလင်ပြား တန်ဖိုး ကန်ဒေါ်လာ(၀.၀၄၇) သန်း၊ အလူမီနီယံ ချောင်းတန်ဖိုးကန်ဒေါ်လာ(၀.၀၄၇)သန်း၊သံချောင်းတန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၈) သန်း၊ ကားတာယာ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၃) သန်း၊ ပလပ်စ တစ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၃) သန်း၊ လိမ္မော်သီး တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၀)သန်း ၊ ကော်ဗူး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀) သန်းနှင့် ဆိုလာပြား တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၈) သန်းတို့ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၈) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၇.၁၈၈)သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၇.၆၅၉) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၄.၈၄၇)သန်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင်ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။
အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါ သည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ် နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။
(၈-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ဝါဂွမ်း (၁) တန်လျှင်ကန်ဒေါ်လာ(၁၇၃၉.၁၉၇)နှုန်း ၊ ငါးရှဉ့်(၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၁၀၂) နှုန်း၊ ပဲယင်း(၁)တန်လျှင်ကန်ဒေါ်လာ(၈၉၂.၁၁၆)နှုန်း၊ရော်ဘာ(၁)တန်လျှင်ကန်ဒေါ်လာ (၁၁၉၅.၁၈၉) နှုန်း၊သကာရည် (၁)တန်လျှင် ကန်ဒေါ်လာ (၃၀၀.၄၃၉) နှုန်း၊ ကဏန်း (၁)တန်လျှင် ကန်ဒေါ်လာ (၃၇၉၉.၉၇၇) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၉၈၇.၇၂၄) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၆၀၅.၃၂၅)နှုန်း ၊ ပိုးအိမ် (၁) တန်လျှင် ကန်ဒေါ်လာ (၄၉၁၆.၂၁၆) နှုန်း ၊ မက္ကဒေးမီး ယားသီး (၁) တန်လျှင် ကန်ဒေါ်လာ(၃၉၄.၅၁၅) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။
(၂-၁၀-၂၀၂၃) ရက်နေ့ မှ (၈-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငါးရှဉ့် (၃၅၃.၃၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၆၂) သန်း၊ ကဏန်း (၁၈၅.၇၂၅)တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၇၀၇)သန်း၊ဝါဂွမ်း(၃၆၈.၉၈၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၆၄၁)သန်း၊ သွပ်သတ္တု (၁၉၅.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၅၄၂)သန်း၊ ကျောက်စိမ်း (၀.၆၈၂)တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၄၈၄) သန်း ၊ ဆန်ကွဲ(၉၃၈.၀၀၀) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၃၈၅) သန်း၊ ကြက်သွန်နီ (၅၂၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၄) သန်း၊ လျှော်ဖြူ (၁၆၅.၅၂၂)တန်၊တန်ဖိုးကန်ဒေါ်လာ(၀.၃၁၀)သန်း၊ ပဲယင်း(၂၄၂.၅၀၀)တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၂၁၇) သန်းနှင့် နှမ်း(၁၀၆.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၁၆၉) သန်းတို့ဖြစ်ပါသည်။
(၂-၁၀-၂၀၂၃) ရက်နေ့မှ (၈-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့ သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၂.၀၆၄) သန်း၊ ဖလင်ပြား တန်ဖိုး ကန်ဒေါ်လာ (၀.၁၈၂) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၁၇၁) သန်း၊ ပိုးသတ်ဆေး တန်ဖိုး ကန်ဒေါ်လာ (၀.၁၄၁) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့်မော်တော် ဆိုင်ကယ်အပိုပစ္စည်း တန်ဖိုး ကန်ဒေါ်လာ (၀.၁၃၈)သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ(၀.၁၂၅) သန်း၊ ကြွေပြားတန်ဖိုးကန်ဒေါ်လာ(၀.၁၁၉)သန်း၊ သံဘောင်တန်ဖိုး ကန်ဒေါ်လာ (၀.၁၀၁) သန်း ၊ ဆိုလာပြားတန်ဖိုး ကန်ဒေါ်လာ (၀.၀၈၁) သန်းနှင့် ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၆) သန်းတို့ဖြစ်ပါသည်။
