အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

အပြည်ပြည်ဆိုင်ရာ ကောက်ပဲသီးနှံဈေးကွက်မှာ ပြောင်းဈေးနှုန်းတက်နေစဉ် ပဲပုပ်ဈေးနှုန်းက သိသိသာ သာကျဆင်းသွားပြီး ဂျုံဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီလိုကောက်ပဲသီးနှံ ဈေးနှုန်းတွေ ပြောင်းလဲရခြင်းက အမေရိကန် ပြည်ထောင်စု ရဲ့ စက်တင်ဘာလထုတ် ကမ္ဘာ့လယ်ယာထုတ်ကုန် ရောင်းလိုအားနဲ့ ဝယ်လိုအားအစီရင်ခံစာအရဖြစ်ကြောင်း သိရှိရ ပါတယ်။

၂၀၁၀-၂၀၁၂ ဘဏ္ဍာနှစ် ဧပြီမှ သြဂုတ်လအထိ ကာလအတွင်း အိန္ဒိယရဲ့ သဘာဝရော်ဘာ တင်ပို့မှု ပမာဏက ၁၂၂၁၉ တန်ဖြစ်ရာ ယခင်နှစ်အလားတူကာလက တင်ပို့မှုတန်ချိန် ၄၃၆၄ ထက် ၂၈၀ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်းသိရတယ်။ တင်ပို့မှုပမာဏမြင့်မား ရခြင်းမှာ အိန္ဒိယရော်ဘာဈေးနှုန်းမှာ အခြားနိုင်ငံတွေ ဈေးနှုန်းထက်လျော့နည်းသက်သာခြင်းကြောင့်ဖြစ်တယ်။ ၂၀၁၀- ခုနှစ်က ရော်ဘာအရည်အသွေးနိမ့်ပြီး ဈေးနှုန်းမြင့်မားခဲ့ရာ အချို့လတွေမှာ တင်ပို့မှုကမရှိခဲ့ကြောင်း

နောင်လာမည့် ၁၀ နှစ်မှ ၁၅နှစ်အတွင်း  ကုန်သွယ်မှုငွေကြေးအဖြစ် ယွမ်ကအမေရိကန်ဒေါ်လာနေ ရာတွင် အစားထိုးဝင်ရောက် လာနိုင်ကြောင်း ပညာရှင်တစ်ဦးက ခန့်မှန်းပါတယ်။အနောက်နိုင်ငံ စီးပွားရေးများ ကျဆင်း နေတဲ့အချိန်မှာ တရုတ်နိုင်ငံက အဓိက စီးပွားရေး တစ်ခုအဖြစ် တိုးတက်ထွန်းကာလာတာဟာ နောင်အနာဂတ် ကာလမှာ တရုတ်နိုင်ငံရဲ့ ငွေကြေးကို အဓိကကုန်သွယ်မှု ကြားခံ ပစ္စည်းအဖြစ် ရောက်ရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း

လျင်မြန်စွာတိုးတက်နေတဲ့ကားဈေးကွက်အဖြစ် ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံကို တိုယိုတာမော်တာ ကော်ပိုရေးရှင်းက သူရဲ့ကား ထုတ်လုပ်မှုအခြေစိုက်စခန်း အဖြစ်ထားဖို့စီစဉ်နေတယ်လို့ အင်ဒိုနီးရှားစက်မှုဝန်ကြီး  မစ္စက်ဟီဒါယက်က စက်တင်ဘာ ၁၃ ရက်က ပြောပါတယ်။အင်ဒိုနီးရှားသမ္မတဆူဆီလိုယူဒိုယိုနိုနဲ့ အတူတိုယိုတာ ကုမ္ပဏီ ဥက္ကဌအာကီယိုတိုယိုဒါနဲ့ တွေ့ဆုံပြီးနောက် ယခုလို ပြောကြားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အကြီးစားလုပ်ငန်းဌာန ဥက္ကဌနန်းမွန်းထားပရနွမ်တွန်ရဖန်က AEC  ကိုလက်ခံနိုင်ရန် နယ်စပ်ဒေသတစ်လျှောက်၌ အကြီးစားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအား ရေးဆွဲထားကြောင်း ပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသခရိုင်များဖြစ်တဲ့ တန်ကျနာဘူရီ၊ မဲဆောက်၊ တပ်ခ်၊ ချင်းရိုင်းအပါအဝင် အရှေ့မြောက်ပိုင်းရှိ နယ်စပ်ဒေသ၊ တောင်ပိုင်း နယ်စပ်ဒေသ ၃ ခု ခရိုင်တို့မှာ အကြီးစားလုပ်ငန်း ထူထောင်နိုင်ရေး စဉ်းစားဆုံးဖြတ်ပေးရန်

