အသိပေးကြေညာခြင်း

Mon, 04/10/2017 - 07:16 -- dotadmin
  • သြင်္ကန်မတိုင်မီ လိုင်စင်များနှောင့်နှေးကြန့်ကြာမှုများ မရှိစေရန်အတွက် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှစ၍ ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲတွင် ဝန်ထမ်းအင်အား ၁၅ ဦးထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ယင်းသို့ဆောင်ရွက်ရာတွင် လိုင်စင်ကြေး ပေးသွင်းခြင်းအား ယခင် ၁၅ း ၀၀ နာရီအစား ၁၆ း ၃၀ နာရီသို့ တိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ လိုင်စင်ထုတ်ပေးခြင်းအား ည ၂၁ း၀၀ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • သြင်္ကန်တွင်းရုံးပိတ်ရက်အဖြစ် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန ္တလေး၊ ကျိုင်းတုံ၊ မြစ်ကြီးနား ပို့ကုန်သွင်းကုန်ရုံးများတွင် လိုင်စင်ထုတ်ပေး ခြင်းအား ရပ်ဆိုင်းထားမည်ဖြစ်ပါသည်။
  • ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၈ ရက် (နှစ်ဆန်း ၂ ရက်) နေ့မှစ၍ ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးခြင်းအား ပုံမှန်အတိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
  • နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်မှု လွယ်ကူစေရေးနှင့် လျင်မြန်ချောမွေ့စေရေးအတွက် ကုန်သွယ်မှု လုပ်ငန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

                                                                                                                                                  

                                                                                                                                                                        ကုန်သွယ်ရေးဦးစီးဌာန

နောက်ဆုံးရသတင်းများ

Pages