အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

ပြီးခဲ့တဲ့ရက်သတ္တပတ်က ထိုင်းဆန်ဖြူဈေးနှုန်းက တစ်တန်ကို ကန်ဒေါ်လာ ၆၁၅ ကို စံချိန်တင် ရောက်ရှိခဲ့ကြောင်း သိရှိရတယ်။ ဒါပေမဲ့ ဆန်သိုလှောင်ထားမှုနဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ ဆန်ထွက်နှုန်း ကောင်းမွန်မယ်လိ့ု မျှော်မှန်းထားရာ ဆန်ဈေးနှုန်းတွေ သက်သာပြေလျော့သွားနိုင်တယ်။
ဒါ့ပြင်အာရှရဲ့ ဆန်အဓိကဝယ်ယူသူဖြစ်တဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတို့က သြဂုတ်လက ထိုင်း ဆန်ဖြူဈေးနှုန်း ၁၀ ရာခိုင် နှုန်းတက်သွားမှုကြောင့် ဝယ်ယူမှုနှောင့်နှေးနိုင်ကြောင်း

ဇူလိုင်လနဲ့ သြဂုတ်လတို့မှာ ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းတွေ ပျမ်းမျှအနေနဲ့ တည်ငြိမ်ခဲ့ပေမဲ့လည်း ပုံမှန်ထက်ပိုတဲ့ ဝယ်လိုအားကြောင့် စားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်မားနိုင်ကြောင်း ကမ္ဘာ့ကုလ     သမဂ္ဂ FAO ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ပြီးခဲ့တဲ့လမှာ FAO ရဲ့ စားသောက်ကုန်ဈေးနှုန်းအညွှန်းကိန်းက ပျမ်းမျှ ၂၃၁ ရှိခဲ့ကြောင်းနဲ့ လွန်ခဲ့တဲ့ ဇူလိုင်က ၂၃၂ ရှိခဲ့ ကြောင်း

ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်းတင်ပို့ဈေးဟာ ယခင်လက တစ်ကီလိုဒေါင် ၄၀၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၉၂) ရှိခဲ့ရာမှ လက်ရှိ ကာလမှ ဒေါင် ၁၄၀၀၀၀ (ကန်ဒေါ်လာ ၆ ဒသမ ၇၂)ထိ စံချိန်တင်မြင့်တက်တယ်လို့ ဗီယက်နမ် ငရုတ်ကောင်း အသင်း VPA  က ပြောကြားပါတယ်။ ယခုအချိန်ကနေ နှစ်ကုန်ပိုင်းအထိ ဆက်လက် မြင့်တက်အုံးမယ်လို့လည်း လုပ်ငန်းရှင်များက ပြောကြား ပါတယ်။

၂၀၁၀ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း ကမ္ဘာ့ကော်ဖီတင်ပို့မှုဝင်ငွေက ၂၄ ရာခိုင်နှုန်း မြင့်မားကာ ကန်ဒေါ်လာ ၁၆ ဒသမ ၅ ဘီလီယံ ရရှိခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကော်ဖီအသင်း (ICO)  က ပြောကြားတယ်။ ဝင်ငွေ တိုးတက်သလို ကော်ဖီတင်ပို့မှု ပမာဏ လည်း တိုးတက်ကာ ၆၀ ကီလို အလေးချိန်ရှိ ကော်ဖီအိတ်ပေါင်း ၉၆ ဒသမ ၇ သန်း တင်ပို့ခဲ့ရတယ်လု့ိ သိရတယ်။

နိုင်ငံတော်က ဘဏ္ဍာရေးကယ်တင်မှုများကို ထပ်မံဆောင်ရွက်ရမည့် အခြေအနေမျိုးကို ရှောင်ရှားရန်အ တွက် ၂၀၁၉ ခုနှစ်တွင် ဗြိတိသျှဘဏ်များက အဓိကပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက် သင့်ကြောင်း အစိုးရက ခန့်အပ်ထား သည့် ကော်မရှင်က စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း တည်ငြိမ်ခဲ့ပေမယ့် နှံစားသီးနှံဝယ်လိုအား ပိုမိုခြင်းကတော့ ဈေးနှုန်း မြင့်တက်မှုကို ထိန်းထားတယ်လို့ FAO ရဲ့ စက်တင်ဘာလ ၉ ရက်နေ့နောက်ဆုံးထုတ်ပြန် တဲ့ စာရင်းတွေအရ သိရပါတယ်။ FAO စားနပ်ရိက္ခာဈေးနှုန်း ပျမ်းမျှညွှန်းကိန်းဟာ ဇူလိုင်လအတွင်း ၂၃၂ မှတ် ရှိခဲ့ပြီး၊ လွန်ခဲ့တဲ့လအတွင်း ၂၃၁ မှတ်ရှိတယ်လို့ သိရပါတယ်။ အဲဒီညွှန်းကိန်းဟာ ၂၀၁၀ သြဂုတ်လထက် ၂၆ ရာခိုင်နှုန်း မြင့်တက်ပေမယ့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း မြင့်တက်ခဲ့တဲ့ ၂၃၈ မှတ် အောက် ရမှတ်လျော့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အဆင့်ကုန်ကြမ်းပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းရဲ့ နှစ်စဉ်ထုတ်လုပ်မှုကို ၂၀၁၅ ခုနှစ်မှာ ယွမ် ၂ ထရီလီယံ (ဒေါ်လာ ၃၁၃ ဘီလီယံ)ဖို့အထိ ထုတ်လုပ်နိုင်အောင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့် သွားမဲ့အပြင် အခွန်ဆွဲဆောင်မှု များကိုလည်း ပေးသွားမှာဖြစ်ကြောင်း စက်မှုနဲ့ သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) မှ အရာရှိ တစ်ဦး က ပြောပါတယ်။ ဒီရည်မှန်းချက်က တရုတ်နိုင်ငံ ၂၀၁၀ ပြည့် စုစုပေါင်းပြည် တွင်းထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်း ရှိပါတယ်။

