ပြည်တွင်းကုန်သွယ်မှု

Post date: 15/11/2011

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေးပြေးဆွဲလျက်ရှိတဲ့ လူစီးရထားတွဲများကို ပြေးဆွဲချိန်ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း မြန်မာ့မီးရထား၊ မန္တလေးဘူတာကြီးမှာ နိုဝင်ဘာလ ၈ ရက်မှစ၍ ကြေငြာချက် ထုတ်ပြန် ထားကြောင်းသိရပါတယ်။
ရန်ကုန်-မန္တလေး လူစီးရထားတွဲပြေးဆွဲချိန် ပြောင်းလဲသတ်မှတ်လိုက်တဲ့အချိန်များမှာ ရန်ကုန်မှမန္တလေးသို့ (၁ အဆန်/ စာပို့) ရထားတွဲ မနက် ၄း၀၀ နာရီမှထွက်၍ နောက်တစ်ရက်မနက် ၃း၃၀ နာရီသို့

Post date: 14/11/2011

ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ်လျော့ကျနေပါတယ်။ ယခင်သီတင်းပတ်မှာ တန် ၁၅၀၀ ခန့် တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်းမှာ တန် ၁၂၀၀ ကျော် သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ အောက်တိုဘာလ တစ်လလုံးမှာ ပဲတီစိမ်းတန်ချိန် ၇၁၀၀ ကျော်သာတင်ပို့နိုင်ခဲ့ပြီး

Post date: 14/11/2011

ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းကနှမ်းတင်ပို့မှုမှာ အပတ်စဉ်တန် တစ်ထောင်ကျော် အထက်မှာရှိခဲ့ပေမဲ့ ယခုတစ်ပတ် (အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်)အတွင်းမှာတော့ တန်ချိန် ၈၈၀ ကျော်သာ တင်ပို့နိုင်ခဲ့ပါ တယ်။

Post date: 09/11/2011

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရေဝန်း၊ လမ်းဂွ၊ ရွှေလေးစတဲ့ ကျေးရွာများမှာ မိုးစပါး (ကောက်စော)များ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဆည်ရေရရှိမှုကြောင့် စိုက်ပျိုးချိန်စောခဲ့လို့ အောက်တိုဘာနောက်ဆုံးပတ်မှ ထွက်ပေါ်ရကြောင်း၊ ရေဝန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောပါ တယ်။ဈေးကွက်ရှိ ဈေးနှုန်းမှာ မနောသုခ စပါးတစ်တင်း ၃၃၀၀ ကျပ် မှ ၃၄၀၀ ကျပ်၊ ရွှေသွယ်ရင် စပါးတစ်တင်း ၃၁၀၀ ကျပ် - ၃၂၀၀  ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပါတယ်။ ဈေးနှုန်းသင့်တော်တဲ့အတွက် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရပါတယ်။ ကြိတ်ခွဲပြီးဆန်ကို နွားထိုးကြီး၊ တောင်သာမြို့များတင်ပို့ လျက်ရှိပြီး ဆန်တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါတယ်။
မောင်ထူး - မန္တလေး

Post date: 04/11/2011

ဖရဲ၊ သခွား၊ နာနတ်များ ရာသီကုန်နေချိန်မှာ ပန်းသီးကတော့ ဆိုဒ်စုံဝင်နေပြီး၊ မန္တလေး သစ်သီးဈေးကွက်ဟာ လိမ္မော်နဲ့ ကမ္ဗလာဘက်ကို ပြောင်းလာပါတယ်။ ကမ္ဗလာကတော့ ရာသီတစ်ဝက်လောက်ရှိနေပြီး၊ လိမ္မော်ကတော့ အောက်တိုဘာလလယ်လောက်ကစပြီး၊ လှိုင်လှိုင်ဝင်လာပါတယ်။

Post date: 24/10/2011

မြန်မာနိုင်ငံဟာ သဘာဝရေမြေတောတောင်တွေနဲ့ စိမ်းလန်းစွာပေါက်ရောက်နေတဲ့ အဖိုးတန်သစ်ပင်၊ ပန်းမာလာတွေနဲ့ ဆေးဖက်ဝင်သစ်ပင်အမျိုးမျိုး ပေါကြွယ်၀ တဲ့နိုင်ငံဖြစ်ပါတယ်။ သဘာဝအလျှောက် သစ်ပင် ပန်းပင်တွေရဲ့ ဝတ်ရည်တွေကို စုပ်ယူပြီး

Post date: 24/10/2011

ယခုအပတ်တွင် ပြည်ဈေးကွက်သို့ မြေပဲဆံများကို အောင်လံနဲ့ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၁၅၀၀ ခန့် ဝင်ရောက်လာပါတယ်။ ဝင်ရောက်လာတဲ့ မြေပဲဆံများကို မြို့ခံဆီစက်များနဲ့ ရန်ကုန်ဆီစက်များမှ အဝယ်ရှိလို့ မြေပဲဆံဈေးမှာ

Post date: 24/10/2011

မန္တလေးသစ်သီးဈေးကွက်အတွင်း ဖရဲသခွားများ ဈေးကောင်းလျက်ရှိပါတယ်။ ဖရဲ၊ သခွားရာသီ ကုန်ခါနီးခြင်း၊ ပုံမှန်စိုက်တဲ့အသီးတွေက အောက်တိုဘာလကုန်မှ စထွက် မှာဖြစ်ခြင်းတို့ကြောင့် ဈေးကောင်းရနေတာဖြစ်ပါတယ်။ ပန်းသီးအဝင်စုံခြင်း၊ မိုးရွာခြင်းတို့ကြောင့်

Post date: 24/10/2011

ယခုတစ်ပတ် ပြည်ကြက်သွန်နီဈေးကွက်တွင် ကြက်သွန်နီဈေးများ ယခင်အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီး အရောင်း ပါးလျှက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း  ၃၅ ပိဿာဝင် အိတ် ၇၀၀ ခန့်သာ အဝင်ရှိ၍ ယခင်အပတ်ကထက်

Post date: 24/10/2011

နေပြည်တော်တပ်ကုန်းဘက်မှ အဝင်ရှိတဲ့ (မိုးထောင်) နဲ့ (အရှည်) ငရုတ်ခြောက်များ ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ၂၅ ပိဿာဝင် အိတ် ၁၈၀ ခန့်နဲ့ အဝင်နည်းသွား ပါတယ်။ ငရုတ်ခြောက်စိုက်ပျိုးထွက်ရှိရာ တပ်ကုန်းမှာ မိုးများလို့ ပျက်စီးမှုများပြီး

Pages