admin_ygn

        သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၀၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်းအမယ် ၁၀ မျိုး၊ တန်ချိန် အားဖြင့် ၃၆၈ တန် ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ ခဲ့တဲ့ ၁၂၁ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ ၂၄၇ တန်ပိုမိုတင်ပို့ခဲ့ ပါတယ်။

admin_ygn

 မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၉ ရက်မှ ၂၅ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ သုညဒသမ ၅၂၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၆၀၄ တန်ကို  တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၈၄ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်၂၂၀ ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးနယ်စပ်ရော ရိဒ် နယ်စပ်ပါ ကွမ်းသီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။တင်ပို့မှုကိုကြည့်ပါက တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၃၉ သန်းတန်ဖိုးရှိ ကွမ်းသီး ၄၉၈ တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၆ သန်း တန်ဖိုးရှိ ကွမ်းသီး ၁၀၆ တန်ကို တင်ပို့ခဲ့ တယ်လို့ သ

admin_ygn

        ကျောက်ဆည်ခရိုင်အနေဖြင့် ယခုနှစ် ငရုတ်ကို ၁၇၅၃၁ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ငရုတ်သီးကို ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးခဲ့ပြီး မေလတွင် စတင်ခူး ဆွတ်ကြကြော င်း၊ ငရုတ်မျိုးအနေဖြင့် အထွက်နှုန်းကောင်းမွန်သော သာမို၊ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်းသောကြောင့် အပင်များကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်း၍အသီးများ ဖြိုင်ဖြိုင်ရင့်မှည့်နေပြီဖြစ်ပါသည်။

admin_ygn

        မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် စခန်းသုံးခုမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်း ပတ်အတွင်း တရုတ်နိုင်ငံသို့ အမေရိ ကန်ဒေါ်လာ  ၁ ဒသမ၅၈၉ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၇၃၂၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ တန် ၆၈၀၀၊ လွယ်ဂျယ်မှ ၄၄၅ တန်ခွဲနဲ့ ချင်းရွှေဟော်မှ ၈၂ တန်ခွဲဖြစ်ပါတယ်။ ယခင်တစ်ပတ် က မူဆယ်မှ ၇၂၂၀ တန်၊ လွယ်ဂျယ်မှ ၅၂၁ တန်နဲ့ ချင်းရွှေေ ဟာ်မှ ၄၇၁ တန်ခွဲ စုစုပေါင်း ၈၂၁၂ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ် ၈၉၂ တန်လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်း

admin_ygn

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၄ သန်းတန်ဖိုးရှိ ရော်ဘာ ၈၇၅ တန်ကျော် တင်ပို့ ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန် သွယ်ရေးဇုန်မှ RSS 5 အမျိုးအစားတန်ချိန် ၃၀၊ MSR 20 အမျိုးအစား ၃၂၂ တန်ကျော်၊ ရော်ဘာဖြတ်စတန်ချိန် ၈၀၊  ချင်းရွှေဟော်ကုန်သွယ်ရေးစခ န်းမှ RSS 3 အမျိုးအစား တန်ချိန် ၁၄၀၊ RSS 5 အမျိုးအစား ၂၈၅ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ RSS 3 အမျိုးအစား ၁၀ တန်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ် ကုန်သွယ်ရေ

admin_ygn

        မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၃၃၂ သန်း တန်ဖိုး ရှိ ကွမ်းသီး ၃၈၄ တန်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၄၃၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၄၇ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီး ပိုမိုတင်ပို့ခဲ့သော် လည်း ရိဒ်ကုန်သွယ်ရေးစခန်းမှ လျော့ နည်း တင်ပို့ခဲ့တဲ့အတွက် ယခုလို ကျဆင်းရခြင်း ဖြစ်ပါတယ်။