လောလောဆယ် ဒေါ်လာနှင့်ဖလှယ်ရာတွင် ယန်းငွေတန်ဖိုး မြင့်တက်နေတဲ့အတွက် ဂျပန်စီးပွားရေး လုပ်ငန်းတွေဟာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကို ဗီယက်နမ်နိုင်ငံမှာရှိတဲ့ လက်လီနဲ့ဖြန့်ဖြူးရေးဈေးကွက်တွေ ကိုပြောင်းရွှေ့ပေးလျက်ရှိပါတယ်။ ဗီယက်နမ်မှာရှိတဲ့ ဂျပန်ပိုင်ဆိုင်တဲ့ကုန်ထုတ်လုပ်ရေး စက်ရုံတွေပင်လျင် ပိတ်လိုက်ရပြီ း အလားအလာရှိတဲ့ ဗီယက်နမ်နိုင်ငံထဲက လက်လီဈေးကွက်ထဲကို ပြောင်းပြီးရင်းနှီးမြှုပ်နှံလာတယ်လို့ လေ့လာဆန်စစ်သူတွေက ပြောပါတယ်။

အဓိကအားဖြင့် လောင်စာဆီဈေးမြင့်တက်တာနဲ့ ကမ္ဘာ့စီးပွားရေးမရေရာမှုကြောင့် တောင်ကိုရီးယားမှာ ကားငယ်များ ရောင်းအားက သြဂုတ်မှာ လအလိုက်တိုးတက်နှုန်း စံချိန်တင်ခဲ့တယ်လို့ လုပ်ငန်းဆိုင်ရာ သတင်းရပ် ကွက်က စက်တင်ဘာ ၅ ရက်ကပြောပါတယ်။ ကားအငယ်တွေရဲ့ ရောင်းချမှုမှာ သြဂုတ်လက စင်းရေ ၃၈၆၈၉ စင်းရှိခဲ့တဲ့အတွက်  စုစုပေါင်းရောင်ချခဲ့တဲ့ယာဉ်စီးရေရဲ့၅၃ ဒသမ ၅ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့တယ်လို့ သတင်းရပ်ကွက်က ပြောပါတယ်။

နျူကလီးယား အကျပ်အတည်းဖြစ်ပြီးနောက်ပိုင်းမှာ ဂျပန်နိုင်ငံကသန့်ရှင်းတဲ့ စွမ်းအင်သစ်ဖွံ့ဖြိုးတိုးတက် ရေးကို တိုးမြှင့်ဆောင်ရွက် သွားမယ်လို့ နိုင်ငံခြားဝန်ကြီးသစ် ကိုအိချီရို ဂင်ဘာကစက်တင်ဘာ ၅ ရက်ကပြောပါတယ်။
''ယခုချိန်ကစပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့ နည်းပညာကို ဆောင်ရွက်သွားပါမယ်'' လို့ဂင်ဘာ ကပြောပါတယ်။ သူပြောဆိုချက်အရ ယခင်ကဂျပန်နိုင်ငံရဲ့ ပို့ကုန်တစ်ခုဖြစ်တဲ့ နျူကလီးယား စွမ်းအင်ကနေပြောင်း လဲတော့မယ့် လက္ခဏာ ကို ပြသနေပါတယ်။အသစ်ဆောင်ရွက်မဲ့လုပ်ငန်းတွေထဲမှာ ခေတ်မီတဲ့နေစွမ်းအင် ဘက်ထရီတွေထုတ်လုပ်ဖို့ ပါဝင်ပြီး နောင်အနာဂတ်မှာ နျူကလီးယားဓါတ်ပေါင်းဖိုတွေနေရာမှာ အစားထိုးသွားနိုင်မှာဖြစ်တယ်။

Pages