နောက်ဆုံးရ သတင်း

၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ ၀၉: ၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လုပ်ငန်း ကော်မတီများ ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယသမ္မတ(၁) တက်ရောက်အဖွင့်အမှာစကားပြောကြား

၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ ၁၃:၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် World Bank Group မှ ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံ

  • သြင်္ကန်မတိုင်မီ လိုင်စင်များနှောင့်နှေးကြန့်ကြာမှုများ မရှိစေရန်အတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှစ၍ ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲတွင် ဝန်ထမ်းအင်အား ၁၅ ဦးထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ယင်းသို့ဆောင်ရွက်ရာတွင် လိုင်စင်ကြေး ပေးသွင်းခြင်းအား ယခင် ၁၅ း ၀၀ နာရီအစား ၁၆ း ၃၀ နာရီသို့ တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လိုင်စင်ထုတ်ပေးခြင်းအား ည ၂၁ း၀၀ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • သြင်္ကန်တွင်းရုံးပိတ်ရက်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန ္တလေး၊ ကျိုင်းတုံ၊ မြစ်ကြီးနား ပို့ကုန်သွင်းကုန်ရုံးများတွင် လိုင်စင်ထုတ်ပေး ခြင်းအား ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။
  • ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၈ ရက် (နှစ်ဆန်း ၂ ရက်) နေ့မှစ၍ ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးခြင်းအား ပုံမှန်အတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
  • နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်မှု လွယ်ကူစေရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် ကုန်သွယ်မှု လုပ်ငန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

                                                                                                                                                  

                                                                                                                                                                        ကုန်သွယ်ရေးဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၁၃၇၈ ခုနှစ် မြန်မာနှစ်သစ်ကူးအတာသြင်္ကန် အကြို စတုဒီသာကျွေးမွေးဧည့်ခံပွဲ ကျင်းပ

            ကုန်သွယ်ရေးဦးစီးဌာန၊ နေပြည်တော်(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်ကြီးနားနှင့် ကျိုင်းတုံပို့ကုန်သွင်းကုန်ရုံးတို့တွင် ပို့ကုန် သွင်းကုန်လိုင်စင်ထုတ်ပေးမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ထားသော ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှ ၁၇ ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှု မပြုဘဲ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့မှစ၍ ပို့ကုန်သွင်းကုန်လိုင်စင်အပါအဝင် ရုံးလုပ်ငန်းကိစ္စများ ပုံမှန်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းအသိပေးအပ်ပါ သည်။

            ကုန်သွယ်မှုလွယ်ကူလျှင်မြန် ချောမွေ့စေရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနမှ နယ်စပ်ကုန်သွယ်ရေးစခန်းအသီးသီးတွင် ကုန်သွယ်မှုလုပ်ငန်းများအား သြင်္ကန် ကာလအတွင်း ရုံးပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

           

                                                                                                                                                             ကုန်သွယ်ရေးဦးစီးဌာန

Pages

Subscribe to နောက်ဆုံးရ သတင်း