ပြည်တွင်းကုန်သွယ်မှု

Post date: 16/01/2012

ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ကံမဘက်မှ မတ်ပဲသစ်များ တစ်နေ့ ကို အိတ် ၂၀-၃၀ ခန့်ဝင်လာပြီး၊ မတ်ပဲအသစ်တစ်တင်းကို ၁၄၀၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ပဲသစ်အဝင်ရှိပေမဲ့ အရောင်းအဝယ်ကတော့ မဖြစ်သေးဘူး လို့သိရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတွေကို  ထုတ်ရောင်းလျက်ရှိတာကြောင့် ရန်ကုန်ဝယ်လက်တွေ ဝယ်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့

Post date: 03/01/2012

မြင်းခြံခရိုင်အတွင်း ပဲစင်းငုံစိုက်ဧက ၂ သိန်း ၇ သောင်းစိုက်ပျိုးမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်မှာ မိုးကောင်းပြီး ပွင့်အားကောင်းတာကြောင့် ယခင်နှစ်ကထက် အထွက်နှုန်း ၂ ဆပိုလာနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူများထံမှသိရပါတယ်။ သင်ပြွန်းကျေးရွာမှ တောင်သူဦးသိန်းထွန်းက ''ဒီနှစ်က အညာမိုးကောင်းလို့ တစ်ဧကကို မနှစ်ကအထွက်နှုန်း ၄ တင်းထွက်ခဲ့တဲ့အတွက်

Post date: 03/01/2012

မြစ်သားမြို့နယ်မှာ ဆောင်းကြက်သွန်နီ စိုက်ဧက ၇၇၇၀ ကျော်မှ ယခုလအတွင်း ဈေးကွက်ကို စတင် တင်ပို့ရောင်းချနေ ကြောင်းသိရပါတယ်။ အစောစိုက်တဲ့ အခင်းတွေ အောက်တိုဘာလဆန်းက မိုးများခဲ့လို့ အထွက်နှုန်းကျဆင်းခဲ့ပေမယ့် မိုးကုန်မှ စိုက်တဲ့ အခင်းတွေကတော့ တစ်ဧကကို ပိဿာ ၂၀၀၀ ကနေ ၂၃၀၀ ထိ ထွက်တယ်လို့ ကသဲကုန်းရွာက

Post date: 03/01/2012

ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်နည်းလာတဲ့အတွက် ပဲဈေးမှာလည်း ယခင်တစ်ပတ်ကထက် တစ်တင်း ၈၀၀ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ အခြား တိုင်းဒေသကြီးများမှ အဝင်မရှိတော့ဘဲ ဒေသတွင်းမြို့နယ်များမှသာ အဝင်ရှိခဲ့ပြီး အိတ် ၃၀၀ ကျော်သာ ဝင်ရောက်ခဲ့ပါတယ်။ အိတ် ၅၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ပြီး၊

Post date: 27/12/2011

မုံရွာကုန်စည်ဒိုင် ပဲစင်းငုံနီဈေးကွက်မှာ ဒီဇင်ဘာတတိယပတ် အတွင်း သက်နုပဲစင်းငုံနီအသစ်ဝင်ရောက်မှု အနည်းငယ် သွက်လာ သလို ပဲဟောင်းအနေနဲ့လည်း အဝယ်အရောင်း  ပုံမှန်ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ မုံရွာခရိုင်က ပဲစင်းငုံ အဓိကစိုက်ပျိုးရာ အရာတော်၊ ပုလဲ၊ ယင်းမာပင်နယ်က သက်နုပဲစင်းငုံအချို့ ယခု အပတ်အတွင်း ဈေးကွက်ထဲဝင်လာခဲ့ရာ

