ပြည်တွင်းကုန်သွယ်မှု

Post date: 09/11/2011

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်းရှိ ရေဝန်း၊ လမ်းဂွ၊ ရွှေလေးစတဲ့ ကျေးရွာများမှာ မိုးစပါး (ကောက်စော)များ စတင်ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဆည်ရေရရှိမှုကြောင့် စိုက်ပျိုးချိန်စောခဲ့လို့ အောက်တိုဘာနောက်ဆုံးပတ်မှ ထွက်ပေါ်ရကြောင်း၊ ရေဝန်းကျေးရွာမှ တောင်သူတစ်ဦးက ပြောပါ တယ်။ဈေးကွက်ရှိ ဈေးနှုန်းမှာ မနောသုခ စပါးတစ်တင်း ၃၃၀၀ ကျပ် မှ ၃၄၀၀ ကျပ်၊ ရွှေသွယ်ရင် စပါးတစ်တင်း ၃၁၀၀ ကျပ် - ၃၂၀၀  ကျပ်ဖြင့် ရောင်းဝယ် လျက်ရှိပါတယ်။ ဈေးနှုန်းသင့်တော်တဲ့အတွက် အရောင်းအဝယ်မှာ သွက်လျက်ရှိကြောင်း သိရပါတယ်။ ကြိတ်ခွဲပြီးဆန်ကို နွားထိုးကြီး၊ တောင်သာမြို့များတင်ပို့ လျက်ရှိပြီး ဆန်တစ်အိတ်ကို ၁၂၀၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါတယ်။
မောင်ထူး - မန္တလေး

Post date: 04/11/2011

ဖရဲ၊ သခွား၊ နာနတ်များ ရာသီကုန်နေချိန်မှာ ပန်းသီးကတော့ ဆိုဒ်စုံဝင်နေပြီး၊ မန္တလေး သစ်သီးဈေးကွက်ဟာ လိမ္မော်နဲ့ ကမ္ဗလာဘက်ကို ပြောင်းလာပါတယ်။ ကမ္ဗလာကတော့ ရာသီတစ်ဝက်လောက်ရှိနေပြီး၊ လိမ္မော်ကတော့ အောက်တိုဘာလလယ်လောက်ကစပြီး၊ လှိုင်လှိုင်ဝင်လာပါတယ်။

Post date: 24/10/2011

မြန်မာနိုင်ငံဟာ သဘာဝရေမြေတောတောင်တွေနဲ့ စိမ်းလန်းစွာပေါက်ရောက်နေတဲ့ အဖိုးတန်သစ်ပင်၊ ပန်းမာလာတွေနဲ့ ဆေးဖက်ဝင်သစ်ပင်အမျိုးမျိုး ပေါကြွယ်၀ တဲ့နိုင်ငံဖြစ်ပါတယ်။ သဘာဝအလျှောက် သစ်ပင် ပန်းပင်တွေရဲ့ ဝတ်ရည်တွေကို စုပ်ယူပြီး

Post date: 24/10/2011

ယခုအပတ်တွင် ပြည်ဈေးကွက်သို့ မြေပဲဆံများကို အောင်လံနဲ့ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၁၅၀၀ ခန့် ဝင်ရောက်လာပါတယ်။ ဝင်ရောက်လာတဲ့ မြေပဲဆံများကို မြို့ခံဆီစက်များနဲ့ ရန်ကုန်ဆီစက်များမှ အဝယ်ရှိလို့ မြေပဲဆံဈေးမှာ

Post date: 24/10/2011

မန္တလေးသစ်သီးဈေးကွက်အတွင်း ဖရဲသခွားများ ဈေးကောင်းလျက်ရှိပါတယ်။ ဖရဲ၊ သခွားရာသီ ကုန်ခါနီးခြင်း၊ ပုံမှန်စိုက်တဲ့အသီးတွေက အောက်တိုဘာလကုန်မှ စထွက် မှာဖြစ်ခြင်းတို့ကြောင့် ဈေးကောင်းရနေတာဖြစ်ပါတယ်။ ပန်းသီးအဝင်စုံခြင်း၊ မိုးရွာခြင်းတို့ကြောင့်

Post date: 24/10/2011

ယခုတစ်ပတ် ပြည်ကြက်သွန်နီဈေးကွက်တွင် ကြက်သွန်နီဈေးများ ယခင်အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ်ဖြစ်ပြီး အရောင်း ပါးလျှက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း  ၃၅ ပိဿာဝင် အိတ် ၇၀၀ ခန့်သာ အဝင်ရှိ၍ ယခင်အပတ်ကထက်

Post date: 24/10/2011

နေပြည်တော်တပ်ကုန်းဘက်မှ အဝင်ရှိတဲ့ (မိုးထောင်) နဲ့ (အရှည်) ငရုတ်ခြောက်များ ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ၂၅ ပိဿာဝင် အိတ် ၁၈၀ ခန့်နဲ့ အဝင်နည်းသွား ပါတယ်။ ငရုတ်ခြောက်စိုက်ပျိုးထွက်ရှိရာ တပ်ကုန်းမှာ မိုးများလို့ ပျက်စီးမှုများပြီး

Post date: 21/10/2011

ပြည်ဈေးကွက်မှာ ပဲနီပြားကို လက်လီသမားများ အဝယ်လိုက်လျက်ရှိတာကိုတွေ့ရပါတယ်။ ယခင်အပတ်က တစ်ရက်အိတ် ၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ပဲလက်ကျန်ရှိသူများက ထုတ်ရောင်းချမှုများရှိလာသလို လက်လီသမားများကလည်း

Post date: 21/10/2011

ရှမ်းပြည်နယ်ရဲ့ အထင်ရှားဆုံးပွဲတော်ဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကြီးကို ''အဝေရာ ကုန်းမြင့်သာယာ'' ကုန်းမြေမှာ နိုဝင်ဘာ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပမှာဖြစ်ပါတယ်။ မီးပုံးပျံပြိုင်ပွဲကြီးမှာ

Post date: 21/10/2011

ကျောက်ပန်းတောင်းထန်းလျက်များထွက်တဲ့ ရာသီချိန်မဟုတ်တဲ့အတွက် လက်ကားအရောင်းမရှိဘဲ လက်လီရောင်းချမှုသာ ရှိနေပါတယ်။ အခြားမြို့တင်ပို့မှုအနေနဲ့ တစ်ပတ်ကုန်ချိန်ပိဿာ ၂၀၀၀ ခန့်သာ တင်ပို့နိုင်ပြီး၊ တချို့ထန်းလျက်မှာ

Pages