နောက်ဆုံးရ သတင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် ငွေကြေးပေးသွင်းမှုများကို မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ချိတ်ဆက်၍ e-Payment စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာမှ ယခုအခါ "MPU (Myanmar Payment Union) စနစ်" ဖြင့် ချိတ်ဆက်ထားသည့် ဘဏ်အားလုံးမှ ပေးချေနိုင်သည့်စနစ်ဖြင့် ရုံးချုပ်၊ နယ်စပ်ကုန်သွယ်ရေးဇုန်/စခန်းများတွင် အသုံးပြုနိုင်ရေးနှင့် Fully Online လိုင်စင်စနစ်ဖြင့် လျှောက်ထားသည့် ပို့ကုန်သွင်းကုန် ကုန်ပစ္စည်းအမယ်များ တိုးချဲ့ထုတ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းမည့် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့ UMFCCI တွင် ၂၀၁၇ ခုနှစ်၊ မေလ (၂၂) ရက်၊ (တနင်္လာနေ့)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပါသည်.

    ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည့် အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းတို့အား ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားနိုင်ရန် အတွက်  IE Code များကို သတ်မှတ်ထုတ်ပေးလျှက်ရှိပါသည်။
    ထိုသို့ထုတ်ပေးနိုင်ရေးအတွက် အစိုးရဌာနများ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းတို့အနေဖြင့် အောက်ဖော်ပြပါ စာရွက်စာတမ်း/ အထောက်အထားများဖြင့် တင်ပြလျှောက်ထားရန် ဖြစ်ပါသည်-
    (က)    အစိုးရဌာနများ (G)
              (၁)    ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ကုန်သွယ်မှုမူဝါဒဌာနခွဲသို့ လိပ်မူ၍ Code No သတ်မှတ်ပေးရန် အကြောင်းကြားစာ (သက်ဆိုင်ရာဌာန၏

                       တင်ပြစာပူးတွဲလျှက်)
              (၂)    ပစ္စည်းများ တင်သွင်း/တင်ပို့မည့် Invoice၊
                      မှတ်ချက်။ သက်ဆိုင်ရာဌာနမှ တာဝန်ပေးအပ်သော  ဝန်ထမ်းတစ်ဦးကိုယ်တိုင်  ဝန်ထမ်းကတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/

                      မိတ္တူဖြင့် လာရောက်လျှောက်ထားရန်၊
    (ခ)    အဖွဲ့အစည်းများ (O)
            (၁)    ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ  ကုန်သွယ်မှုမူဝါဒဌာနခွဲသို့ လိပ်မူ၍ Code No     သတ်မှတ်ပေးရန်   အကြောင်းကြားစာ   (သက်ဆိုင်ရာ

                     အသင်းအဖွဲ့၏ တင်ပြစာပူးတွဲလျှက်)
            (၂)    ပြည်ထဲရေးဝန်ကြီးဌာန၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုဌာန၏ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်လက်မှတ်
            (၃)    ပစ္စည်းများ တင်သွင်း/တင်ပို့မည့် Invoice၊
                    မှတ်ချက် ။      သက်ဆိုင်ရာအသင်းအဖွဲ့မှ တာဝန်ပေးအပ်သောကိုယ်စားလှယ်တစ်ဦးကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ် မူရင်း/မိတ္တူဖြင့်

                    လာရောက်လျှောက်ထားရန်၊
    (ဂ)    လူပုဂ္ဂိုလ်တစ်ဦးချင်း (P)
            (၁)    ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ကုန်သွယ်မှုမူဝါဒဌာနခွဲသို့ လိပ်မူ၍ Code No သတ်မှတ်ပေးရန် အကြောင်းကြားစာ    (သက်ဆိုင်ရာ

                    သံဃာတော်/လူပုဂ္ဂိုလ်၏ တင်ပြစာပူးတွဲလျှက်)
            (၂)    သံဃာတော်များအတွက်   သာသနာရေးဝန်ကြီးဌာန ထောက်ခံချက်နှင့် သာသနာဝင်စိစစ်ရေးကတ် မိတ္တူ/လူပုဂ္ဂိုလ်များအတွက် နိုင်ငံသား

                     စိစစ်ရေးကတ်မိတ္တူ
            (၃)    ပစ္စည်းများ တင်သွင်း/တင်ပို့မည့် Invoice၊
                    မှတ်ချက်။ လာရောက်လျှောက်ထားသူသည်  ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်  နိုင်ငံသားစိစစ်ရေးကတ်   မူရင်း/မိတ္တူဖြင့်

                    လာရောက်လျှောက်ထားရန်၊

                                                                                                                                                      ကုန်သွယ်ရေးဦးစီးဌာန
                                                                                                                                                        (  ၁၇ - ၅ -၂၀၁၇ )

        

 

၂၀၁၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ၁၆: ၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်သည် World Bank Group မှ Trade & Competitiveness ၏ Private Sector Specialist ဖြစ်သူ Mr. Jose Ricardo Silva အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၂) ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ၁၅:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် စင်ကာပူမြို့၊ ပြင်သစ်သံရုံး၏ အာဆီယံနိုင်ငံများဆိုင်ရာ Financial Counsellor Mr. Jerome DESTOMBES ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် World Bank Group မှ Trade & Competitiveness ၏ Senior Economist ဖြစ်သူ Mr. Sjamsu Rahardja ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ ဧည့်ခန်းမ (၁) ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း