Post date: 27/12/2011

မန္တလေးဈေးကွက်မှာ ပဲလွန်းဖြူအရောင်းအဝယ် သွက်နေ ပါတယ်။ ဈေးကွက်ကို ဟုမ္မလင်း၊ ကလေးဝ၊ ဗန်းမော်၊ ကသာနဲ့ ရွှေဘို၊ မုံရွာက ပဲလွန်းဖြူသစ်များ ဝင်ရောက်နေပြီး၊ အရည်အသွေး လည်းကောင်း၊ ဝယ်လိုအားလည်းရှိလို့ အမြင့်ဈေး ဘက်မှာ ရှိနေပါ တယ်။ ပဲလွန်းဖြူတစ်ပိဿာကို အရင်တစ်ပတ်က ၉၃၃ကျပ်- ၉၁၇ ကျပ် ပေါက်ဈေးရှိပြီး၊ အခုတစ်ပတ်မှာ

Post date: 23/12/2011

နှစ်စဉ်ခရီးသွားရာသီမှာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေ၊ အင်းလေးဒေသ၊ ပင်းတယမြို့နဲ့ ကုံလုံဒေသ၊ ကလောမြို့ ကလေးများသို့ ပြည်ပခရီးသွားများ အမြောက်အများ လာရောက်လည်ပတ်ကြပါတယ်။ ပြည်ပ ခရီးသွားများဟာ ဘုရားဖူးခြင်း၊ တောင်တက်ခြင်း၊ ဒေသန္တရဗဟုသုတရှာမှီးနိုင်ခြင်းနဲ့ ရေမြေရာသီဥတုအေးမြကာ ဒေသခံများရဲ့ ရိုးသားပျူငှာမှုများကြောင

Post date: 23/12/2011

ပြည်ပဲဈေးကွက်အတွင်း လက်ကားရောင်းဝယ်မှု အနည်းငယ်သာရှိပြီး၊ လက်လီရောင်းဝယ်မှုများခဲ့တဲ့ ပဲနီပြားသီးနှံဟာ ဒေသ အတွင်း စိုက်ပျိုးထွက်ရှိမှုလည်းနည်းတာကြောင့်၊ အခြားတိုင်းဒေသကြီးများသို့ ရောင်းချခြင်း မရှိခဲ့တာတွေ့ရပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်တဲ့

Post date: 23/12/2011

မူဆယ် ၁၀၅ မိုင်သို့ ပြည်တွင်းမှဖရဲသီးများ အဝင်များချိန်တွင် တရုတ်နိုင်ငံဘက်၌ အအေးပို၍ ဖရဲစားသုံးသူ နည်းလာခြင်း ကြောင့် ဖရဲသီးလေလံဈေးပြန်ကျလာကြောင်းသိရပါတယ်။ မူဆယ် ၁၀၅ မိုင်သို့ ဖရဲသီးကား နေ့စဉ်ဝင်ရောက် လျက်ရှိရာ ရှေ့တစ်ပတ်က တန်ချိန် ၁၀၀၀ နဲ့ ၂၀၀၀ ကြား အဝင်ရှိပြီး၊ ယခုတစ်ပတ်မှာ တန်ချိန် ၂၀၀၀ ကျော်ဝင်နေကြောင်း

Post date: 19/12/2011

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ မွန်ပြည်နယ်ရော်ဘာစိုက်ဧက ၄ ဒသမ ၆၄ သိန်း စိုက်ပျိုးပြီးစီးခဲ့လို့ ယခင်နှစ်ထက် ဧက ၁၃၀၀၀ ကျော် ပိုမိုခဲ့ပါတယ်။ ယခုနှစ် အစေးလှီးဧက ၂၈၀၀၀ မှ တန် ၈၀၀၀၀ ထွက်ရန် ရည်မှန်းထားပြီး၊ နိုဝင်ဘာလ ၃၀ ရက် ထိ တန် ၅၆၀၀၀ ထွက်ပြီးကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ပြည်ပရော်ဘာဈေးနှုန်းကျဆင်းလာမှုနဲ့ ဝယ်လိုအားနည်းလာမှုကြောင့်

Pages