ပြည်ကုလားပဲ ပြည်ပဝယ်လက်ပဲများထက်ဈေးပိုရ

     ပြည်ပဲဈေးကွက်အတွင်း ကုလားပဲသီးနှံမှာ ဒေသတွင်းသာ အရောင်း အဝယ် ဖြစ်ပေမယ့် ပဲဈေးကတော့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများထက် ဈေးကောင်း ရလျက်ရှိခဲ့တယ်လို့ သိရပါတယ်။ တစ်တင်းလျှင် ကျပ် ၃၈၅၀၀ ဖြင့် နေ့စဉ် ပဲအဝင်ရှိသလို ခွဲစက်သမားများလည်း ပုံမှန်ဝယ်ယူခဲ့တာကြောင့် ဈေးလျော့ နည်းသွားခြင်းမရှိဘဲ  ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပြည်အနီးတစ်ဝိုက်မြို့နယ်များအပြင် မင်းတုန်း၊   ကံမမြို့နယ်များမှလည်း ပြည်ပဲ ဈေးကွက်သို့ နေ့စဉ်အဝင်ရှိခဲ့ပါတယ်။ ဒါကြောင့် အိတ် ၃၀၀ မှ ၄၀၀ ကျော် နေ့စဉ်ဝင်ရောက်သလို ခွဲစက်သမားများမှလည်း အိတ် ၄၀၀ကျော် ဝယ်ယူလို့ ဝင်ရောက်လာသမျှအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
  ခင်ဆွေဝင်း