admin_ygn

     အောက်တိုဘာလ တတိယပတ် ရန်ကုန်မြို့ကားဈေး ကွက်အခြေအနေမှာ ယခင်ရက်သတ္တပတ်များထက် ထူးထူး ခြားခြား ကောင်းမွန်လာပြီး အဝယ်သမားများလာကာ  အရောင်းသမားများမှာ ဈေးစောင့်ဆိုင်းရောင်းချမှု များ ရှိလာကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက်တွင် ကားလောကသားများ စောင့်ဆိုင်းနေကြသော ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်း ခွင့်မူဝါဒထွက်ရှိလာသဖြင့် မထုတ်ပြန်မီ အနည်းငယ်အဝယ် လိုက်နေသော ကားဈေးကွက်မှာ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းမှစတင်၍ ညာမောင်းကားလေးများ နည်းတူ စလစ်ကပ်ကားများလည်း ဈေးမာလာပြီး စလစ်ဈေးများ လည်း ၁၀ သိန်းကျော်ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရ သည်။

admin_ygn

      စက်တင်ဘာ ၁  ရက်မှ  ၂၃ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၇၉၆၃၇၀ တန်ဖိုးရှိ ဘိလပ်မြေ ၃၀၂၉၂ ဒသမ ၃၆၉ တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့  နိုင်ငံနဲ့ တန်ချိန် မှာ ထိုင်းနိုင်ငံမှ ၂၃၂ ဒသမ ၆၀ တန်၊ မလေးရှားနိုင်ငံမှ ၁၅၇၈၇ ဒသမ ၄၃၂ တန်၊ ဗီယက်နမ်နိုင်ငံမှ ၁၄၀၀၂ တန်၊ အီရန်နိုင်ငံမှ၂၇၀ ဒသမ ၃၃၇ တန် တင်သွင်းခဲ့တယ် လို့ သိရပါတယ်။  တင်သွင်းခဲ့တဲ့ တံဆိပ် များမှာ အေအေဘိလပ်မြေ၊ အက်စ်စီဂျီ ဘိလပ်မြေ၊ စိန်တံဆိပ်ဘိလပ်မြေ ၊ ဆင်တံဆိပ်နဲ့ အခြားတံဆိပ်များ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်သီတင်းပတ်အတွင်း နယ

admin_ygn

      စက်တင်ဘာ ၂၃ရက်မှ ၂၉ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၀၀တန်ဖိုးရှိ ချင်းစို ၂၅တန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က စစ်တွေ မှ ချင်းတင်ပို့မှုမရှိခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလတစ်လလုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  စစ်တွေမှတစ်ဆင့် ချင်းစို ၅၁တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ စစ်တွေမှာ ချင်းစိုတစ် တန်ကို မိမိ ဘက်ပေါက်ေ ဈးမှာ(ငွေလဲနှုန်းအရ) ၁၀၂၉၃၄၄ ကျပ်ရှိပြီး ယခင်နှစ်ကာလတူက ကျပ် ၉၂၁၈၈၀ဈေးရှိခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

admin_ygn

      ယခုတစ်ပတ် ပြည်ဈေးကွက်တွင် နှမ်းနက်နှင့် စမုံနှမ်းနက်မှာ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေသော်လည်း နှမ်းနီမှာ ဈေးအနည်းငယ်ကျလာ တာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း နှင့် နတ်တလင်းဘက်ရှိ တာပွန်ရွာ  မှ တစ်နေ့လျှင် နှမ်းအိတ် ၅၀၀ ခန့်သာ ဝင်ရောက်နေတာ တွေ့ရပါတယ်။ နှမ်း နီမှာ အဝယ်ရှိပေမယ့် ပစ္စည်းလက်ကျန် နည်းလာလို့ ဈေးပါကျလာတာ တွေ့ ရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီ စခန်းစုံမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၀၈ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၄၃၅၆ တန်ကို တရုတ်နိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုမှာ မူဆယ်မှ တန် ၁၂၂၀၀၊ လွယ်ဂျယ် မှ ၁၆၇၅ တန်၊ ချင်းရွှေဟော်မှ ၂၂၃ တန်ခွဲနဲ့ ကန်ပိုက်တီမှ ၂၂၃ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ်က အဆိုပါစခန်းများမှ ၁၀၃၇၈ တန် တင်ပို့ခဲ့လို့ ၃၉၇၇ တန်ကျော် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း တစ်တန်ကို ၃၁၇၇၁၉ ကျပ်ရှိရာမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက် သီတင်းပတ် အတွင်း ၃၁၀၅၂၁ ကျ

