မူဆယ်နဲ့ မြဝတီမှနနွင်းတက်ပိုမိုတင်ပို့

     မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ   ရက်သတ္တပတ် အတွင်း အမေရိကန်ဒေါ်လာ ၄၁၇၆၆၂ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၆၂၄ တန် ကျော်ကို တရုတ်နိုင်ငံသို့   တင်ပို့ခဲ့ပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ် မှ ၁၁၅ တန်ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ချိန်ငါးရာ ပိုမိုတင်ပို့ ခဲ့တာ တွေ့ရပါတယ်။   ဧပြီလအတွင်း မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ နနွင်း တက်တန်ချိန် ၁၄၀၀ ခန့် တင်ပို့နိုင်ခဲ့ပါ တယ်။
အလားတူမြန်မာ-ထိုင်းနယ်စပ် ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ယခုရက် သတ္တပတ်မှာ အမေရိကန်ဒေါ် လာ ၉၇၄၈တန်ဖိုးရှိ   နနွင်းတက် (ကျောက်ဆည်) ၁၄တန်ခွဲကို ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မြဝတီမှ နနွင်းတင်ပို့မှု မရှိဘဲ   ဧပြီလ တစ်လလုံးမှာတော့ နနွင်းတန် ၉၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါ တယ်။                           

   မော်မော်အောင်