မူဆယ်မှ ဝါဂွမ်းနဲ့ ပိုးအိမ်ကို တရုတ်နိုင်ငံသို့ တင်ပို့ပြီး မောင်တောမှ လဲမှို့ကို ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့

      မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်း ပတ်အတွင်း တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၂၈၀၀တန်ဖိုးရှိ ငွေချည်-၆ ဝါ ၂၄ တန်နဲ့ အမေရိကန်ေ ဒါ်လာ ၁၄၀၀၀ တန်ဖိုးရှိ ပိုးအိမ် လေးတန်တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝါဂွမ်း ၇၉ တန်နဲ့ ပိုးအိမ်လေးတန် တင်ပို့မှုနဲ့  နှိုင်းယှဉ်ပါကဝါတင်ပို့မှု ၅၅ တန် လျော့နည်းပြီး ပိုးအိမ် တင်ပို့မှုမှာ  ပုံမှန် ရှိကြောင်း သိရပါတယ်။ မူဆယ်မှာ  ဝါဂွမ်းတစ်တန်ကို လိုင်စင်ဈေး အမေရိကန် ဒေါ်လာ ၂၂၀၀ ရှိပြီး ပိုးအိမ်တစ်တန်ကိုအမေရိကန်ဒေါ်လာ ၃၅၀၀ ရှိတယ်လို့ သိရ ပါတယ်။
       အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိမောင်တော ကုန်သွယ်ရေးစခန်းမှလည်း အဆိုပါရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၈၂၅ တန်ဖိုးရှိ လဲမှို့(အစေ့ပါ) ၄ တန်ခွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မောင်တောမှ လဲမှို့တင်ပို့မှုမရှိဘဲ ဇွန်လဆန်းပိုင်းက  လဲမှို့ နှစ်တန်နီးပါး တင်ပို့ခဲ့ကြောင်း၊ မောင်တောမှာ လဲမှို့တစ်တန်ရဲ့လိုင်စင်ဈေးက အမေရိကန်ဒေါ်လာ ၈၅၀ ရှိကြောင်း သိရပါတယ်။

 

မော်မော်အောင်