ပြီးခဲ့တဲ့ရက်သတ္တပတ်က ထိုင်းဆန်ဖြူဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၆၁၅ ကို စံချိန်တင် ရောက်ရှိခဲ့ကြောင်း သိရှိရတယ်။ ဒါပေမဲ့ ဆန်သိုလှောင်ထားမှုနဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ ဆန်ထွက်နှုန်း ကောင်းမွန်မယ်လိ့ု မျှော်မှန်းထားရာ ဆန်ဈေးနှုန်းတွေ သက်သာပြေလျော့သွားနိုင်တယ်။
ဒါ့ပြင်အာရှရဲ့ ဆန်အဓိကဝယ်ယူသူဖြစ်တဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က သြဂုတ်လက ထိုင်း ဆန်ဖြူဈေးနှုန်း ၁၀ ရာခိုင် နှုန်းတက်သွားမှုကြောင့် ဝယ်ယူမှုနှောင့်နှေးနိုင်ကြောင်း

ဇူလိုင်လနဲ့ သြဂုတ်လတို့မှာ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းတွေ ပျမ်းမျှအနေနဲ့ တည်ငြိမ်ခဲ့ပေမဲ့လည်း ပုံမှန်ထက်ပိုတဲ့ ဝယ်လိုအားကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်မားနိုင်ကြောင်း ကမ္ဘာ့ကုလ     သမဂ္ဂ FAO ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ပြီးခဲ့တဲ့လမှာ FAO ရဲ့ စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းက ပျမ်းမျှ ၂၃၁ ရှိခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ ဇူလိုင်က ၂၃၂ ရှိခဲ့ ကြောင်း

ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့ဈေးဟာ ယခင်လက တစ်ကီလိုဒေါင် ၄၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၉၂) ရှိခဲ့ရာမှ လက်ရှိ ကာလမှ ဒေါင် ၁၄၀၀၀၀ (ကန်ဒေါ်လာ ၆ ဒသမ ၇၂)ထိ စံချိန်တင်မြင့်တက်တယ်လို့ ဗီယက်နမ် ငရုတ်ကောင်း အသင်း VPA  က ပြောကြားပါတယ်။ ယခုအချိန်ကနေ နှစ်ကုန်ပိုင်းအထိ ဆက်လက် မြင့်တက်အုံးမယ်လို့လည်း လုပ်ငန်းရှင်များက ပြောကြား ပါတယ်။

၂၀၁၀ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ကမ္ဘာ့ကော်ဖီတင်ပို့မှုဝင်ငွေက ၂၄ ရာခိုင်နှုန်း မြင့်မားကာ ကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ ရရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကော်ဖီအသင်း (ICO)  က ပြောကြားတယ်။ ဝင်ငွေ တိုးတက်သလို ကော်ဖီတင်ပို့မှု ပမာဏ လည်း တိုးတက်ကာ ၆၀ ကီလို အလေးချိန်ရှိ ကော်ဖီအိတ်ပေါင်း ၉၆ ဒသမ ၇ သန်း တင်ပို့ခဲ့ရတယ်လု့ိ သိရတယ်။

နိုင်ငံတော်က ဘဏ္ဍာရေးကယ်တင်မှုများကို ထပ်မံဆောင်ရွက်ရမည့် အခြေအနေမျိုးကို ရှောင်ရှားရန်အ တွက် ၂၀၁၉ ခုနှစ်တွင် ဗြိတိသျှဘဏ်များက အဓိကပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက် သင့်ကြောင်း အစိုးရက ခန့်အပ်ထား သည့် ကော်မရှင်က စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ

Pages