admin_ygn

      ပြည်(ပွဲရုံ) မန်ကျည်းမှည့်ရောင်း ဝယ်ရေးတွင် နယ်ဝယ်လက်များအဝယ် ရှိနေပြီး ဈေးလည်းတက်လာတာ တွေ့ ရပါတယ်။ မန်ကျည်းမှည့်ပွဲရုံများသို့ ဟင်္သာတ၊ ကြံခင်း၊ ထုံးဘို၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှ ပုံမှန်ဝင်ရောက်နေပြီး ရန်ကုန်တိုင်းဒေသကြီးနှင့်  ရခိုင်ပြည် နယ်ဘက်မှ ဝယ်လက်များက အဝယ်ရှိ နေတာကြောင့်လည်း  ပုံမှန်တင်ပို့နေ ကြောင်းသိရ ပါတယ်။ ယခုတစ်ပတ် ပွဲရုံ တွင်း ဈေးနှုန်းတွေကတော့  မန်ကျည်း မှည့် တစ်ပိဿာလျှင် ကျပ် ၃၂၀၀ ရှိပြီး၊ ဒေသတွင်း မန်ကျည်းမှည့်တစ်ပိဿာ လျှင် ကျပ် ၄၀၀၀ အထိ ရောင်းဝယ်နေ ကြောင်းသိရတယ်။ ဒေသတွင်း   အရောင်း အဝယ် အေးလျက်ရှိနေပြီး  နယ်တ

admin_ygn

ဇူလိုင် ၁ ရက်မှ ၇ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနဲ့ မောင်တောကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ၅၉၉၂၉ တန်ဖိုးရှိချင်းစို ၁၉၂ တန်ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့ မှုမှာ စစ်တွေမှ ၃၄ တန်၊ မောင်တောမှ ၁၅၈ တန် ကျော်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က စစ်တွေမှ ၁၅တန်နဲ့ မောင်တောမှ ၇၄ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချင်း ၁၀၂ တန်ကျော် ပိုမိုတင်ပို့ခဲ့ တာတွေ့ရပါတယ်။ စစ်တွေမှာ ချင်းစို တစ်တန်ကို မိမိဘက် ပေါက်ဈေးမှာ (ငွေလဲ နှုန်းအရ) ၁၀၃၆၁၈၄ ကျပ်ရှိတယ်လို့ သိရပါတယ်။

admin_ygn

     မုံရွာကုန်စည်ဒိုင်ပဲမျိုးစုံဈေးကွက်တွင် ဆီထွက်သီးနှံဖြစ်သောမြေပဲဆန်ဈေးနှုန်းများ ကျဆင်းနေရာမှ ယခုတစ်ပတ်မှာ အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်းသိရပါတယ်။ ဈေးနှုန်းပြန်လည်မြင့်တက်လာ၍ အရောင်းအဝယ်လည်း သွက်လာ ကြောင်းသိရပါတယ်။ မုံရွာကုန်စည်ဒိုင်သို့ နေ့စဉ် မြေပဲဆန်အိတ် ၁၅၀၀ခန့် ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်ေြ မပဲဆန် တစ်ပိဿာပေါက်ဈေးနှုန်းမှာ(လုံးဆန်ဖြူ)ကျပ်၂၄၀၀နဲ့ အိတ်၇၀၀၊ (လုံးဆန်နီ) ကျပ်၂၃၅၀နဲ့ အိတ်၄၀၀၊  (ဆီဆန်)ကျပ်၂၁၀၀နဲ့ အိတ် ၂၀၀ခန့် အသီးသီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ မြေပဲလုံးဆန်ဖြူကို ရန်ကုန်ဝယ်လက်က ဝယ်ယူ လျက် လုံးဆန်နီကို မန္တလေးဝယ်လက်က ဝယ်ယူပြီး ဆီဆန်က

admin_ygn

ပြည်ပဲဈေးကွက်ရဲ့ မိုးရာသီကာလအတွင်း လက်လီအရောင်းအဝယ်ဖြစ်မှု များတဲ့ ပဲသီးနံှထဲမှာ ပဲနီပြားသီးနှံလည်း ပါဝင်နေခဲ့ပြီး နေ့စဉ်အိတ် အနည်းငယ် ရောင်းချခဲ့ရကြောင်း သိရပါ တယ်။ ယခင်နှစ်က အခြား လက်လီပဲများဖြစ်သော ပဲလွန်းဖြူ၊ ထောပတ်ပဲစသည့် သီးနှံများ ဈေးအေးခဲ့ပေမယ့် ပဲနီပြားသီးနှံကတော့ တစ်တင်းကျပ် ၂၅၅၀၀ ဖြင့် ဈေးကောင်းရခဲ့သလို ယခုနှစ်မှာလည်း ဈေးမကျဘဲ တစ်တင်းကျပ် ၂၆၀၀၀ ဖြင့် ယခင်နှစ်ဈေးနှင့် ကွာခြားမှု မဖြစ်ဘဲ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။  ယခုနှစ်အတွင်း ထောပတ်ပဲသီးနှံဟာ ယခင်နှစ် ရဲ့ဈေးထက် ထက်ဝက်ကျော်မြင့်လာခဲ့တဲ့အတွက် ပဲနီပြားသီးနှံဟာ ယခုနှစ်မှာတော့ ထောပတ်ပဲ သီးနှံထက် ဈေးလျော့နည်းကာ  ရောင်းဝယ်ခဲ