admin_ygn

        မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ သြဂုတ် ၁၂ ရက် မှ ၁၈ ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ  ၄ ဒသမ ၈၂၇ သန်းတန်ဖိုးရှိ  ရေထွက်ကုန် ၅၂၃၂ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ၃၈၂၈ တန် တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၁၄၀၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း၊ မြိတ် ကုန်သွယ် ရေးစခန်း သုံးခုလုံးမှ ရေထွက် ကုန်များ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်း ဖြစ်ပါတယ်။ စခန်းအလိုက် တင်ပို့မှုကို ကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၊

admin_ygn

       ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ၁၂ ရက်မှ ၁၈ ရက်ထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅၉ သန်းတန်ဖိုးရှိ ဆိုင်ကယ် ၇၈၀၉ စီးကို တင်သွင်းခဲ့ ပါတယ်။ယခင်တစ်ပတ်က ၁၀၇၃၅ စီး တင်သွင်းခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၂၉၂၆ စီးလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ   တမူးကုန်သွယ်ရေးစခန်းမှ ဆိုင်ကယ်အနည်းငယ်သာ တင်သွင်းမှု ပိုမိုခဲ့ပေမယ့် အခြားကုန်သွယ်ရေး စခန်းများမှ တင်သွင်းမှုကျဆင်းခဲ့ တဲ့အတွက် ယခုလို လျော့နည်းရခြင်းဖြစ်ပါတယ်။

admin_ygn

      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်း ပတ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၂၈၀၀တန်ဖိုးရှိ ငွေချည်-၆ ဝါ ၂၄ တန်နဲ့ အမေရိကန်ေ ဒါ်လာ ၁၄၀၀၀ တန်ဖိုးရှိ ပိုးအိမ် လေးတန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝါဂွမ်း ၇၉ တန်နဲ့ ပိုးအိမ်လေးတန် တင်ပို့မှုနဲ့  နှိုင်းယှဉ်ပါကဝါတင်ပို့မှု ၅၅ တန် လျော့နည်းပြီး ပိုးအိမ် တင်ပို့မှုမှာ  ပုံမှန် ရှိကြောင်း သိရပါတယ်။ မူဆယ်မှာ  ဝါဂွမ်းတစ်တန်ကို လိုင်စင်ဈေး အမေရိကန် ဒေါ်လာ ၂၂၀၀ ရှိပြီး ပိုးအိမ်တစ်တန်ကိုအမေရိကန်ဒေါ်လာ ၃၅၀၀ ရှိတယ်လို့ သိရ ပါတယ်။

admin_ygn

        ပြည်ကြက်သွန်ဖြူ(ပွဲရုံ)များတွင် ကြက်သွန်ဖြူအိတ်တွေ ရှမ်းလိုင်းရော တရုတ်လိုင်းပါ နေ့စဉ်ပုံမှန်ဝင်ရောက်လျက် ရှိနေပါတယ်။ ဈေးနှုန်းများမှာလည်း အနည်းငယ်စီဆက်၍ ကျဆင်းလာတာကြောင့် ပြည်မြို့နယ်တွင်းစားသုံး သူရော သုံးစွဲသူပါဈေးနှုန်းအကြိုက် ဖြစ်နေပါတယ်။ ယခုတစ်ပတ်ပြည်ကြက်သွန်ဖြူ တစ်ပိဿာလျှင် (ပွဲရုံဈေး) ရှမ်းစ လတ် ကျပ် ၃၂၀၀၊ ကြူကုတ်စ ကျပ် ၂၀၅၀ဈေးထိကျလာတာတွေ့ရပါတယ်။ ဒေသတွင်းလက်လီအရောင်းဈေး များတွင် တစ် ပိဿာလျှင် ရှမ်းစ ကျပ် ၃၆၀၀ နှင့် ကြူကုတ်စ ကျပ် ၂၄၅၀ ဖြင့်ရောင်းချ လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ဒေသတွင်း အရောင်းအဝယ်နည်းနေပြီး ဒေသခြားအရောင်းအဝယ်သာရှိနေတာကြောင့် ရေ