နောက်ဆုံးရ သတင်း

၂၀၁၇ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ဒေါ်မျိုးမျိုးထိုက်၊ ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ “၁၅ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေး ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (လာအိုနိုင်ငံ)” ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ဒေါ်ဆုမြတ်လှိုင်၊ ဦးစီးအရာရှိ၊ စားသုံးသူရေးရာဦးစီးဌာနမှ “ ထိုင်းနိုင်ငံသို့ စားသုံးသူအကာအကွယ် ပေးရေးဆိုင်ရာ လေ့လာရေးခရီးစဉ် ” ခေါင်းစဉ်ဖြင့် လည်းကောင်းဆွေးနွေးခဲ့ကြပြီး ဦးမြင့်လွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လ ၆ရက်နေ့နှင့် ၇ ရက်နေ့များတွင် နေပြည်တော် MICC 2 ၌ ကျင်းပပြုလုပ်လျက်ရှိသော Myanmar Investment Forum 2017 သို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးမှ “Myanmar Economic and Trade Policy” နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အမြဲတမ်းအတွင်းဝန်၊ ဦးတိုးအောင်မြင့်မှ “Development in the Promotion of Private Sector” ခေါင်းစဉ်ဖြင့် ရှင်းလင်း

၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ ၁၅:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Myanmar Investment Forum 2017 သို့ တက်ရောက်ခဲ့သည့် Myanmar Investors Development Association မှ ဦးခင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ် (၃၀) ဦးအား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် Italian-Thai Development- ITD မှ ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

၂၀၁၇ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့၊ ၁၆:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် SUMITOMO Corporation မှ ဦးဇော်ဝင်းရှိန် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ

Pages

Subscribe to နောက်ဆုံးရ သတင်း