admin_ygn

ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ပဲသီးနှံ အားလုံးလိုလို ဈေးအေး နေတာကြောင့် ပြည်ပဝယ်လို အားရှိသောပဲများပင်လျှင် ဈေး အေးနေခဲ့သလို အရောင်းအဝယ် လည်း အေးနေခဲ့တာကို တွေ့ရပါ တယ်။မတ်ပဲသီးနှံမှာ ပဲအဝင်ပါးလာပြီး ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတ လည်၊ ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက် လျက်ရှိပေမယ့် အိတ် ၁၅၀ မှ ၂၀၀ ခန့် သာ  ဝင်ရောက်မှုရှိခဲ့ကာ ရန်ကုန်ဝယ် လက်မှ ဝယ်ယူခဲ့မှုအပေါ်  အိတ် ၂၀၀ ကျော် ၃၀၀ ရောင်းချခဲ့ပါတယ်။ပဲဈေးမှာ ဈေးဆက်အေးလျက်ရှိ တာကြောင့် တစ်တင်းကျပ် ၂၇၇၀၀သာ ရှိပြီး ယခင်တစ်ပတ်က ဈေးထက်ပင် အနည်းငယ်  ထပ်မံကျဆင်းသွားခဲ့ပါ တယ်။ ယခုနှစ်အတွင်းမတ်ပဲ သီးနှံဈေး ဟာ ဈေးမြင့်လာခြင်း မရှိခဲ့ဘဲ တဖြည်း ဖြည်

admin_ygn

      အညာဒေသ သွားရာလမ်း တစ်လျှောက် ဝဲမှယာတွင် တမာပင်များ စီတန်းလျက်ရှိရာ ယခုအချိန် ဆားလင်း ကြီး မြို့နယ်ရှိကျေးရွာတချို့မှ ဒေသခံ များမှာ တမာစေ့ ကောက်ယူ ရောင်း ချလျက်ရှိကြောင်း သိရပါတယ်။ လမ်း ဘေးတစ်လျှောက်ရှိ တမာပင်အောက်တွင် ကြွေကျနေ သော တမာစေ့များကို ကောက်ယူကာ အခွံချွတ် သန့်စင်ပြီး ရောင်းချရာ တစ်ပြည် တစ်ထောင်ကျပ်ရရှိပြီး လူတစ်ဦး လျှင် တစ်မနက်ကို ငါးပြည်၊ ခြောက်ပြည်ခန့် ရရှိပါတယ်။ ကောက်ယူရရှိတဲ့ တမာစေ့များကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူပြီး တမာဆပ်ပြာ၊ တမာသွားတိုက်ဆေး၊ တမာ ယားနာပျောက်ဆေး၊ တမာပွေး၊ ဝဲ၊ နှင်းခူပျောက်ဆေး၊ တမာ သွားနာပျောက်ဆေး၊ တမာပိုးသတ်ဆေး စသည့် ဆေးဝါးများ

admin_ygn

    မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုမှ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ   သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန်  ၁၉၄၂၈ တန်ကျော်ကို  တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ  ၁၃၈၅၀တန်၊  လွယ်ဂျယ်မှ  ၅၀၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၅၅၂ တန်ကျော် ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အဆိုပါ စခန်းများမှ ပြောင်းတန်ချိန် ၁၇၈၂၅ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၆၀၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ တစ်လ လုံး တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်း

admin_ygn

    ဇွန် ၂၄ ရက်မှ ၃၀ ရက်ထိ ရက်သတ္တပတ်အတွင်း   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၃ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း  အမယ်ရှစ်မျိုး၊ တန်ချိန်အားဖြင့် ၃၁၂ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၄၆၅ တန်ကျော်နဲ့ နှိုင်းယှဉ် ပါက ယခုတစ်ပတ်မှာ ၁၅၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေး  အမယ်များမှာ ကွမ်းစားဂမုန်း၊ နနွင်းတက်၊ တောချင်း၊ ဆီးဆန်၊ မာလာဥခေါင်း၊ နေလဲစေ့၊ ကြောင်လျှာစေ့နဲ့ မိကျောင်းကွမ်းဖတ်စေ့တို့ ဖြစ်ပါတယ်။ ယခုတစ်ပတ် မာလာဥခေါင်း တင်ပို့မှုလျော့နည်းခဲ့ပြီး မာလာဥတင်ပို့မှု

admin_ygn

     မြန်မာ-တရုတ် နယ်စပ်ရဲ့  အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၀၉၇ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၁၆ တန်ကျော်ကို တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှု မရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့ လာတာတွေ့ရပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုတစ်ပတ်မှာ သီဟိုဠ်စေ့တင်ပို့မှုမရှိပေမယ့် ယခင်တစ်ပတ်က တန် ၂၀ ကျော် တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုတစ်ပတ်မှာ တရုတ်နဲ့ ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်များမှ သာမက အိန္ဒိယနယ်စပ်ရှိ ရိဒ်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၁

admin_ygn

ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၁၅၀၀ တန်ဖိုးရှိ ပျားရည် ၄၅ တန်ကို တရုတ် နိုင်ငံသို့  တင်ပို့ခဲ့ပါတယ်။ ယခင်ရက် သတ္တပတ်က ၁၅ တန်  တင်ပို့ခဲ့တာ ကြောင့်  ယခုတစ်ပတ်မှာ တန် ၃၀ ပိုမို တင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ပျားရည်ကို ပြည်တွင်းမှာ ဆေး ဝါးအဖြစ်သာ  အသုံးပြုကြပြီး ပြည်ပ နိုင်ငံများတွင် သကြားအစား  ပျားရည် စားသုံးခြင်းနှင့် အအေးပိုင်းနိုင်ငံများမှာ ပျားရည်ကို  အဓိကထား၍ အများ အပြား   သုံးစွဲနေတာကြောင့်   ယခုလို ပြည်ပဈေးကွက်သို့ တင်ပို့နေကြောင်း၊ မူဆယ်မှာ ပျားရည်တစ်တန်ကို