
ရာသီဥတု ဆိုးဝါးသဖြင့်  ကုလားပဲအထွက်လျော့ကျမှုကြောင့် ဧပြီလမှစပြီး၊ ကုလားပဲဈေးနှုန်း ၇ ရာခိုင်နှုန်း ခန့် မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ အဓိကစိုက်ပျိုးတဲ့အင်ဒရာပရာဒေ့ရ်ှ၊ကာနာတာကာ၊ မဟာရပ်ရှတရာနဲ့ ရာဂျက်စသန် တို့မှာ ရာသီဥတုအခြေအနေ ဆိုးဝါးတာကြောင့်

ဖေဖော်ဝါရီလဆန်းပိုင်း အာရှဆန်ဈေးကွက်မှာ ထိုင်း ဆန်နဲ့ ဗီယက်နမ်ဆန်ဈေးနှုန်းတွေ တစ်တန်ကို ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအကြားကျဆင်းလာတယ်။ အိန္ဒိယဆန်ကို ပြည်ပ မှ ဝယ်လိုအားပိုများနေခြင်းကြောင့် ထိုင်းဆန်နဲ့ ဗီယက်နမ် ဆန်ကို ဝယ်လိုအားလျော့ကျလာကာ ဈေးနှုန်းတွေလည်းအားနည်းလာတယ်။ ဗီယက်နမ်က ၎င်းရဲ့ ပြည်ပတင်ပို့တဲ့ဈေးနှုန်းတွေကို လျှော့ချပေးခဲ့ရာ

ရာသီဥတုပြောင်းလဲမှု၊လယ်ယာမြေကန့်သတ်မှုနဲ့ လူဦး ရေတိုးပွားမှုများစတဲ့အခက်အခဲများနဲ့ အဓိကစပါးထုတ်လုပ်မှု မှာ ရင်ဆိုင်နေရတာကြောင့် စိုက်ပျိုးရေးကဏ္ဍက ဆန်စပါး တန်ဖိုးတက်ဖို့ ရည်ရွယ်ထားကြောင်း၊ စိုက်ပျိုးရေးနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဌာနခေါင်းဆောင် ငုယင်ထရီငေါင်က ပြောကြားပါတယ်။ ဒါ့ကြောင့် အရည် အသွေးမြှင့်တင်ထားတဲ့ ဆန်တန်ချိန် ၆ ဒသမ ၈ သန်းတင်ပို့ဖို့လည်း ဌာနမှ သတ်မှတ်ထားတယ်လို့

မလေးရှားရင်းဂစ်တန်ဖိုး ခိုင်မာလာခြင်းက ဆီသန့်စင်သူများအတွက် ပြုပြင်ထုတ်လုပ်ဖို့ ကုန်ကြမ်းဝယ်ယူရာမှာ ဈေးနှုန်းကြီးမြင့်မှုတွေဖြစ်လာတာကြောင့် ဝယ်လိုအားနှေးကွေးလာခဲ့ကာ စားအုန်းဆီကြမ်းဈေးကလည်း သီတင်း ၆ ပတ်အတွင်း အနိမ့်ဆုံးဈေးနီးပါး ကျဆင်းလာခဲ့ပါတယ်။ ယခုနှစ်အတွင်း စားအုန်းဆီဈေးကွက်က ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းနေဆဲဖြစ်တယ်လို့

ဂျပန်နိုင်ငံမှာ ဆူနာမီကြုံတွေ့ခဲ့တာကြောင့် စွမ်းအင်ပြတ်လပ်မှုကို ထေမိစေဖို့အတွက် ဈေးကြီးတဲ့စွမ်းအင်ကို တင်သွင်းခဲ့ မှုနဲ့ ကုန်ထုတ်လုပ်သူတွေက ဂျပန်ယန်းငွေတန်ဖိုးတက်မှုကြောင့် ဆုံးရှုံးမှုကို ရှောင်ရှားနိုင်စေဖို့အတွက် နိုင်ငံရပ်ခြားကို ကုန်ထုတ်လုပ်မှုရွှေ့ပြောင်းမှုကြောင့် ၁၉၈၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကုန်သွယ်ရေးလိုငွေပြခဲ့ကြောင်း

၂၀၁၁ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ ကျေးလက်နဲ့ မြို့ပြနေထိုင်သူတွေအကြား ဝင်ငွေကွာဟမှုခြားနားချက် ပိုမိုကျဉ်းမြောင်း လာခဲ့တယ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား စာရင်းအင်းဗျူရို (NBS) က ထုတ်ပြန်လိုက်တယ်။ စာရင်းအရမြိုု့ပြနဲ့ ကျေးလက်နေလူတွေရဲ့ ဝင်ငွေအချိုးမှာ

ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဌာနက ဇန်နဝါရီလ (၁၈) ရက်နေ့က ထိုင်း ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အရည်အသွေးကို သေချာစေဖို့အတွက် ထိုင်းတံဆိပ် ၊ Thailand Brand   အစား ထိုင်းယုံကြည်မှု အမှတ်အသား ၊Thailand Trust Mark? (TTM)  အစားထိုးသွားမှာဖြစ်ကြောင်း

ယခုနှစ်မှာ ရာသီဥတုအခြေအနေမကောင်းတာကြောင့် ဗီယက်နမ်ရဲ့ ငရုတ်ကောင်းထွက်ရှိမှု ကျဆင်း နိုင်ကြောင်း ဗီယက်နမ်လယ်ယာစိုက်ပျိုးရေး နဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအရ သိရှိရပါတယ်။ ယခုနှစ်အတွက် ငရုတ်ကောင်းတင်ပို့မှုတန်ချိန် ၈၆ယ၀၀၀ တန်ဖိုးအနေနဲ့ ကန်ဒေါ်လာ ၆၁၉ သန်းရရှိနိုင်ကြောင်း

လွန်ခဲ့တဲ့ ၅ နှစ်ခန့်က ပဲမျိုးစုံပြည်ပတင်ပို့မှု ပိတ်ပင်ထားခြင်းကို ပြန်လည်တင်ပို့ခွင့်ပြုဖို့ အိန္ဒိယပဲမျိုးစုံနဲ့သီးနှံ အသင်း (IPGA) မှ တောင်းဆိုထားကြောင်း အသင်းဒုတိယဥက္ကဌ Bimal Kothari မှ ပြောကြားပါတယ်။ အိန္ဒိယဟာ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ်သူလည်းဖြစ်သလို စားသုံးမှုနဲ့တင်သွင်းမှုလည်း အကြီးမားဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရကပြည်ပ တင်ပို့မှု ပိတ်ထားတဲ့ အတွက် ပြည်ပတင်ပို့ခွင့်မရှိဘူးလို့

ဇန်နဝါရီလအတွင်း အာရှရော်ဘာဈေးနှုန်းများ တဖြည်းဖြည်း ဦးမော့လာခဲ့ရာ ဇန်နဝါရီ ၂၄ ရက်မှာ ထိုင်းရော်ဘာ RSS-1(မှိုင်းခံရော်ဘာအဆင့်-၁)ဈေးနှုန်းက တစ်တန်ကို ၃၉၁၇ ဒေါ်လာအထိ မြင့်မားသွားတယ်။ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅)ကလည်း တစ်တန်ကို ၃၈၅၆ ဒသမ ၅၀ ဒေါ်လာ အထိ ရောက်ရှိလာခဲ့ရာ

Pages