(၂-၁၀-၂၀၂၃) ရက်နေ့ မှ (၈-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၅.၉၀၄) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၀၆.၁၅၈) နှုန်း၊ ဝါဂွမ်း (၁)တန်လျှင် ကန်ဒေါ်လာ (၁၇၃၈.၁၁၂) နှုန်း၊ သွပ်သတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၂၇၇၄.၈၈၀) နှုန်း၊ ကျောက်စိမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၇၀၉၁၀၅.၃၆၂)နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၁၀.၈၉၉) နှုန်း၊ ကြက်သွန်နီ (၁)တန် လျှင် ကန်ဒေါ်လာ (၅၉၈.၈၄၄) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၈၇၁.၉၆၁) နှုန်း၊ ပဲယင်း(၁)တန်လျှင်ကန်ဒေါ်လာ (၈၉၂.၇၉၄) နှုန်း၊ နှမ်း (၁) တန်လျှင် ကန်ဒေါ်လာ (၁၅၈၈.၇၃၂) နှုန်းဖြင့် တင်ပို့နိုင် ခဲ့ပါသည်။
လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းကောင်းမွန် လျက်ရှိပါသည်။
၁။ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထား ထားပါက ခွင့်ပြုပေးလျက်ရှိပါသည်။
၂။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာ ပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၄၀)စောင်ဖြစ်ပြီး အလူမီနီယံသတ္ထု၊ ကွမ်းသီး၊ သီဟိုဠ်စေ့၊ ကြောင်ပန်းစေ့၊ ဝါဂွမ်း၊ ကွမ်းသီးခြောက်၊ လျှော်ဖြူ၊ ကဏန်း၊ ငါးရှဉ့်၊ နေလဲစေ့၊ မိကျောင်း ကွမ်းဖတ်စေ့၊ ဇင့်သတ္ထုတို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ စုစုပေါင်း Form E (၂၄၉)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
၃။ ၂၀၂၃ခုနှစ်၊အောက်တိုဘာလ၈ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ဝါဂွမ်း (၀.၁၇၅) ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၄၂) ဒေါ်လာသန်း၊ ပဲယင်း(၀.၁၂၃) ဒေါ်လာသန်း၊ ရော်ဘာ(၀.၀၉၅) ဒေါ်လာသန်း၊ သကာရည် (၀.၀၅၇) ဒေါ်လာသန်း၊ ကဏန်း(၀.၀၅၅) ဒေါ်လာသန်း၊ လျှော်ဖြူ (၀.၀၅၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၀.၀၃၁) ဒေါ်လာသန်း၊ ပိုးအိမ် (၀.၀၂၁) ဒေါ်လာသန်း၊ MACADIMIA NUT (မက္ကဒေးမီးယားသီး) (၀.၀၁၃) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။
၄။ သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၂၂၉) ဒေါ်လာသန်း၊ ဖလင်ပြား (၀.၀၄၇)၊ အလူမီနီယံချောင်း (၀.၀၄၇) ဒေါ်လာသန်း၊ သံချောင်း (၀.၀၄၁) ဒေါ်လာ သန်း၊ စပျစ်သီး (၀.၀၃၈) ဒေါ်လာသန်း၊ ကားတာယာ(၀.၀၃၃) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၀.၀၃၃)၊လိမ္မော်သီး (၀.၀၃၀)ဒေါ်လာသန်း၊ ကော်ဗူး(၀.၀၃၀) ဒေါ်လာသန်း၊ ဆိုလာပြား(၀.၀၂၈) ဒေါ်လာသန်း အများဆုံး တင်သွင်းခဲ့ပါသည်။
၅။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၄၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၄) စီး၊ စုစုပေါင်း(၁၂၈)စီး၊ ပို့ကုန်(၀.၇၈၀) ဒေါ်လာသန်း၊ သွင်းကုန်(၀.၉၉၃) ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ(၁.၇၇၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ၈ရက် အထိ ပို့ကုန်ယာဉ်စီးရေ (၃၈၅)စီး၊ သွင်းကုန်ယာဉ်စီးရေ (၅၄၉)စီး ကုန်သွယ်မှု
(၁၄.၈၄၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
၆။ မြန်မာ-တရုတ်နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေး အပြင်ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်း များနှင့်ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက် ရှိပါသည်။
၇။ မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာRSS-3 (၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ် နေကြောင်းသိရှိရပါသည်။
၈။ ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်းတစ်ဖက်နိုင်ငံကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော်ဗဟို ဘဏ်၏ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။