admin_ygn

       မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၇၃ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၆၀၇၉ တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ၆၂၅၀ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၁ တန်လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်နဲ့   ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် ပိုမိုတင်ပို့ခဲ့ပေမယ့် မြိတ်ကုန်သွယ်ေ ရးစခန်းမှ ရေထွက်ကုန်များ တင်ပို့မှုလျော့နည်းခဲ့တဲ့အတွက် ယခုလိုလျော့နည်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

        တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၅၁သန်းတန်ဖိုးရှိ ဆိုင်ကယ်မျိုးစုံ ၉၆၇၆ စီးကိုတင်သွင်းခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇၉၉၂ စီးတင်သွင်းခဲ့တဲ့အတွက်ယခုတစ်ပတ်မှာ ၁၆၈၄စီး ပိုမို တင်သွင်းခဲ့ပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကန်ပိုက် တီကုန်သွယ်ရေးစခန်းနဲ့ တမူးကုန်သွယ်ရေးစခန်းများမှ ဆိုင်ကယ်များ လျော့နည်းတင်သွင်းခဲ့ပေမယ့် မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆိုင်ကယ်များပိုမို တင်သွင်းခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်တယ်လို့ သိရပါတယ်။

admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၂၆၅ တန်ဖိုးရှိ လက်ဖက်ခြောက် ၅၂ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၄၁ တန်နဲ့ ချင်းရွှေဟော်မှ ၁၁ တန်ဖြစ်ပါတယ်။ ယခင်ရက်သတ္တပတ်က ချင်းရွှေဟော်မှ လက်ဖက်ခြောက် တင်ပို့မှု မရှိဘဲ မူဆယ်မှ ၂၆ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာလက်ဖက်ခြောက် ွမနနည ွှနေ ကိုထိုင်း၊ တရုတ်နဲ့ ဂျပန်တို့တွင်ပြုလုပ်ခဲ့ သည့်ကုန်စည်ပြပွဲများတွင် သွားရောက်ပြသခဲ့ရာ အားပေးမှုများ ရရှိခဲ့ကြောင်း၊ မြန်မာ့ လက်ဖက်စိုက

admin_ygn

      မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၄ သန်း တန်ဖိုးရှိ ကွမ်းသီး၄၉၂ တန်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၆၉၂ တန်တင်ပို့ ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၂၀၀ လျော့နည်းခဲ့တယ်လို့သိရပါတယ်။ တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ၁၈၅သန်းတန်ဖိုးရှိကွမ်းသီး၂၀၉ တန်၊ ရိဒ်ကုန် သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၂၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၂၈၃တန်ကို တင်ပို့ခဲ့ပါတယ်။

admin_ygn

       မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် တစ်လအတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီဈေးနှုန်း များ ကျဆင်းနေခြင်း၊ စားအုန်းဆီကို အများဆုံးစားသုံးလျက်ရှိသည့် တရုတ်နှင့်အိန္ဒိယတို့မှ တင်သွင်းမှု အားနည်းသွားခြင်းတို့သည် စားအုန်းဆီဈေး ကျဆင်းမှုနှင့် ဆက်စပ်လျက်ရှိသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဒီဇင်ဘာ လ အတွက် စားအုန်းဆီစံထားဈေးနှုန်းသည် ၁ ဒသမ ၇ ရာခိုင် နှုန်းကျဆင်းကာ ၂၆၉၁ ရင်းဂစ်(အမေရိ ကန်ဒေါ်လာ ၆၄၀ ဒသမ ၄၁)နှုန်းသာရှိခဲ့သည်။ သြဂုတ်လ ၂၁ရက်ကတည်း က ကျဆင်းခဲ့သည့် စားအု